Connect with us

China

တရုတ်နိုင်ငံ Long March စီးရီး ဒုံးပျံ၏ အကြိမ် ၄၀၀ မြောက် လွှတ်တင်မှုပြီးမြောက်

တရုတ်နိုင်ငံ Jiuquan ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ Practice 6 ၏ Group 05 ဂြိုလ်တုအား Long March-4D သယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၁၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် Long March သယ်ဆောင်ရေးဒုံးပျံ၏ အကြိမ် ၄၀၀ မြောက်လွှတ်တင်မှုဖြစ်သည့် Practice 6 ၏ Group 05 ဂြိုလ်တုအား Long March-4D သယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လွှတ်တင်ခဲ့ကြောင်း၊ ၎င်းဂြိုလ်တုသည် အာကာသပတ်ဝန်းကျင် စူးစမ်းလေ့လာရေးနှင့် နည်းပညာသစ် စမ်းသပ်စိစစ်ခြင်းအတွက် အသုံးပြုမည်ဖြစ်ကြောင်းနှင့် ၎င်းမစ်ရှင်အတွက်လုပ်ဆာင်သည့် ဒုံးပျံနှင့် ဂြိုလ်တုများအားလုံးကို China Aerospace Science and Technology Corporation of Eighth Academy မှ တီထွင်ထုတ်လုပ်ထားကြောင်း သိရသည်။

Long March 1 သယ်ဆောင်ရေးဒုံးပျံ၏ ပထမဆုံးပျံသန်းမှုသည် ၁၉၇၀ ခုနှစ်မှစတင်ခဲ့ကြောင်း၊ ယခု Long March ဒုံးပျံ၏ အာကာသလွှတ်တင်ရေးမစ်ရှင်များ၏ ၉၂ ဒသမ ၁ ရာခိုင်နှုန်းကို နှစ်ပေါင်း ၅၁ နှစ် အတွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အာကာသယာဉ်ပေါင်း ၇၀၀ ကျော်ကို အာကာသထဲသို့ လွှတ်တင်ခဲ့ပြီး အောင်မြင်စွာလွှတ်တင်မှုနှုန်းမှာ ၉၆ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ လွှတ်တင်မှု အကြိမ် ၄၀၀ တွင် ပထမ အကြိမ် “၁၀၀” သုံးပိုင်းသည် ၃၇ နှစ်၊ ၇ နှစ်ခွဲနှင့် ၄ နှစ်ကျော် အသီးသီး ကြာမြင့်ခဲ့ကြောင်း၊ နောက်ဆုံးလွှတ်တင်မှု အကြိမ် “၁၀၀” သည် ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်မှ ယနေ့အထိ ၃၃ လသာ ကြာခဲ့ကြောင်း သိရသည်။

China Engineering Academy အဖွဲ့ဝင် နှင့် အာကာသသိပ္ပံနှင့် နည်းပညာအဖွဲ့မှ ပထမဆုံး အာကာသသိပ္ပံအကယ်ဒမီအုပ်စု၏ Long March စီးရီးဒုံးပျံများ၏ အကြီးတန်းအတိုင်ပင်ခံပညာရှင် Long Lehao ၏အဆိုအရ Long March ဒုံးပျံ၏ ပစ်လွှတ်မှုအကြိမ် ၄၀၀ ကို အကျဉ်းချုပ်ကြည့်ပါက ပထမ အကြိမ် ၁၀၀ မှာ ဘာမှမရှိသည့် အခြေအနေမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယ အကြိမ် ၁၀၀ မှာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ တတိယ အကြိမ် ၁၀၀ မှာမူ အလုံးစုံ အသွင်သို့ ပြောင်းလဲခဲ့ကြောင်း၊ စတုတ္ထ အကြိမ် ၁၀၀ မှာ နိုင်ငံ၏ အရေးပါသော ကဏ္ဍ ဖြစ်ခဲ့သည်။

Long March ဒုံးပျံ၏ အခေါက်ရေ အလွန်စိတ်သော လွှတ်တင်မှုနောက်ကွယ်တွင် လွှတ်တင်သည့်အကြိမ်ရေ တိုးလာသလို လွှတ်တင်နိုင်စွမ်းလည်း တိုးမြင့်လာကြောင်းနှင့် အာကာသသိပ္ပံ၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီး မိမိကိုယ်တိုင် အားကိုးအားထားမှုလည်း တိုးမြှင်ခဲ့ခြင်းဖြစ်ကြောင်း အာကာသသိပ္ပံနှင့် နည်းပညာအဖွဲ့၏ ဥက္ကဋ္ဌ Wu Yanshengက ဆိုသည်။

နောက်ဆုံး လွှတ်တင်မှု အကြိမ် ၁၀၀ တွင် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသစခန်းပင်မခန်း၊ Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်၊ Tianwen-1အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေးအာကာသယာဉ်၊ Shenzhou လူလိုက်ပါသော အာကာသယာဉ်၊ Tianzhou ကုန်တင်အာကာသယာဉ်နှင့် Beidou-3 ဂြိုလ်တုလမ်းကြောင်းပတ်စနစ် စသည့် နိုင်ငံ၏အရေးပါသော အာကာသယာဉ်များသည် Long March ဒုံးပျံများဖြင့် အာကာသထဲသို့ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့် အခြေခံ Long March ဒုံးပျံ ၁၁ စင်းသည် L, M, H အဆင့်သုံးဆင့်ဖြင့် ကွဲပြားသော ကမ္ဘာပတ်လမ်းကြောင်းများနှင့် အာကာသယာဉ် လုပ်ဆောင်ချက် အမျိုးမျိုး၏ လုပ်ဆောင်နိုင်စွမ်းရှိကြောင်းနှင့် နက်ရှိုင်းသော အာကာသ စူးစမ်းလေ့လာမှုများကို မောင်းသူမဲ့နည်းပညာဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သော လွှတ်တင်မှု အကြိမ် ၁၀၀ တွင် Long March 5B ၊ Long March 7A နှင့် Long March 8 ကဲ့သို့သော အဖွဲ့ဝင်အသစ်များ ပါဝင်လာကြောင်း၊ Long March သယ်ဆောင်ရေးဒုံးပျံ မိသားစု ဆက်လက်ကြီးထွားလာမှုသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးအတွက် အလားအလာများ ပိုမိုတိုးပွားလာခဲ့ကြောင်း သိရသည်။

အာကာသသိပ္ပံနှင့် နည်းပညာအဖွဲ့ မှ သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ လက်ရှိတွင် လူလိုက်ပါသော လွှတ်တင်ရေးယာဉ် မျိုးဆက်သစ်များနှင့် အကြီးစား လွှတ်တင်ရေးယာဉ်များကို စီစဉ်ထားသည့်အတိုင်း တီထွင်ထုတ်လုပ်လျက်ရှိကြောင်း၊ ၎င်းသည် လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း၏ စတုတ္ထအဆင့်၊ ဂြိုဟ်တုငယ်များ စူးစမ်းရှာဖွေရေး၊ ဂျူပီတာ စူးစမ်းလေ့လာရေး၊ လူလိုက်ပါသော လကမ္ဘာစူးစမ်းလေ့လာရေးနှင့် အင်္ဂါဂြိုဟ်မှ နမူနာယူခြင်း စသည့် အဓိက အာကာသပရောဂျက်များကို တွန်းအားပေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အနာဂတ်တွင် Long March ဒုံးပျံ၏ စီးရီးသစ် ဒုံးပျံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ၊ ဒုံးပျံအသစ်နှင့် အဟောင်းများကို အပြည့်အဝ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း၊ ဒုံးပျံများကို ပြန်လည်အသုံးပြုခြင်း၊ ဆင်းသက်မှုထိန်းချုပ်ခြင်း၊ အလိုအလျောက်လွှတ်တင်ခြင်းနှင့် ဂြိုဟ်တုအစုံလိုက် ဖြန့်ကျက်ခြင်း စသည့် နည်းပညာဆိုင်ရာ အောင်မြင်မှုများသည် တရုတ်နိုင်ငံ၏ သယ်ဆောင်ရေး ဒုံးပျံနည်းပညာ အဆင့် ခုန်ပျံကျော်လွှားမှုအသစ်ကို ထပ်မံရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version

(科技)我国长征系列运载火箭迎来第400次发射
2021-12-10 09:32:28 分类: 其他
新华社北京12月10日电(记者胡喆)12月10日,我国长征系列运载火箭迎来第400次发射,长征四号乙运载火箭成功将实践六号05组卫星送入太空,卫星将用于开展空间环境探测和新技术试验验证。执行本次任务的火箭与卫星均由中国航天科技集团有限公司八院研制。
从1970年长征一号运载火箭“第一飞”至今,长征火箭51年间实施了我国92.1%的航天发射任务,先后将700余个航天器送入太空,发射成功率为96.25%。在400次发射里,前三个100次分别用时37年、7年半和4年多,而最新的100次从2019年3月10日至今,仅用了33个月。
在中国工程院院士、航天科技集团一院长征系列运载火箭高级顾问龙乐豪看来,长征火箭的4个百次发射,可以概括为从无到有100次、更高更远200次、脱胎换骨300次、大国重器400次。
“长征火箭高密度发射的背后,不仅是发射频率的提升,也是发射能力的提升,更是航天科技勇攀高峰、自立自强的体现。”航天科技集团董事长吴燕生说。
在最近的100次发射中,我国首个空间站核心舱、嫦娥五号月球探测器、天问一号火星探测器、神舟载人飞船、天舟货运飞船、北斗三号导航卫星等“国之重器”均由长征火箭送入太空。
目前,正在服役的11个基本型长征火箭具备发射低、中、高不同地球轨道和不同类型航天器的能力,并能支撑无人深空探测。
在最近的100次发射中,还涌现出长征五号B、长征七号甲、长征八号等新成员,长征运载火箭家族不断壮大,为中国航天探索宇宙提供了更多可能。
据航天科技集团有关专家介绍,目前,新一代载人运载火箭、重型运载火箭等正在按计划开展研制,将有力推动探月工程四期、小行星探测、木星探测、载人月球探测、首次火星采样等航天重大工程开展。
未来,随着新一代长征系列运载火箭的不断发展,新老火箭将实现全面交替,火箭重复使用、落区控制、无人值守发射、多星部署等技术的突破,将使我国运载火箭技术水平再次实现新跨越。(完)