Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်၌ ရထားတွဲ မီးလောင်မှုကြောင့် လူ ၄ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kishoreganj ခရိုင်တွင် ရထားတစ်စီးတိုက်မိပြီး တိမ်းမှောက်သွားသော ရထားတွဲအား မတင်ဆောင်ရွက်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းက ရထားတွဲ ၃ တွဲကို ဥပဒေချိုးဖောက်သူများကမီးရှို့ ခဲ့သည့်အတွက် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး အတိုက်အခံ ပါတီက လာမည့်လ ရွေးကောက်ပွဲ မတိုင်မီ အစိုးရကို နုတ်ထွက်ပေးရန် တောင်းဆိုသည့် နိုင်ငံတစ်ဝန်း သပိတ်မှောက်မှုများပြုလုပ်နေစဉ်အတွင်း ဒေသစံတော်ချိန် နံနက် ၅ နာရီ ဝန်းကျင်က အဆိုပါ မတော်တဆမှု ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီးရထားဝန်ကြီးက Nurul Islam Sujan က မီးသတ်ဌာန ၃ ခုက အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိ၍ ရထားတွဲ ၃ တွဲအနက် တစ်တွဲမှ ရုပ်အလောင်းများကို ထုတ်ယူလာနိုင်ခဲ့ကြောင်း သတင်းထာက်များအား ပြောကြားခဲ့သည်။ ရထားပေါ်မှ အသက်လု၍ ပြေးဆင်းလာသူများတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နှင့် ၎င်း၏ မဟာမိတ်ပါတီများက ဇန်နဝါရီ ၇ ရက်၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဒီဇင်ဘာ ၁၉ ရက် နံနက်မှ နေဝင်ရီတရောအချိန်အထိ ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ ဆင်ခြေဖုံးနှင့် Gazipur မြို့ အနီးတွင် ဒီဇင်ဘာ ၁၃ ရက်ကလည်း ရထားတွဲ ၇ တွဲပါ ရထားတစ်စီး အရှိန်လွန်ကာ လမ်းချော်ခဲ့သောကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
4 killed in Bangladeshi capital train coach fire
2023-12-19 14:25:40 DHAKA, Dec. 19 (Xinhua) — At least four people were killed after miscreants set three coaches of a train on fire in Bangladesh’s capital Dhaka early Tuesday.
The incident took place around 5:00 a.m. local time amid a countrywide strike called by the country’s largest opposition party to press its demand for the government to resign ahead of the national election next month.
Bangladeshi Railways Minister Nurul Islam Sujan told journalists that three firefighting units rushed to the scene and recovered the bodies from one of the three coaches. Meanwhile, several people were hurt while scrambling out of the train.
Bangladesh’s main opposition party Bangladesh Nationalist Party (BNP) and its allies have called for the dawn-to-dusk strike on Tuesday with the Jan. 7 general election approaching.
On Dec. 13, one person was killed when seven compartments of a train were derailed on an overpass in Gazipur near the outskirts of Bangladesh’s capital Dhaka. Enditem
Rescuers work to lift a carriage overturned in a train collision in Kishoreganj district, Bangladesh, on Oct. 23, 2023. (Xinhua)