Connect with us

China

ဖေဖော်ဝါရီလတွင် တရုတ်လျှပ်စစ်ကားရောင်းအား တစ်ဟုန်ထိုးမြင့်တက်

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်သုံးစွဲမှုမြှင့်တင်ရန် အားထုတ်လုပ်ဆောင်လျက်ရှိသည့် တရုတ်နိုင်ငံတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) ရောင်းချမှုသည် ယခုနှစ် ဖေဖော်ဝါရီလ၌ တစ်ဟုန်ထိုး မြင့်တက်ခဲ့ကြောင်း စက်မှုလုပ်ငန်းအသင်း၏ အချက်အလက်များက ဖော်ပြခဲ့သည်။

ယခင်လက တရုတ်နိုင်ငံတွင် NEVs လက်လီအရောင်း ယမန်နှစ်ကထက် ၆၁ ရာခိုင်နှုန်းတိုးတက်လာပြီး ကားအစီးရေ ၄၃၉,၀၀၀ စီး ရောင်းချခဲ့ရကြောင်း တရုတ်နိုင်ငံခရီးသည်တင်ကားအသင်း၏ အဆိုအရ သိရသည်။

အဆိုပါအသင်း၏ အချက်အလက်များအရ တရုတ်နိုင်ငံတွင် ခရီးသည်တင်ကားများ လက်လီရောင်းချမှုသည် ယမန်နှစ်ကထက် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်လာကာ ဖေဖော်ဝါရီလ၌ အစီးရေ ၁.၃၉ သန်းအထိ ရောက်ရှိလာခဲ့သည်။ (Xinhua)

…………………………….
(English Version)
China’s NEV sales surge in February
Sales of new energy vehicles (NEVs) in China surged in February this year amid the country’s efforts to promote automobile consumption, data from an industry association showed.
Last month, the retail sales of NEVs in China expanded 61 percent year on year to 439,000 units, according to the China Passenger Car Association.
Data from the association also showed the retail sales of passenger cars in China rose 10.4 percent year on year to reach 1.39 million units in February. xhtxs.cn/Fx7