Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံရှိ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး စတင်

ဖနွမ်းပင် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံရှိ နိုင်ငံရေးပါတီများသည် ဇူလိုင် ၂၃ ရက်တွင် ကျင်းပပြုလုပ်ရန် သတ်မှတ်ထားသည့် အထွေထွေရွေးကောက်ပွဲအတွက် သုံးပတ်ကြာ မဲဆွယ်စည်းရုံးရေးအား ဇူလိုင် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ပြည်သူ ၉.၇ သန်းကျော် ဆန္ဒမဲပေးကြမည့် မဲဆန္ဒနယ် ၁၂၅ နေရာရှိသည့် အောက်လွှတ်တော်အတွက် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၈ ပါတီက ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ (Xinhua)
………………………..

(English Version)

Political parties in Cambodia launch campaigns for general election

Political parties in Cambodia began on Saturday a three-week campaign for the general election scheduled to be held on July 23.

Eighteen political parties will contest in the forthcoming election for the 125-seat National Assembly, which will see more than 9.7 million people cast their ballots, according to the National Election Committee (NEC).
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)