Connect with us

Africa & Middle East

ငလျင်ဒဏ်သင့်သည့် တူရကီနှင့်ဆီးရီးယားသို့ တရုတ် ကယ်ဆယ်ရေးအဖွဲ့များ အရေးပေါ်သွားရောက်ခဲ့

တူရကီနိုင်ငံ တောင်ပိုင်း Hatayပြည်နယ် Antakyaမြို့တွင် တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒေသခံကယ်ဆယ်ရေးများနှင့်အတူ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ဦးအား ရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း Hatayပြည်နယ် Antakyaမြို့တွင် မြေငလျင်အပျက်အစီးများကြားတွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း Hatayပြည်နယ် Antakyaမြို့ရှိ အားကစားကွင်းတစ်ခုတွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများ ရွှေ့ပြောင်းနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ ဆန်းကျန့်ဝန်းဆိပ်ကမ်းတွင် ဆန်းကျန့်လူမှုကယ်ဆယ်ရေးအဖွဲ့(SRVF)က ကုမ္ပဏီတစ်ခုမှ လှူဒါန်းထားသော ရေသန့်စက်များအား လက်ခံနေသည်ကို၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနှင့်ဆီးရီးယားတွင် ငလျင်အကြီးအကျယ်လှုပ်ခတ်မှုနှင့် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်မှစ၍ အပျက်အစီးများကြားပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်နိုင်ရန် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များနှင့်အရေးကြီးထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် တရုတ်ကယ်ဆယ်ရေးသမားများက တူရကီကယ်ဆယ်ရေးသမားများနှင့်အတူ Hatayပြည်နယ် Antakya မြို့ရှိ အပျက်အစီးများကြား၌ ပိတ်မိနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ခဲ့သလို မကြာမီ အခြား အသက်ရှင်ကျန်ရစ်သူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်၊ ငလျင်လှုပ်ခတ်မှုအပြီး ၉၆ နာရီကြာတွင် တရုတ်ကယ်ဆယ်ရေးသမားများက ၃ နာရီကြာ ကြိုးပမ်းအားထုတ်မှုဖြင့် အဆောက်အဦပျက်အစီးများကြားမှ အမျိုးသမီးတစ်ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းမှာ တရုတ်ကယ်ဆယ်ရေးသမားများ စတုတ္ထမြောက် ရှာဖွေကယ်ဆယ်နိုင်ခဲ့သောသူ ဖြစ်သည်။ (Xinhua)

……………………………..
(English Version)
China rushes rescue teams to quake-hit Türkiye, Syria
China has offered an array of rescue teams and vital items to Türkiye and Syria since massive earthquakes and aftershocks jolted the countries on Monday, in an effort to help search for survivors trapped under the rubble. Read more: xhtxs.cn/Ey7
– Having saved a trapped pregnant woman on Thursday, the Chinese rescuers, with their Turkish colleagues, later pulled out two survivors from the ruins in Antakya, a city in Hatay.
– On Friday, following a three-hour effort, a woman, the fourth survivor saved by Chinese rescuers, was pulled out to safety from the rubble of collapsed buildings over 96 hours after the earthquake。

1. Members of the China Search and Rescue Team transfer a woman survivor with their local partners in Antakya in the southern province of Hatay, Türkiye, Feb. 9, 2023.(Xinhua/Shadati)
2. A member of the China Search and Rescue Team carries out rescue operation on earthquake debris in Antakya in the southern province of Hatay, Türkiye, Feb. 9, 2023. (Xinhua/Shadati)
3. Members of the China Search and Rescue Team move supplies at a stadium in the southern province of Hatay, Türkiye, Feb. 8, 2023. (Xinhua/Shadati)
4. Rescuers of Shenzhen Rescue Volunteers Federation (SRVF) receive a portable water purifier donated by a company at Shenzhenwan Port in Shenzhen, south China’s Guangdong Province, Feb. 9, 2023. (Xinhua/Mao Siqian)