Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် ကပ်ရောဂါပြီးနောက် ပထမဆုံး တရုတ်ကမ္ဘာခရီးသွားဧည့်သည်အဖွဲ့ကို ကြိုဆို

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ရှိ အန်ကောဝပ်ဘုရားကျောင်းသို့ လာရောက်သော ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ရှိ အန်ကောဝပ်ဘုရားကျောင်းသို့ လာရောက်သော ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် သုံးနှစ်ကြာရပ်နားခဲ့ပြီးနောက် ပထမဆုံး တရုတ်ကမ္ဘာလှည့်ခရီးသွားအဖွဲ့ကို ဖေဖော်ဝါရီ ၆ ရက်က ကြိုဆိုခဲ့ကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၄၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို တင်ဆောင်လာသော လေယာဉ်သည် တရုတ်နိုင်ငံ ဆန်းကျန့်မြို့မှ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက ဆိုက်ရောက်လာခဲ့ကာ ကမ္ဘောဒီးယား ခရီးသွားလာရေးတာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း ကမ္ဘောဒီးယား ခရီးသွားအေဂျင်စီအသင်း ဥက္ကဋ္ဌ Chhay Sivlin က ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Epb

………………………………

Cambodia welcomes 1st group tour of Chinese tourists after pandemic

Cambodia on Monday welcomed the first group tour of Chinese tourists after a three-year hiatus due to the COVID-19 pandemic, a representative of the kingdom’s tour and travel operators said.

A flight carrying some 140 Chinese tourists in a group tour landed at the Phnom Penh International Airport on Monday afternoon from Southern Chinese city of Shenzhen, receiving a warm welcome from Cambodian tourism officials and tour operators, said Chhay Sivlin, president of the Cambodia Association of Travel Agents. xhtxs.cn/Epb

Photo 1 , 2 : Tourists visit the Angkor Wat in the Angkor Archaeological Park in Siem Reap province, Cambodia, Dec. 17, 2022. (Photo by Van Pov/Xinhua)