Connect with us

International Organizations

ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ တိုက်တွန်း

ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့တွင် ဒုံးကျည်တိုက်ခိုက်ခံရသောနေရာ၌ အပျက်အစီးများ ရှင်းလင်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယူကရိန်း အကျပ်အတည်းကို အဖြေရှာရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ အထူးသံတမန်က စက်တင်ဘာ ၈ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် အချိန်ကာလရှည်ကြာလှပြီဖြစ်ကာ မြေပြင်ရှိ တင်းမာမှုများမှာ မြင့်မားနေဆဲဖြစ်သလို ယင်းအခြေအနေကြောင့် သက်ရောက်မှုများမှာလည်း ပိုမိုလျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် တာဝန်ယူမှု သတိဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားသင့်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရေးကို ဆောလျင်စွာ နည်းလမ်းရှာရန် အရေးတကြီး လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် ရှုပ်ထွေးသောအကြောင်းတရားများဖြစ်ကာ ဖြေရှင်းရန် မလွယ်ကူပေ။ အဆိုပါ ကိစ္စရပ်ကို ဖြေရှင်းရေးအတွက် နိုင်ငံများအားလုံး စုပေါင်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမူ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းတံခါးကို ပိတ်ထား၍မရကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ကြိုးပမ်းအားထုတ်မှုများမှာ အားလျှော့၍မရကြောင်းနှင့် သံတမန်ရေး ညှိနှိုင်းဆွေးနွေးမှုများကိုလည်း အချိန်ဆွဲ၍မရနိုင်ကြောင်း ကိန်းစွမ်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဆွေးနွေးမှု၊ ဆက်ဆံမှု အားကောင်းအောင် ဆောင်ရွက်ရန် အသင့်ရှိသလို ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေး မြှင့်တင်ရန် အပြုသဘောကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China calls for peaceful efforts to solve Ukraine crisis
UNITED NATIONS, Sept. 8 (Xinhua) — A Chinese envoy on Friday called for international peace efforts to solve the Ukraine crisis.
As the crisis in Ukraine drags on, tensions on the ground remain high and the spillover effects are spreading more rapidly. The UN Security Council should work with a greater sense of responsibility and urgency to find ways to achieve cease-fire and restore peace at an early date, said Geng Shuang, China’s deputy permanent representative to the United Nations.
The Ukraine crisis has complex causes and there is no easy fix. Its resolution takes concerted efforts of all parties, he said. “No matter how challenging it is, the door of political settlement cannot be closed; efforts to promote cease-fire and peace talks cannot relent; the process of diplomatic negotiations cannot stall.”
China stands ready to strengthen dialogue and communication with all parties and will continue to make constructive efforts to promote the political settlement of the Ukraine crisis, he said.

Photo: A worker clears debris at the site of a missile strike in Odessa, Ukraine, on July 27, 2023. (Photo by Peter Druk/Xinhua)