Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ သမ္မတတွင် ဒုတိယအကြိမ်မြောက် COVID-19 ရောဂါကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိ

ပါကစ္စတန်နိုင်ငံမြို့တော်၊ အစ္စလာမ်မာဘတ်မြို့ ၌ ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က ဆင်ဟွာသတင်းဌာနနှင့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ဖြေကြားနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi သည် ဒုတိယအကြိမ်မြောက် COVID-19 ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု သမ္မတက ဇန်နဝါရီ ၆ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။

“ကျွန်တော် COVID-19 ထပ်ပြီးကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ကျွန်တော် လည်ချောင်းနာနေတာ ၄-၅ ရက်ရှိပါပြီ။ အခုတော့ တော်တော်လေးသက်သာနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ညကတော့ နာရီအနည်းငယ်အဖျားတက်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားဘာရောဂါလက္ခဏာမှ မရှိပါဘူး’’ ဟု သမ္မတက တွစ်တာတွင် ရေးသားခဲ့သည်။

Alvi သည် ၂၀၂၁ ခုနှစ် မတ်လတွင် COVID-19 ရောဂါအားတွေ့ရှိခဲ့ကာ ၎င်း၏ နေအိမ်တွင် သီးသန့်နေထိုင်ပြီးနောက်ပြန်လည်ကောင်းမွန်ခဲ့ကြောင်း၊ ယင်းကာလအတွင်း ၎င်း၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုရပ်တန့်ရန် အစိုးရမှသတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန် ၎င်းက ညွှန်ကြားခဲ့သည်။
နိုင်ငံအတွင်းရှိ ကျန်းမာရေးအာဏာပိုင်များက အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါကူးစက်မှု ပဉ္စမလှိုင်းအစပြုလျက်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ထားချိန်၌ သမ္မတက ယခုလို ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံတွင် အောက်တိုဘာ ၁၄ ရက်မှစ၍ ပထမဆုံးအကြိမ် နေ့စဉ် COVID-19 ကူးစက်မှု ၁,၀၀၀ ကျော်ရှိလာကြောင်း ဇန်နဝါရီ ၆ ရက်က သတင်းဖော်ပြခဲ့ပြီး၊ ယင်းမှာ အလွန်ဆိုးဝါးသည့်အခြေအနေကို ညွှန်ပြလျက်ရှိကြောင်း ကပ်ရောဂါတိုက်ဖျက်ရေးကမ်ပိန်း ဦးဆောင်ဌာနဖြစ်သည့် အမျိုးသားကျန်းမာရေးကွပ်ကဲမှုနှင့်ကြီးကြပ်ရေးစင်တာ NCOC အရ သိရသည်။

ပါကစ္စတန်နိုင်ငံ၌ COVID-19 အသစ်ကူးစက်မှုများ အပါအဝင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၁,၂၉၉,၈၄၈ ဦး ရှိပြီဖြစ်ကြောင်း NCOC ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………….
(English Version)
Pakistani president tests positive for COVID-19 for 2nd time
ISLAMABAD, Jan. 6 (Xinhua) — Pakistani President Arif Alvi tested positive for COVID-19 for the second time, the president said in a tweet on Thursday.
“I have tested positive for COVID-19 again. I had a sore throat since 4-5 days and was getting better. Felt mildly feverish for a few hours two nights ago. No other symptoms,” the president tweeted.
In March last year, Alvi tested positive for the disease and recovered after a home quarantine. His condition remained stable during the period.
He directed the public to follow guidelines identified by the government to stop the spread of the coronavirus.
The president got infected at the time when health authorities in the country were warning of the beginning of the fifth wave of COVID-19 infections triggered by the Omicron variant.
The country on Thursday reported over 1,000 daily COVID-19 cases for the first time since Oct. 14, indicating the seriousness of the situation, according to the National Command and Operation Center (NCOC), the department leading the country’s campaign against the pandemic.
According to the NCOC, with the new cases, the total number of COVID-19 patients surged to 1,299,848 in the Asian country. Enditem