Connect with us

China

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း နိုင်ငံများစွာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၁၃ ရက်မှစ၍ နိုင်ငံများစွာနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ၎င်းတို့၏ ထောက်ခံကြောင်းကတိကို ပွင့်ပွင့်လင်းလင်း ထပ်လောင်းပြောကြားခဲ့ကြပြီး တရုတ်နိုင်ငံ၏ အမျိုးသားအချုပ်အခြာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုအပေါ် အခိုင်အမာ ထောက်ခံကြကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” မည်သည့်ပုံစံမျိုးကိုမဆို ကန့်ကွက်ကြကြောင်းနှင့် တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအား ထောက်ခံကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်၊ မော်လ်ဒိုက်၊ မြန်မာ၊ အီရန်၊ ဆီးရီးယား၊ တူနီးရှား၊ ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ်စတန်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဗဟိုအမေရိကန်၊ နိုင်ဂျာ၊ အီကွေတိုရီရယ်ဂီနီ၊ ကွန်မိုရို၊ လီဆိုသို၊ ဆိုမာလီ၊ ဂျီဘူတီ၊ မာလီ၊ ဘူရွန်ဒီ၊ ဂမ်ဘီယာ၊ ဗာနူအာတူ၊ တွန်ဂါ၊ ခီရီဘာတီ၊ ဒိုမီနီကာ၊ နာကာရာဂွာနှင့် ဘိုလီဗီးယား စသည့်နိုင်ငံများနှင့် အာဖရိကသမဂ္ဂတို့က တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ၎င်းတို့၏ ထောက်ခံမှုနှင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ကို ကန့်ကွက်မှုကို ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့သည်ဟု မော်က ဇန်နဝါရီ ၁၅ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
“အဲဒီနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ‘ထိုင်ဝမ် သီးခြားရပ်တည်ရေး’ ခွဲထွက်ရေးလှုပ်ရှားမှုများကို ဆန့်ကျင်တဲ့ တရုတ်ပြည်သူများရဲ့ တရားမျှတမှုရရှိရေးနှင့် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကို တရုတ်တစ်နိုင်ငံတည်း မူဝါဒနဲ့အညီ ဆက်လက်ထောက်ခံအားပေးမည်ဟု ကျွန်မတို့အနေနဲ့ ယုံကြည်ပါတယ်” ဟု မော်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
………………………………
(English Version)
Many countries clearly state support for one-China principle: spokesperson
BEIJING, Jan. 16 (Xinhua) — Since Jan. 13, countries and international organizations have been openly reaffirming their commitment to the one-China principle, firm support for China’s effort of upholding national sovereignty and territorial integrity, opposition to any form of “Taiwan independence” and support for China’s reunification, a Chinese foreign ministry spokesperson said on Tuesday.
Spokesperson Mao Ning made the remarks at a daily press briefing when answering a relevant query.
Apart from countries and international organizations that have been mentioned on the daily press briefing on Monday, a large number of countries, including Pakistan, the Maldives, Myanmar, Iran, Syria, Tunisia, Palestine, Turkmenistan, Kyrgyzstan, Armenia, Azerbaijan, Central Africa, Niger, Equatorial Guinea, Comoros, Lesotho, Somalia, Djibouti, Mali, Burundi, Gambia, Vanuatu, Tonga, Kiribati, Dominica, Nicaragua, and Bolivia as well as the African Union also clearly stated their support for the one-China principle and opposition to “Taiwan independence,” said Mao.
“We applaud and appreciate the just position of these countries and organizations,” she said.
“We are convinced that the international community will continue to, in accordance with the one-China principle, support the Chinese people’s just cause of opposing ‘Taiwan independence’ separatist activities and striving to achieve national reunification,” Mao added.