Connect with us

Europe

ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူမှုသစ် ချမှတ်

ရုရှားနိုင်ငံ မော်စကိုမြို့၌ ၂၀၁၉ ခုနှစ် မေလတွင် Victory Day စစ်ရေးပြအခမ်းအနားအတွက် ရင်ပြင်နီပေါ်၌ ရုရှား S-400 Triumf မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်အား တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံအနေဖြင့် ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း ဧပြီ ၁၁ ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ကြေညာခဲ့သည်။နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အသစ်တစ်ရပ်အရ ယင်းအစီအမံသစ်များသည် ရုရှားကာကွယ်ရေးကဏ္ဍရှိ အဖွဲ့အစည်း ၃၃ ဖွဲ့အပေါ် ကန့်သတ်ချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းများသည် ရုရှားစစ်တပ်အား သွယ်ဝိုက်ဖြစ်စေ သို့မဟုတ် တိုက်ရိုက်ဖြစ်စေ ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အသစ်တွင် ဖော်ပြထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခ စတင်သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ကနေဒါနိုင်ငံသည် ရုရှား ၊ ယူကရိန်း နှင့် ဘီလာရုဇ်နိုင်ငံတို့မှ လူပုဂ္ဂိုလ် တစ်ဦးချင်း နှင့် အဖွဲ့အစည်း စုစုပေါင်း ၇၀၀ ကျော်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ကနေဒါနိုင်ငံ၏ နောက်ဆုံးပိတ်ဆို့အရေးယူမှုများသည် စာရင်းဝင်အဖွဲ့အစည်းများအပေါ် ပိုင်ဆိုင်သည့် ပစ္စည်းအား ထိန်းချုပ်ကန့်သတ်ခြင်း နှင့် တားမြစ်ချက်များအား ချမှတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)

#Canada #Russia #defence #sanction #ကနေဒါနိုင်ငံ #ရုရှားနိုင်ငံ #ကာကွယ်ရေး #ပိတ်ဆို့အရေးယူ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

——————-

(English Version)
Canada imposes new sanctions on Russian defence sector
OTTAWA, April 11 (Xinhua) — Canadian Minister of Foreign Affairs Melanie Joly announced Monday that Canada is imposing new sanctions on Russian defence sector.
According to a news release issued by Foreign Affairs Ministry, these new measures will impose restrictions on 33 entities in the Russian defence sector.
These entities have provided indirect or direct support to the Russian military, the news release said.
Since Feb. 24 when the Russia-Ukraine conflict began, Canada has imposed sanctions on more than 700 individuals and entities from Russia, Ukraine and Belarus. Canada’s latest sanctions will impose asset freezes and prohibitions on listed entities, the release said. ■
Photo – Russian S-400 Triumf surface-to-air missile system is seen on the Red Square for the Victory Day parade in Moscow, Russia, May 9, 2019. (Xinhua/Bai Xueqi)