Connect with us

Asia

အာဆီယံ အပေါင်း သုံး နိုင်ငံများ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲ မြင်ကွင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား (APT) ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ သတင်းအချက်အလက် မျှဝေ ဖလှယ်ရန် ဇန်နဝါရီ ၂၆ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Suanesavanh Vignaket နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံ Wang Chang တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံများအားလုံးနှင့်အတူ ဆက်ဆံရေး အားကောင်းလာစေရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန်နှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားသောအဆင့်သို့ ပူးတွဲတိုးမြှင့်ရန် အသင့်ရှိကြောင်း Wang က အစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ဝန်ထမ်းများအား စွမ်းဆောင်ရည်တိုးမြှင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းလမ်းသစ်များ ကျင့်သုံးနိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာကဲ့သို့သော အဆင့်မြင့်နည်းပညာများ တပ်ဆင်ပေးခြင်း စသည်တို့က အရေးပါကြောင်း အလေးထားပြောကြားခဲ့ကြသည်။ (Xinhua)

…………………………….
(English Version)

ASEAN Plus Three countries to boost tourism cooperation
VIENTIANE, Jan. 27 (Xinhua) — The 23rd meeting of the Association of Southeast Asian Nations, China, Japan and South Korea (APT) Tourism Ministers was held here Friday to exchange and share information on the tourism sector.
The meeting was co-chaired by Lao Minister of Information, Culture and Tourism Suanesavanh Vignaket, and Wang Chang, charge d’affaires of the Chinese embassy in Laos.
Speaking at the meeting, Wang said China is ready to strengthen communication with all parties, advance practical cooperation and jointly promote regional tourism cooperation to a higher level.
The meeting also emphasized the importance of upskilling and reskilling the tourism workforce and equipping them with valuable tools, including digital technology to enable them to adapt to new ways of doing business.
Photo: This photo taken on Jan. 25, 2024 shows a scene at the ASEAN Tourism Exhibition held in Vientiane, capital of Laos. (Photo by Kaikeo Saiyasane/Xinhua)