Connect with us

Africa & Middle East

အာဂျင်တီးနား အစိုးရက ဆောက်လုပ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်ကြောင်း အတည်ပြု

ဗျူနိုအေးရိစ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီး Guillermo Ferraro က “ကိုယ်ရေးကိုယ်တာအကြောင်းပြချက်” ကြောင့် လာမည့်ရက်များအတွင်း ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း အာဂျင်တီးနားအစိုးရက ဇန်နဝါရီ ၂၇ ရက်တွင် တွင် ပြောကြားခဲ့သည်။
” မူလအစီအစဉ်မှာ ဆောက်လုပ်ရေးကဏ္ဍကို စီးပွားရေးဝန်ကြီးဌာနနဲ့ ပေါင်းစည်းရင် တိုးတက်မှုရှိလာလိမ့်မှာပါ” ဟု သမ္မတရုံးက ဆိုရှယ်မီဒီယာပလပ်ဖောင်းဖြစ်သော X (ယခင်က Twitter) တွင်ရေးသားခဲ့သည်။“ဒီလို ပေါင်းစည်းတာက နိုင်ငံတော် အစိုးရရဲ့ စီးပွားရေး မူဝါဒတွေမှာ ပိုမို လိုက်လျောညီထွေမှု ဖြစ်နိုင်ပြီး လက်ရှိ အကျပ်အတည်း အခြေအနေနဲ့ နိုင်ငံတော် ဘတ်ဂျက်ကို ထပ်မံ ချိန်ညှိနိုင်စေမှာဖြစ်ပါတယ်” ဟု သမ္မတရုံးက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က အာဂျင်တီးနားသမ္မတ Javier Milei စတင်တာဝန်ယူခဲ့သည့်နောက်ပိုင်းတွင် Ferraro ၏ နုတ်ထွက်မှုက ဝန်ကြီးအဆင့် အနေဖြင့် ပထမဆုံး ရာထူးမှ နုတ်ထွက်ခြင်းဖြစ်သည်။ မကြာမီတွင် အစိုးရအဖွဲ့အပြောင်းအလဲများဖြင့် အာဂျင်တီးနားအစိုးရက ဝန်ကြီးဌာနကိုးခုအစား ဝန်ကြီးဌာန ၈ ခုသာ ရှိတော့မည်ဖြစ်သည်။ (Xinhua)

—————————
Argentine gov’t confirms resignation of infrastructure minister
BUENOS AIRES, Jan. 27 (Xinhua) — The Argentine government said on Saturday that Infrastructure Minister Guillermo Ferraro will resign in the coming days for “personal reasons.”
“Progress will be made in the original plan to merge the infrastructure area within the Ministry of Economy,” the president’s office said on the social media platform X, formerly Twitter.
The president’s office said that such a merger “will generate greater coherence in the economic policy of the national government, and will allow for further adjustment of the budget to the current crisis context.”
Ferraro’s resignation will be the first at the ministerial level since President Javier Milei assumed the Argentine presidency on Dec. 10, 2023. With the cabinet reshuffle, the Argentine government will soon have eight ministries instead of nine. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.