13
Fri, Dec
505 New Articles

ဖနွမ်းပင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆမ်ဒက်ဟွန်ဆန်က ပြည်ပြေးအတိုက်အခံခေါင်းဆောင်ဟောင်းSam Rainsy အား အသရေဖျက်မှုဖြင့် ပြင်သစ်နိုင်ငံရှိတရားရုံးတစ်ခု၌ သြဂုတ် ၂ဝ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း ဝန်ကြီးချုပ်ဥပဒေအတိုင်ပင်ခံဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

နယူးဒေလီ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ်မြောက် လကမ္ဘာခရီးစဉ် (Moon Mission) သု့ိမဟုတ် Chandrayaan-2 အာကာသလွန်းပျံယာဉ်သည် သြဂုတ် ၂၀ ရက်တွင် လပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဟု အာကာသလုပ်ငန်းက အတည်ပြုခဲ့ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) က ပြောကြားခဲ့သည်။

ပန်ဂျပ် ၊ အိန္ဒိယ ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမာချယ်ပါရာဒက်ရှ် ( Himachal Pradesh ) ၊ ဥထရာခန် ( Uttarakhand) နှင့် ပန်ဂျပ် (Punjab) ပြည်နယ်များတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၄ဝ ကျော်သေဆုံးခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ယနေ့(သြဂုတ် ၂ဝ ရက်) တွင် သတင်းဖော်ပြခဲ့သည်။

မွန်ဘိုင်း ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ၊ မွန်ဘိုင်းမြို့မှ ၃၉၁ ကီလိုမီတာ ကွာဝေးသော နိုင်ငံ အနောက်ပိုင်း မဟာရပ်ရှ (Maharashtra) ပြည်နယ် ၊ Nimgul ဒေသတွင် သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲတွင် ပြည်နယ် သယ်ယူပို့ဆောင်ရေး ဘတ်စ်ကား တစ်စီး နှင့် ကုန်သေတ္တာတင်ယာဉ် တစ်စီးတို့တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။

ကျိုဒို ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

တင်းမာမှုအမြင့်ဆုံးအဆင့် ရောက်ရှိနေသည့် ဟောမျူ့ရေလက်ကြား(Hormuz)ကို ကာကွယ်ရန် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့အားကူညီရန်အတွက် အရှေ့အလယ်ပိုင်းဒေသသို့ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စေလွှတ်ခြင်းအပေါ် ဂျပန်ပြည်သူထက်ဝက်ကျော်က ဆန့်ကျင်ကြောင်း ကျိုဒို(Kyodo) သတင်းဌာနမှပြုလုပ်သော လူထုစစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

ဂျကာတာ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ၊ ဆူလာဝေစီ(Sulawesi) ပြည်နယ် အရှေ့တောင်ဘက်ရှိ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၁၇ ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည့် ခရီးသည်တင် သင်္ဘော မီးလောင်မှု အတွင်း ပျောက်ဆုံး နေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့(သြဂုတ် ၁၈ ရက်)တွင် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံး၏ အကြီးအကဲ Junaidi Satta က ပြောကြားခဲ့သည်။

ဒါကာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေရှ့်နိုင်ငံ၌ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁,၅၃၈ဦးရှိခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူစုစုပေါင်း အရေအတွက်သည် ၄၉,၉၉၉ ဦးထိ ရှိလာကြောင်း သိရသည်။

ဘန်ကောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး မြှင့်တင်ရန် အစီအစဉ်အရ လမ်းဘေးအစားအစာ အရည်အသွေး မြှင့်တင်ရန် သြဂုတ်လ ၁၆ ရက်က သန္နိဋ္ဌာန်ချလိုက်ကြောင်း သိရသည်။

ဂျကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ် သုတေသနနှင့် တည်ဆောက်ရေးအဖွဲ့အစည်းနှင့် အင်ဒိုနီးရှားနိုင်ငံအဖွဲ့အစည်းတို့က အင်ဒိုနီးရှားနိုင်ငံရှိ နေရာများစွာ၌ ငလျင်ကြိုတင်သတိပေးစနစ် (EEWS) အား တပ်ဆင်ရန် ပူးတွဲတည်ဆောက်ရေးစီမံကိန်းအား သြဂုတ် ၁၅ ရက်တွင် ကြေညာလိုက်ပြီး ယင်း စီမံကိန်းက လက်ရှိတွင် ဆူနာမီသတိပေးစနစ်ကိုသာ လုပ်ဆောင်ပေးနေသည့် စနစ်အား ပြီးပြည့်စုံစေရန် ရည်ရွယ်ကြောင်း သိရသည်။