Connect with us

Media

ရုရှားနိုင်ငံရှိ Ebeko မီးတောင်က ပြာမှုန့်များ မီတာ ၃,၀၀၀ အမြင့်အထိ မှုတ်ထုတ်

မော်စကို၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံရှိ Ebeko မီးတောင်က ပြာမှုန့်များအား မီတာ ၃,၀၀၀ အမြင့်အထိ လေထုထဲသို့ မှုတ်ထုတ်ခဲ့ကြောင်း ရုရှားသုတေသနအဖွဲ့က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“မီးတောင်က ပြာတွေ မှုတ်ထုတ်တာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃,၀၀၀ မီတာခန့် ရှိတယ်” ဟု ရုရှားသိပ္ပံအကယ်ဒမီ Unified Geological Survey သုတေသနစင်တာ၏ Kamchatka ရုံးခွဲ ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။

အမြင့် ၁,၁၅၆ မီတာရှိသည့် Ebeko မီးတောင်သည် Paramushir ကျွန်းပေါ်တွင် တည်ရှိကာ မီးတောင်အတွက် ပုံမှန်ဟု သတ်မှတ်ထားသည့် အနည်းအကျဉ်းမှ အတန်အသင့်အထိ သာမန်မှုတ်ထုတ်မှုများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှစ၍ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(English Version)
Russia’s Ebeko volcano spews ash 3,000 meters high
Russia’s Ebeko volcano spewed ash to a height of 3,000 meters into the atmosphere, a Russian research institute said Wednesday.
“The ash emission reached approximately 3,000 meters above sea level,” said the press service of the Kamchatka branch of the federal research center Unified Geological Survey of the Russian Academy of Sciences.
The 1,156-meter-high Ebeko volcano is located on Russia’s Kuril Island of Paramushir. Regular emissions, ranging from weak to moderate, have been ongoing since Oct. 20, 2016, which are considered normal for the volcano.
Xinhua News Agency correspondents reporting from Moscow.(XHTV)