Connect with us

North America

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိစစ်လက်နက်များ ထောက်ပံ့

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့အား ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ၂၀၂၁ ခုနှစ် မေ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

ရုရှားစစ်တပ်၏ လက်ရှိလုပ်ဆောင်နေသည့်စစ်ဆင်ရေးများအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်တိုင် ခုခံကာကွယ်ရာတွင် ကူညီရန် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ “ပြင်းထန်သည့် ခုခံကာကွယ်ရေး” စစ်လက်နက်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မိမိအား ထိုသို့လုပ်ဆောင်ရန် ဆုံးဖြတ်ပိုင်ခွင့်ကို အပ်နှင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် သမ္မတ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရန် သူ့အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်ကို အပ်နှင်းခဲ့ကြောင်း ၊ ယင်းသည် “ယခုတွေ့ကြုံနေရသည့် သံချပ်ကာကားတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှု နှင့် အခြားခြိမ်းခြောက်မှုများ”အား တုန့်ပြန်ရန် ယူကရိန်းနိုင်ငံကို ကူညီပေးလိမ့်မည် ဖြစ်ကြောင်း ဆိုသည်။

ယခုနောက်ဆုံးပေးအပ်သည့် ပမာဏသည် ပြီးခဲ့သည့်နှစ်တွင် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံသို့ အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၆၀ နှင့် သန်း ၂၀၀ တန်ဖိုးရှိသော ချက်ချင်းစစ်ရေးအကူအညီပေးအပ်ရန် မိမိအား တာဝန်ပေးခဲ့သည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ကြောင်းဘလင်ကန်က ပြောကြားခဲ့ပြီး လွန်ခဲ့သော နှစ်အတွင်း အရှေ့ဥရောပနိုင်ငံများသို့ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)
U.S. provides 350 mln USD worth of weapons to Ukraine

WASHINGTON, Feb. 27 (Xinhua) — U.S. Secretary of State Antony Blinken announced Saturday that the United States is offering 350 million U.S. dollars worth of “lethal defensive” weapons to Ukraine to help defend itself against the ongoing Russian military operations.

Blinken said in a statement that U.S. President Joe Biden authorized him to decide on such a move. As such, he has authorized the Department of Defense to carry out the presidential drawdown, which will help Ukraine cope with “the armored, airborne, and other threats it is now facing.”

The secretary said the latest sum was on top of the 60-million-dollar and 200-million-dollar immediate military aid to Ukraine that Biden delegated to him last year, bringing total U.S. security support to the Eastern European nation over the past year to more than 1 billion dollars. ■

Photo – Ukrainian President Volodymyr Zelensky (L) meets with visiting U.S. Secretary of State Antony Blinken in Kiev, capital of Ukraine, May 6, 2021. (Ukrainian Presidential Office/Handout via Xinhua)