Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံး လူတွင် ကူးစက်တတ်သော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်၊ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ရှိ အန်ကောဝပ်သို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း Prey Veng ပြည်နယ်မှ အသက် ၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတွင် လူတွင် ကူးစက်တတ်သော ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားမှုကို ယခုနှစ်၏ ပထမဆုံးရောဂါကူးစက်မှုအဖြစ် အတည်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“အဲဒီကလေးက H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရတယ်ဆိုတာ ပြည်သူ့ကျန်းမာရေး အမျိုးသားအင်စတီကျုနဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ Pasteur အင်စတီကျုတို့က အတည်ပြုခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။ “လူနာကတော့ လက်ရှိ ဆရာဝန်အဖွဲ့နဲ့အတူ အထူးကြပ်မတ်ကုသမှုခံယူနေပါတယ်”
အဆိုပါ လူနာ၏ ကျေးရွာတွင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းနှင့် ၎င်း၏ နေအိမ်တစ်ဝိုက် လွန်ခဲ့သော ၁၀ ရက်အကြာက ကြက်များနှင့် ဘဲများ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
“ကျန်းမာရေးပညာရှင်အဖွဲ့က ရောဂါကူးစက်မှုအရင်းအမြစ်ကို စုံစမ်းစစ်ဆေးနေသလို ရပ်ကွက်အတွင်း ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အလို့ငှာ သံသယဖြစ်ဖွယ်တစ်ခုခု သို့မဟုတ် လူနာနဲ့ထိတွေ့မှုရှိသူတွေကို စစ်ဆေးနေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုမှ ကာကွယ်ရန် ရောဂါကာကွယ်ဆေးတစ်မျိုးဖြစ်သည့် Tamiflu (oseltamivir) ဆေးကို လူနာနှင့် တိုက်ရိုက်ထိတွေ့မှုရှိသူများအား ထိုးနှံပေးခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
H5N1 ကြက်ငှက်တုပ်ကွေးရောဂါသည် ပုံမှန်အားဖြင့် ဖျားနာသော တိရစ္ဆာန်များကြား ကူးစက်လေ့ရှိသော တုပ်ကွေးရောဂါဖြစ်သော်လည်း တစ်ခါတစ်ရံတွင်မူ တိရစ္တာန်မှ လူသားများထံ ကူးစက်လေ့ရှိသည်။ ရောဂါလက္ခဏာများအနေဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူတွင်ကူးစက်တတ်သော H5N1 ရောဂါဖြစ်ပွားမှု ၆၃ ခုနှင့် သေဆုံးသူ ၄၁ ဦးရှိကြောင်း ဝန်ကြီးဌာနအရ သိရသည်။ (Xinhua)

………………………………
(English Version)
Cambodia reports 1st human case of bird flu in 2024
PHNOM PENH, Jan. 26 (Xinhua) — A three-year-old boy from southeast Cambodia’s Prey Veng province has been confirmed for H5N1 human avian influenza, the first case of this year, the Ministry of Health said in a statement on Friday.
“The boy was confirmed positive for H5N1 bird flu virus by the National Institute of Public Health and the Pasteur Institute in Cambodia on Thursday,” the ministry said. “The patient is currently receiving intensive care from a team of doctors.”
Investigations from the patient’s village found that chickens and ducks had died in the village and around his house about 10 days ago, the ministry said.
“A team of health experts is investigating the source of the infection and are examining any suspected cases or people who have been in contact with the victim in order to prevent an outbreak in the community,” the ministry added.
Tamiflu (oseltamivir), an antiviral drug to prevent the bird flu from spreading, was also handed out to people who had direct contact with the boy, the ministry said.
H5N1 influenza is a flu that normally spreads between sick poultry but can sometimes spread from poultry to humans. Its symptoms include fever, cough, runny nose, and severe respiratory illness.
From 2003 to date, there were 63 cases of human infection with H5N1 influenza, including 41 deaths in the Southeast Asian country, according to the ministry.
Photo: Tourists visit the Angkor Wat in the Angkor Archaeological Park in Siem Reap province, Cambodia, Dec. 17, 2022. (Photo by Van Pov/Xinhua)