Connect with us

Economy

ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတွင် ဘီလီယံနှင့်ချီတန်ဖိုးရှိသော စီမံကိန်းများ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခိုအား ၂၀၂၁ ခုနှစ် မေ ၄ ရက်က ဝေဟင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၃ ဘီလီယံ (အမေရိကန်ဒေါ်ဘာ ၂ ဘီလီယံခန့်) တန်ဖိုးရှိသော စီမံကိန်း ၃၆ ခုကို ဧပြီ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။အဆိုပါ စီမံကိန်းများတွင် ခေတ်မီထောက်ပံ့သယ်ပို့ရေး၊ ဇီဝဆေးဝါး၊ နောက်ဆုံးပေါ်ကုန်ထုတ်လုပ်မှု၊ ဒီဂျစ်တယ်စီးပွားရေး၊ ကမ်းလွန်ကုန်သွယ်ရေး၊ လေကြောင်း စီးပွားရေး၊ ခေတ်မီငွေကြေးနှင့် နည်းပညာမြင့် စိုက်ပျိုးရေး စသည်တို့ ပါဝင်သည်။ စီမံကိန်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် မြို့တော် ဟိုင်ခိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းစီမံကိန်းမျာအကြား ဟိုင်ခိုမြို့၏ အဓိကစက်မှုလုပ်ငန်း မောင်းနှင်အားများအနက် တစ်ခုဖြစ်သော ဇီဝဆေးဝါးလုပ်ငန်းနှင့် ဆက်စပ်သောစီမံကိန်း ၂၁ ခုပါဝင်ကြောင်း၊ ယမန်နှစ်မကုန်မီက ဇီဝဆေးဝါးသည် ဟိုင်ခိုမြို့၌ ယွမ် ၃၇.၆ ဘီလီယံရှိသော စက်မှုလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

ဟိုင်ခိုမြို့သည် FTP ၏ ဇီဝဆေးဝါးကဏ္ဍအတွက် စက်မှုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှု ပေါင်းစည်းမှုသရုပ်ပြအခြေစိုက်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။

ယင်းမြို့၏ ဇီဝဆေးဝါးလုပ်ငန်းသည် ၂၀၂၅ ခုနှစ်မတိုင်မီ လည်ပတ်မှုဝင်ငွေ ယွမ် ဘီလီယံ ၁၀၀ ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီတွင်မူ နှစ်ဆခန့်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ဟိုင်ခိုမြို့ ဒုတိယမြို့တော်ဝန် Liu Liwu အရ သိရသည်။ (Xinhua)

————————
(English Version)
Projects worth billions signed in Hainan Free Trade Port
Source: XinhuaEditor: huaxia2022-04-11 22:30:14
HAIKOU, April 11 (Xinhua) — Thirty-six projects with total investment of 13 billion yuan (about 2 billion U.S. dollars) were signed Monday in the Hainan Free Trade Port (FTP), said local authorities.
The projects cover fields including modern logistics, biomedicine, high-end manufacturing, the digital economy, offshore trade, business aviation, modern finance, and high-tech agriculture. A signing ceremony took place in Haikou, capital of south China’s island province Hainan.
Among these projects, 21 relate to the biomedicine industry, which is also among the city’s main industrial driving engines. By the end of last year, biomedicine had become an industry of 37.6 billion yuan in Haikou.
Haikou is building itself into an integrated institutional innovation demonstration base for the FTP’s biomedicine sector.
The city’s biomedicine industry is expected to rake in 100