Connect with us

China

ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် ရောင်းအားမြင့်တက်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့ အသိဉာဏ်နှင့်ချိတ်ဆက်ထားသောမော်တော်ယာဉ်များကွန်ဖရင့်တွင် ခင်းကျင်းပြသထားသော စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်သော တိုးတက်မှုအရှိန်အဟုန် ဆက်လက်ရှိနေသဖြင့် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) ရောင်းအားသည် လွန်ခဲ့သည့် သုံးလပတ်ကာလ သုံးခုအတွင်း မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က တရုတ် မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ၏ အချက်အလက်များ၌ ဖော်ပြထားသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလအတွင်း NEV ရောင်းအားမှာ ယူနစ် ၂.၁၆ သန်းခန့်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၉၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း CAAM အချက်အလက်အရ သိရသည်။

စက်တင်ဘာလ တစ်လတည်းတွင်ပင် NEV ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ ယူနစ် ၃၅၃,၀၀၀ ခန့်နှင့် ၃၅၇,၀၀၀ ခန့်ရှိခဲ့ကြောင်း၊ ယင်းပမာဏနှစ်ခုလုံးမှာ ပြီးခဲ့သည့်နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း CAAM အချက်အလက်၌ ဖော်ပြထားသည်။

စက်တင်ဘာလတွင် NEVs ထုတ်လုပ်မှုနှင့် ရောင်းချမှု နှစ်ခုလုံးမှာလည်း လစဉ်စံချိန်သစ်တင်ခဲ့ကြောင်း အသင်းက ပြောကြားခဲ့သည်။

NEV ဈေးကွက်ဝင်ရောက်မှုနှုန်းမှာ ပြီးခဲ့သောလက ၁၇.၃ ရာခိုင်နှုန်းတွင် ရှိနေခဲ့သလို NEV ခရီးသည်တင်မော်တော်ယာဉ်များ ဈေးကွက်ဝင်ရောက်မှုနှုန်းမှာ ၁၉.၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း CAAM အရ သိရသည်။ (Xinhua)

————————————
(English Version)
China’s NEV sales surge in first nine months
2021-10-12 17:07:08
BEIJING, Oct. 12 (Xinhua) — Sales of new energy vehicles (NEVs) in China surged in the past three quarters of the year as the country’s economy sustained stable growth momentum, data from the China Association of Automobile Manufacturers (CAAM) showed Tuesday.
In the January-September period, NEV sales amounted to about 2.16 million units, up 190 percent year on year, the CAAM data showed.
In September alone, NEV production and sales reached approximately 353,000 and 357,000 units, respectively, both logging a year-on-year growth of 150 percent, the CAAM data showed.
The output and sales of NEVs in September both set new monthly records, the association said.
The NEV market penetration rate remained at 17.3 percent last month, with the penetration rate of NEV passenger vehicles reaching 19.5 percent, said the CAAM. Enditem

The photo shows a new energy vehicle is on display at World Intelligent Connected Vehicles Conference 2019 in Beijing, capital of China, Oct. 22, 2019. (Xinhua/Ren Chao)