Connect with us

Media

ပေကျင်းမြို့၏ ပထမဆုံး မောင်းသူမဲ့ယာဉ်များ စီးပွားဖြစ်စမ်းသပ်ဝန်ဆောင်မှုစတင်

ပေကျင်း၊ ဒီဇင်ဘာာ ၁၃ ရက် (ဆင်ဟွာ)

ပေကျင်းမြို့တွင် ပထမဆုံး မောင်းသူမဲ့ယာဉ်များ စီးပွားဖြစ်စမ်းသပ်ဝန်ဆောင်မှုစတင်ခဲ့ ရာ L4 အမျိုးအစား မောင်းသူမဲ့တက္ကစီများသည် ပေကျင်းမြို့ရှိလမ်းမများပေါ်တွင် စတင်ပြေးဆွဲလျက်ရှိသည်။

တရုတ်နိုင်ငံ၏  နည်းပညာလုပ်ငန်းစုကြီး Baidu  နှင့် Pony.ai  တို့သည် စမ်းသပ်ဝန်ဆောင်မှုအတွက် ခွင့်ပြုချက်ရရှိခဲ့သည့် ပထမဆုံးကုမ္ပဏီများဖြစ်ကြသည်။

အကျယ်အဝန်း စတုရန်းကီလိုမီတာပေါင်း ၆၀ ကျော်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒေသတွင် မောင်းသူမဲ့တက္ကစီအစင်းပေါင်း ၁၀၀ ကျော်ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိသည်။

Baidu’s autonomous driving commercial operation မှ အကြီးအကဲဖြစ်သူ Wang Shengnan က  ” နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး စီးပွားဖြစ်ဝန်ဆောင်မှုပေးနေတဲ့ မောင်းသူမဲ့ ယာဉ်တွေကို အသုံးပြုသူအရေအတွက် များလာတဲ့အပေါ် ကျွန်မတို့ သိပ်ပြီးဝမ်းသာပါတယ်၊ စီးပွားဖြစ်မောင်းနှင်မှုကနေ မောင်းသူမဲ့ယာဉ်ဝန်ဆောင်မှုအကြောင်းကို  သိလာတဲ့ လူတွေတဖြည်းဖြည်းများလာခဲ့ပါတယ်၊ တုန့်ပြန်ချက်တွေကလည်းသိပ်ကောင်းပါတယ် ၊ နောက်ပြီး ဒီဝန်ဆောင်မှုကိုလက်ခံတဲ့ ပမာဏဟာ ၉၄ ရာခိုင်နှုန်းလောက်ရှိပါတယ်” ဟုဆိုသည်။

စမ်းသပ်ကာလအတွင်း  ဘေးကင်းစိတ်ချရမှုရှိစေရန် ဝန်ထမ်းတစ်ဦးစီက ယာဉ်ပေါ်တွင်လိုက်ပါပြီးဝန်ဆောင်မှုပေးသည်။

ဝန်ဆောင်မှုရယူမည့် ခရီးသည်များအား ကျသင့်ငွေနှင့်ငွေပေးချေရမည့် နည်းလမ်းတို့ကို ကြိုတင်အသိပေးထားကြောင်းသိရသည်။

Wang Shengnan က “မောင်းသူမဲ့ယာဉ်ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခ ကောက်ခံရတဲ့အကြောင်းရင်းကတော့ သတ်မှတ်ထားတဲ့အခြေအနေအတိုင်းရရှိစေဖို့နဲ့ ကျွန်မတို့ရဲ့နည်းပညာများကိုပိုမိုကောင်းမွန်လာစေဖို့နဲ့

နောက်ပြီး ခရီးသည်တွေရဲ့ အတွေ့အကြုံတွေကို ပိုမို တိုးတက်လာစေဖို့ အဓိကရည်ရွယ်ထားပါတယ်၊

ဒါကြောင့် ကျွန်မတို့ဟာ စီးပွားဖြစ်လည်ပတ်ဖို့အတွက် အခုထိ ယာဉ်ဘယ်နှစ်စင်းလောက်ထားမယ်ဆိုပြီး မဆုံးဖြတ်ရသေးပါဘူး။ကျွန်မတို့ဟာ သုံးစွဲသူတွေရဲ့ တုန့်ပြန်ချက်တွေ အကြံဉာဏ်တွေအပေါ်မူတည်ပြီး ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေ နဲ့ ထုတ်ကုန်တွေရဲ့ ဒီဇိုင်းပိုင်းတွေကို ထပ်မံအဆင့်မြှင့်ဖို့ အားထုတ်လုပ်ဆောင်သွားမှာပါ။ဒါမှလည်း ခရီးသည်တွေကအနာဂတ်မှာ ကျွန်မတို့ရဲ့ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေစွာနဲ့ မကြာခဏ အသုံးပြုနိုင်မှာဖြစ်ပါတယ်”   ဟုဆိုသည်။

Internet Economy Research ၏ China Center မှ Deputy Dean ဖြစ်သူ Ouyang Rihui  က  ” မောင်းသူမဲ့ ယာဉ်ကိုစီးပွားဖြစ်ကျယ်ပြန့်စွာဝန်ဆောင်မှုပေးနိုင်ခြင်းဟာ နည်းပညာကောင်းမွန်မှုအပေါ်မှာမူတည်နေပါတယ် နောက်ပြီး ကျွန်တော်တို့ ကိုယ်ပိုင်တီထွင် ကြံဆမှုတွေ အများကြီးထပ်လုပ်ဖို့လိုပါသေးတယ်

နောက်ပြီး မောင်းသူမဲ့ယာဉ်မောင်းနှင်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဟာ မော်တော်ယာဉ်နှင့် လမ်းကြောင်းအကြား သဟဇာတဖြစ်မှုမှာပါဝင်နေပြီး အခြေခံအဆောက်အဦဆိုင်ရာ အခြေအနေတစ်ခုကိုလည်းဖော်ပြရာရောက်နေပါတယ် ၊ဒါ့အပြင် အဲဒါဟာ စက်မှုကဏ္ဍကိုဦးတည်တဲ့နေရာမှာ သုံးစွဲသူတွေရဲ့ အမြင်တွေပေါ်မှာလည်းမှီတည်နေပါတယ် ၊ အဲဒီဝန်ဆောင်မှုက  သုံးစွဲသူတွေအတွက် နည်းပညာသစ်တစ်ခုကိုလက်ခံဖို့အချိန် တစ်ခုကတော့လိုအပ်နေဆဲဖြစ်ပါတယ် အထူးသဖြင့် သူတို့ရဲ့ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုနှင့် သက်ဆိုင်လာတဲ့အခါမှာပေါ့ ” ဟုဆိုသည်။(Xinhua)

……………………………..

(English Version)

GLOBALink | Beijing’s first commercial trial of self-driving vehicles

BEIJING, Dec. 9 (Xinhua) — L4 autonomous taxis have hit roads in Beijing since the city launched its first commercial trial of self-driving vehicles. More than 100 autonomous vehicles are put into service in an economic development zone covering 60 square km. Produced by Xinhua Global Service