Connect with us

Social

မြန်မာပြည်တွင်း တရုတ် လုပ်ငန်းရှင်အသင်းမှ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်လှူဒါန်း

မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်း ဒုတိယ ဥက္ကဌ Wu Ming Yuan မှ ရေဘေးသင့် ပြည်သူတစ်ဦးအား ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

စစ်ကိုင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီများ အသင်း ၊ မြန်မာဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက် နှင့် မြန်မာယန်စီ ကော့ပါး လီမိတက်တို့မှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကြေးနီ စီမံကိန်းများ အနီးရှိ ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုများသို့ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ တောင်ပလူ ကျေးရွာအုပ်စု ၊ ကျော်ရွာအနီး လက်ပံတောင်း တောင်ကြား စေတီ သာသနာ့ ဗိမာန်၌ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်း ဒုတိယ ဥက္ကဌ Wu Ming Yuan က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံများ ဖြစ်ပြီး ဆွေမျိုး ပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ရှိပြီး ၊ ယခု မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ် ကြုံတွေ့ နေရသည့်အတွက် ကိုယ်ချင်း စာနာပြီး လှူဒါန်းရခြင်း ဖြစ်ပါသည်။ ရေဘေးဒဏ်သင့် မကွေးတိုင်း ဒေသကြီးသို့လည်း မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်းမှ သွားရောက် လှူဒါန်းပြီး ဖြစ်သကဲ့သို့ အခြားနေရာများ တွင်လည်း ဆက်လက် ဆောင်ရွက်နေပါကြောင်း ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများတွင် လိုအပ်သည့် ကယ်ဆယ်ရေး စားနပ်ရိက္ခာများကို ကြိုတင် လေ့လာစုံစမ်းပြီး ယခုလို လာရောက် လှူဒါန်းရခြင်း ဖြစ်ပါသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုမ္ပဏီ လုပ်ငန်းရှင်များ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သဘာဝ ဘေးဒဏ်ကို မြန်ဆန်စွာ ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများအသင်း အတွင်းရေးမှူး းZhou Wen Xin မှ ဆားလင်းကြီး မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကျော်သောင်းထံသို့ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ Norinco ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Cheng Kefei မှ ရေဘေးသင့် ပြည်သူတစ်ဦးအား ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

မြန်မာဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက် မှ ရေဘေးသင့် ပြည်သူတစ်ဦးအား ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

မြန်မာ ယန်စီကော့ပါး လီမိတက် မှ ရေဘေးသင့် ပြည်သူတစ်ဦးအား ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးသောင်းစိန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပမ်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦးတို့ကလည်း ယခုကဲ့သို့သဘာဝ ဘေးဒဏ်သင့် ပြည်သူများ လိုအပ်သည့် စားနပ်ရိက္ခာ ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိ မှတ်တမ်း တင်ပါကြောင်း ဝမ်းမြောက်စကားများ အသီးသီး ပြောကြားခဲ့သည်။

ထို့နောက် မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများအသင်း အတွင်းရေးမှူး Zhou Wen Xin က ဆားလင်းကြီး မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကျော်သောင်းထံသို့စုစုပေါင်း လှူဒါန်းသည့် ဆန်အိတ် ၁,၂၀၀ ၊ စားသုံးဆီပုံး ၃၀၀ (ဆီပိဿာ ၃,၀၀၀) တို့အား ပေးအပ် လှူဒါန်းခဲ့သည့်အပြင် မြန်မာဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက်နှင့် မြန်မာ ယန်စီ ကော့ပါး လီမိတက် အနီး ကျေးရွာအုပ်စုများရှိ ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုများသို့ဆန် ၊ ဆီ အိတ်များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုကဲ့သို့ မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်း ၊ မြန်မာဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက်နှင့် မြန်မာ ယန်စီကော့ပါး လီမိတက် တို့မှ အရေးပေါ် စားနပ် ရိက္ခာဖြစ်သည့် ဆန် ၊ စားသုံးဆီ တို့ကို ထောက်ပံ့ လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကြေးနီစီမံကိန်း ဧရိယာ အနီးအဝိုက် ကျေးရွာများအပြင် စီမံကိန်း ဧရိယာနှင့် လွတ်ကင်းသည့် ရေဘေးသင့် ကျေးရွာများကိုပါ ထောက်ပံ့ လှူဒါန်းရသည့်အတွက် များစွာ ကျေးဇူး တင်ရှိပါကြောင်း ကျေးရွာ ဒေသခံ တစ်ဦးက ပြန်လည် ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကြေးနီ စီမံကိန်းများ အနီးရှိ ကျေးရွာ ၃၂ ရွာမှ ရေဘေးသင့် အိမ်ထောင်စု ၄,၆၁၇ အတွက် မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်း ၊ မြန်မာ ဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက်နှင့် မြန်မာ ယန်စီကော့ပါး လီမိတက် တို့မှ အရေးပေါ် စားနပ်ရိက္ခာ ဆန်အိတ်နှင့် စားသုံးဆီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀,၀၀၀ တန်ဖိုးရှိ ပစ္စည်းများကို ထောက်ပံ့ ပေးအပ် လှူဒါန်းခဲ့သည်။ (Xinhua)