Connect with us

North America

နယူးဇီလန်နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဝေလငါးများ သောင်တင်ပြီးနောက် သေဆုံး

နယူးဇီလန်နိုင်ငံမြောက်ဘက်ကျွန်းရှိ အရှေ့ဘက် ကမ်းရိုးတန်း၌ သောင်တင်နေသော ဝေလငါးများကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- DOC of New Zealand/Handout via Xinhua)

ဝယ်လ်လင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းတွင် ဇန်နဝါရီ ၂၁ ရက်က သောင်တင်နေသည့် ဖော့ကစ်လာဝေးလ် (false killer whale) ဝေလငါးနှင့် ပုလင်းနှုတ်သီး လင်းပိုင် ၄၅ ကောင်ခန့် သေဆုံးခဲ့ကြောင်း နယူးဇီလန်နိုင်ငံ ထိန်းသိမ်းရေးဌာန (DOC) က ဇန်နဝါရီ ၂၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ဒီရေတက်သည့်အချိန်၌ ဒေသခံများက ၎င်းတို့ကို ရေထဲသို့ ပြန်မျှောပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် အလှမ်းဝေးသည့် သန္တာကျောက်တန်း တစ်နေရာ၌ ပြန်လည်သောင်တင်နေခဲ့ကြောင်း သိရသည်။ ယင်းအနက် အချို့မှာ သေဆုံးခဲ့ပြီး၊ အချို့ကို ကောင်းမွန်ညင်သာစွာ သေဆုံးစေရန် ရှင်းလင်းပေးခဲ့ရကြောင်း DOC အရာရှိက ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြထားသည်။

ဝေလငါးများနှင့် လင်းပိုင်များ ပြန်လည်ရှင်သန်ရန် အခွင့်အလမ်း အလွန်နည်းပါးကြောင်း သိပ္ပံပညာရှင်များက အကဲဖြတ်ပြီးနောက် တိရစ္ဆာန်များကို ညတွင်းချင်း ဝေဒနာခံစားမှုမှ ကာကွယ်ရန် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချခဲ့ရကြောင်း ဂစ္စဘွန်းမြို့ရှိ DOC လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မန်နေဂျာ Matt Tong ၏ပြောကြားချက်အရ သိရသည်။
“အထူးသဖြင့် အဲဒီနေ့ရဲ့အစောပိုင်းက အောင်မြင်စွာ ရေထဲကို ပြန်မျောပါသွားတဲ့ ဒီဝေလငါးတွေနဲ့ သူ့ရဲ့ အစုအဖွဲ့အတွက် ဝမ်းနည်းစရာရလဒ်တစ်ခုပါပဲ” ဟု Matt Tong ကဖြည့်စွက် ပြောကြားခဲ့သည်။

DOC အဖွဲ့သည် ယင်းနေရာ၌ လုပ်ငန်းဆောင်ရွက်၍ နယူးဇီလန်နိုင်ငံ၏ ရေပြင်ရှိ ဝေလငါးနှင့် လင်းပိုင်များ၏ အရေအတွက်များ လေ့လာရာတွင် အထာက်အကူဖြစ်စေရန် အရွယ်အစားတိုင်းတာခြင်းနှင့် နမူနာများကို စုဆောင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝေလငါးနှင့် လင်းပိုင်တို့သည် နယူးဇီလန်နိုင်ငံ၌ ကျင်လည်ကျက်စားလေ့ရှိကြောင်း သိရသည်။ အဆိုပါ ဝေလငါးအစုအဖွဲ့ သောင်တင်ရခြင်းအကြောင်းရင်းအား အပြည့်အဝ မသိရှိရသော်လည်း ဖျားနာခြင်း၊ တည်နေရာ အမှားအယွင်း၊ ပထဝီဝင်အနေအထား ၊ ဒီရေအတက်အကျ လျင်မြန်ခြင်း၊ ငါးဖမ်းသမားများ လိုက်လံဖမ်းဆီးခံရခြင်း၊ ပြင်းထန်သော ရာသီဥတုအခြေအနေ စသည့်အချက်များ ပါဝင်နိုင်ကြောင်း DOC မှ သိရသည်။ (Xinhua)

……………………………
(English Version)
Whales die after stranded on east coast of New Zealand
WELLINGTON, Jan. 23 (Xinhua) — A pod of about 45 false killer whales and bottlenose dolphins stranded on Sunday afternoon on east coast of New Zealand north island all died, according to a statement issued by the Department of Conservation (DOC) of New Zealand on Monday.
After being refloated once at high tide by the local community, the entire pod re-stranded unfortunately at a remote and inaccessible reef point. Some of them died, and the rest were finally euthanised, DOC officer released the details in a statement.
DOC Gisborne Operations Manager Matt Tong said they made the difficult decision in conversation to euthanise the animals to prevent them suffering overnight after scientists assessed the whales and dolphins as having extremely low chances of being refloated and surviving.
“This is a sad outcome for these whales and the community, particularly after the successful refloating earlier in the day.” Matt Tong added.
The DOC team has been working at the site and undertaken measurements and collected samples to help build an understanding about whale and dolphin populations in New Zealand waters.
Whale and dolphin strandings are common in New Zealand. Why they strand is not fully known but factors can include sickness, navigational error, geographical features, a rapidly falling tide, being chased by a predator or extreme weather, according to DOC.■
This photo provided by the Department of Conservation (DOC) of New Zealand, Jan. 22, shows a pod of false killer whales being stranded on the east coast of New Zealand’s North Island. (DOC of New Zealand/Handout via Xinhua)