Connect with us

Asia

၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ Wuling Air လျှပ်စစ်ကားများဖြင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးအတွက် Wuling Air လျှပ်စစ်ကားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသော ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေး၌ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ သယ်ယူပို့ဆောင်ရေးအတွက် Wuling Air လျှပ်စစ်ကား အစီးရေ ၁၅၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးအတွက် Wuling Air လျှပ်စစ်ကားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးအတွက် Wuling Air လျှပ်စစ်ကားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Wuling Motors Indonesia သည် အဆိုပါ ထိပ်သီးအစည်းအဝေး၏ တရားဝင် မော်တော်ကားမိတ်ဖက် ဖြစ်သည်။
Wuling Motors Indonesia ကုမ္ပဏီသည် SAIC Motor, General Motors နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျိုကျိုးမြို့အခြေစိုက် Liuzhou Wuling Motors တို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် တရုတ်မော်တော်ကားထုတ်လုပ်သူ SAIC-GM-Wuling (SGMW) ၏ လုပ်ငန်းခွဲတစ်ခုအဖြစ် လည်ပတ်လျက်ရှိသည်။

Wuling Air လျှပ်စစ်ကားများသည် SGMW မှ ထုတ်လုပ်ထားသော ဘက်ထရီအခြေပြု လျှပ်စစ်ကား နောက်ဆုံးပေါ်ဗားရှင်းလည်း ဖြစ်သည်။ အဆိုပါ ကားများကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၌ ပွဲဦးထွက်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Wuling EV fleet for 43rd ASEAN Summit in Jakarta
JAKARTA, Sept. 7 (Xinhua) — A fleet of 150 Wuling Air electric vehicles (EVs) have been providing commuter service for delegates and staff workers at the 43rd Association of Southeast Asian Nations (ASEAN) Summit held on Sept. 5-7 in Jakarta, the capital of Indonesia.
Wuling Motors Indonesia is the Summit’s official car partner.
Wuling Motors Indonesia operates as a subsidiary of the major Chinese automobile manufacturer SAIC-GM-Wuling (SGMW), which is a joint venture between SAIC Motor, General Motors and Liuzhou Wuling Motors based in Liuzhou, south China’s Guangxi Zhuang Autonomous Region.
Wuling Air EV is the newest version of battery-based EVs manufactured by the SGMW. It was debuted in Indonesia in August 2022.
Photo 1, 2, 3: This photo taken on Sept. 6, 2023 shows Wuling Air electric vehicles for the 43rd Association of Southeast Asian Nations (ASEAN) Summit in Jakarta, Indonesia. (Xinhua/Xu Qin)
Photo 4: A staff member charges a Wuling Air electric vehicle for the 43rd Association of Southeast Asian Nations (ASEAN) Summit in Jakarta, Indonesia, Sept. 6, 2023. (Xinhua/Xu Qin)