Connect with us

Asia

ပူတင်က မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိကြောင်း KCNA အတည်ပြု

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းအား ပြုံယမ်းမြို့၌ ကျင်းပသော မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - KCNA via Xinhua)

ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ရုရှာနိုင်ငံသမ္မတ ဗလာတီမာပူတင်က သွားရောက်လည်ပတ်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက်ရုံးက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းအေဂျင်စီက ဇန်နဝါရီ ၂၁ ရက် တွင်သတင်းဖော်ပြခဲ့သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့သည် မဟာဗျူဟာမြောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံသည် နက်ရှိုင်းသော မဟာဗျူဟာမြောက် ဆက်ဆံရေးရှိပြီး ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှ အခြေအနေများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများအပေါ် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် ရုရှားတို့သည် နှစ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လွတ်လပ်၍ တရားမျှတမှုကိုအခြေခံသော ဗဟုအသွင်ဆောင်သည့် နိုင်ငံတကာ အစီအစဉ်အသစ် ထူထောင်ရာတွင် မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်အတွက် ၎င်းတို့၏ ခိုင်မာအားကောင်းသော သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပူတင်က မြောက်ကိုရီးယားသို့ အဆင်ပြေသည့်အချိန်တွင်လာရောက်ရန် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း၏ ဖိတ်ကြားမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း များမကြာမီ ကာလအတွင်း မြောက်ကိုရီးယားနိုင်ငံသို့လာရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်နှင့် ပတ်သက်၍ သံတမန်လမ်းကြောင်းများမှတစ်ဆင့် နှစ်ဘက်ကြား ဆွေးနွေးလျက်ရှိကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ၏ပြောကြားချက်ကို မီဒီယာများတွင် ဖော်ပြခဲ့သည်။ (Xinhua)
——————————-
1st LD Writethru: KCNA confirms Putin’s willingness to visit DPRK
SEOUL, Jan. 21 (Xinhua) — Russian President Vladimir Putin expressed his willingness to visit the Democratic People’s Republic of Korea (DPRK), the official Korean Central News Agency (KCNA) reported Sunday, citing a press release issued one day earlier by the assistant office of the DPRK’s foreign minister.
At the invitation of Russian Foreign Minister Sergei Lavrov, DPRK Foreign Minister Choe Son Hui paid an official visit to Russia from Monday to Wednesday and held strategic talks with her Russian counterpart, according to the press release.
The two countries had deep strategic communication and reached consensus on various regional and international issues, including the situation on the Korean Peninsula and in Northeast Asia, it said.
The DPRK and Russia expressed their strong will to further strengthen strategic and tactical cooperation in defending the core interests of the two countries and establishing a new multi-polarized international order based on independence and justice, it added.
Putin extended “deep thanks” for the invitation of DPRK leader Kim Jong Un to visit Pyongyang at a convenient time and expressed his willingness to visit the country at an early date, it said.
Kremlin spokesman Dmitry Peskov said Putin’s visit to the DPRK was being discussed between the two sides “through diplomatic channels,” media reports said. Enditem

Kim Jong Un, general secretary of the Workers’ Party of Korea and president of the State Affairs of the Democratic People’s Republic of Korea (DPRK), attends the celebration in Pyongyang, capital of the DPRK, Sept. 8, 2023. (KCNA via Xinhua)