Connect with us

Africa & Middle East

Al-Aqsa ဗလီတွင် အစ္စရေးရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်းဝတ်ပြုသူများ ပဋိပက္ခဖြစ်ပွား၊ ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်လာ

ရှေးဟောင်းမြို့တော် ဂျေရုဆလမ်ရှိ Al-Aqsa ဗလီဝင်းအတွင်း ရမ်ဇာန်လ၏ ပထမဆုံးသောကြာနေ့ ဝတ်ပြုနေသူများကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရှေးဟောင်းမြို့တော် ဂျေရုဆလမ်ရှိ Al-Aqsa ဗလီကို အစ္စရေးရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုအား ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ဂါဇာမြို့ အရှေ့ပိုင်းနယ်စပ်ခြံစည်းရိုးတွင် တာယာများ မီးရှို့နေကြသည့် ပါလက်စတိုင်းဆန္ဒပြသူများကို ၂၀၂၃ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်မြို့အရှေ့ပိုင်းရှိ Al-Aqsa ဗလီဝင်းအတွင်းသို့ ဧပြီ ၅ ရက် အရုဏ်မတက်ခင်အချိန်တွင် အစ္စရေးရဲတပ်ဖွဲ့က ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက် ဗလီအတွင်းရှိ ပါလက်စတိုင်းလူငယ် အမြောက်အမြားနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အာရပ်နိုင်ငံများမှ ပြစ်တင်ရှုတ်ချခြင်းနှင့် ဒေသတွင်း ဒုံးကျည်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ တစ်ကျော့ပြန် ဖြစ်ပေါ်လာခဲ့သည်။

Al-Aqsa ဗလီဝင်း ရုန်းရင်းဆန်ခတ်မှုအတွင်း လူ ၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ရာဘာကျည်ဆန်ကြောင့် ဒဏ်ရာရသူ အနည်းဆုံး သုံးဦးကို ဆေးရုံတင်ထားရကြောင်း ဂျေရုဆလမ်ရှိ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။

လူမှုကွန်ရက်တွင်ပျံ့နှံနေသည့် ဗီဒီယိုတွင် အစ္စရေးတပ်ဖွဲ့ဝင်များက al-Aqsa ဗလီဝင်းတံခါးတွင် ပါလက်စတိုင်း လူငယ်များကို တုတ်များဖြင့်ရိုက်နေသည့်ပုံများကို ပြသခဲ့သည်။ (Xinhua)

………………………………
(English Version)
Israeli police clash with Palestinian worshipers at Al-Aqsa Mosque, drawing condemnation
JERUSALEM, April 5 (Xinhua) — Israeli police forces broke into the Al-Aqsa Mosque compound in East Jerusalem before dawn on Wednesday and clashed with dozens of Palestinian youth inside, drawing condemnation from Arab countries and sparking a new round of rocket attacks and airstrikes in the region.
The Palestinian Red Crescent in Jerusalem said at least 12 were injured during clashes in the al-Aqsa compound and at least three sustained wounds from rubber-coated bullets and needed hospital care.
Video footage circulating on social media showed Israeli troops beating Palestinian youth with clubs at the gate of the al-Aqsa Mosque.
Photo 1: Muslims attend the first Friday prayer of Ramadan at the Al-Aqsa Mosque compound in the Old City of Jerusalem, on March 24, 2023. (Xinhua/Chen Junqing)
Photo 2: Palestinian protesters burn tires at the eastern border fence of the Gaza city to protest against Israeli police’s raid at Al-Aqsa Mosque in Jerusalem’s Old City, on April 5, 2023. (Photo by Rizek Abdeljawad/Xinhua)