Connect with us

North America

ဒီမိုကရေစီအရေခြုံထားသည့် အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု သရုပ်မှန်

အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် လွှတ်တော်အဆောက်အဦကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်သည် မိမိကိုယ်ကို “တောင်ထိပ်ထက်ရှိမြို့” နှင့် “မီးပြတိုက်တိုင်းပြည် ” ဟု အမြဲ ခေါ်ဝေါ်ခဲ့သလို စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ၎င်းသည် “သမိုင်း၏အဆုံး” ဟူသော ရူးသွပ်သောအတွေးအခေါ်ထဲတွင် နစ်မြောနေကာ ပြင်ပကမ္ဘာသို့ ၎င်း၏ နိုင်ငံရေးစနစ်နှင့် ဒီမိုကရေစီ အတွေးများကို ရိုက်သွင်းခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် လက်နက်ကိုင်ကျူးကျော်မှု၊ “ရောင်စုံတော်လှန်ရေး” ၊ ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်ခဲ့သည့် အမေရိကန်၏ “ဒီမိုကရေစီအသွင်ကူးပြောင်းမှု” နည်းလမ်းအမျိုးမျိုးကို အရှေ့အလယ်ပိုင်းနယ်မြေများက မျက်မြင်တွေ့ခဲ့ရသလို ကမ္ဘာ့ပြည်သူများကလည်း ဒီမိုကရေစီအရေခြုံထားသည့် အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု သရုပ်မှန်အား ရှုမြင်ခဲ့ရသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ Tahrir ရင်ပြင်တွင် အဓိကရုဏ်းဖြစ်ပွားသည့် မြင်ကွင်းကို ၂၀၁၁ ခုနှစ်ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်က ၎င်း၏”ဒီမိုကရေစီ”အတွေးအမြင်နှင့် ကြမ်းကြုတ်သော စစ်ပွဲနည်းလမ်းကို အသုံးပြုကာ အရှေ့အလယ်ပိုင်းဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခတစ်ခုပြီးတစ်ခု ဖန်တီးခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်သည် ကုလလုံခြုံရေးကောင်စီ၌ အဖြူရောင်အမှုန့်များအား သက်သေအဖြစ် ထုတ်ပြခဲ့ရာ အီရတ်တွင် အများအပြားသေကြေပျက်စီးနိုင်သည့် လက်နက်များ ပိုင်ဆိုင်ထားသည်ဟုပြောကြားပြီး အမေရိကန်သည် အီရတ်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ယင်းကြောင်းအရာမှာ ၎င်း၏ဘ၀တွင် အမည်းစက်ဖြစ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်စသည့်နိုင်ငံတကာထောက်လှမ်းရေး အေဂျင်စီများမှ ရန်ပုံငွေ ပံ့ပိုးထားသည့် White Helmet အဖွဲ့အစည်းမှ စုစည်းပြီး လုပ်ဆောင်ထားသည့် ဟန်ဆောင်ဗီဒီယိုဖြင့် အမေရိကန်သည် ဆီးရီးယားအစိုးရက ဓာတုလက်နက်အသုံးပြုကြောင်း ပြောကြားပြီး ဆီးရီးယားကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန်မှ အီရတ်၊ လစ်ဗျားမှ ဆီးရီးယားအထိ၊ အမေရိကန်ကြောင့် စစ်ဘေးသင့်သောနိုင်ငံများမှ စစ်ဘေးရှောင်ဒုက္ခသည်များ အများအပြားသည် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။ အမေရိကန်က ဒုက္ခသည်အကျပ်အတည်းကို အစပြုသူအနေဖြင့် ထိုစဉ်တွင် ၎င်း၏ “ဒီမိုကရေစီ”ပုံသွင်းရေးတွင် အလွန်တက်ကြွသော်လည်း ၎င်းကြောင့်ဖြစ်ပေါ်လာသော အကျပ်အတည်းများ ဖြေရှင်းရာတွင် တက်ကြွစွာလုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

“အမေရိကန်၏ပုံရိပ်ဖြင့် ကမ္ဘာတဝန်းလုံးကို ပြုပြင်ပြောင်းလဲရန်” “ရောင်စုံတော်လှန်ရေး” ကို သွေးထိုးလှုံ့ဆော်ခြင်းသည် အမေရိကန်၏ သုံးမြဲနည်းလမ်းဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သော “Arab Spring” သည် အရှေ့အလယ်ပိုင်းရှိ နိုင်ငံအများအပြားတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် အကြမ်းဖက်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ၎င်းနောက်ကွယ်တွင် ထိန်းချုပ်လုပ်ဆောင်သည့်ထဲမှ အမေရိကန်က အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်အစောပိုင်းတွင်၊ အမေရိကန် “New York Times” မှ “American Groups Helped to Cultivate the Arab Uprising” ဟူသော ဆောင်းပါးကို ပုံနှိပ်ဖော်ပြခဲ့ကြောင်း၊ အဆိုပါ လှုပ်ရှားမှုများ၏ အဓိကခေါင်းဆောင်များအားလုံးသည် အမေရိကန်မှ လေ့ကျင့်သင်ကြားမှုများ ရရှိပြီး ရွေးကောက်ပွဲ ဝင်ရောက်ရန်၊ စည်းရုံးကျင်းပရန်အတွက် မီဒီယာကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှုကို တတ်မြောက်ထားသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသကို ရှုမြင်လျှင် “ရောင်စုံတော်လှန်ရေး” သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ခြင်း မရှိဘဲ၊ နိုင်ငံအများစုကို နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးဆုတ်ယုတ်မှုနှင့် လူမှုရေးဆိုင်ရာ ကပ်ဘေးများထဲတွင် နစ်မြုပ်စေကြောင်း၊ အချိန် ၁၀ နှစ်ကျော်ကြာပြီးနောက် ယနေ့တွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ ဆုတ်ခွာသွားသော်လည်း ဒေသခံပြည်သူများသည် ဒုက္ခရောက်နေဆဲဖြစ်သည်။ ဗြိတိန် The Guardian မှ ထုတ်ဝေသည့် ပြည်သူ့စစ်တမ်းရလဒ်များအရ အာရပ်နိုင်ငံ ၉ နိုင်ငံတွင် နေထိုင်သူ အများစုက ယနေ့ခေတ်သည် “Arab Spring” မတိုင်မီကထက် ပိုမိုတရားမျှတမှုမရှိကြောင်း၊ လူနေဘဝ ပိုမိုဆိုးရွားလာမှု၊ စိတ်ပျက်အားငယ်မှုနှင့် ချို့တဲ့မှုခံစားချက်များသည် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ၎င်း၏ “ဒီမိုကရေစီ” ဟူသော အလံကို ကိုင်ဆောင်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများကို ဖိနှိပ်ချုပ်ချယ်ရန် အစွမ်းကုန် လုပ်ဆောင်ခဲ့ကြောင်း၊ အီရန်သည် ဤအပြုအမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို အများဆုံးခံစားရသည့် အရှေ့အလယ်ပိုင်းနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း၊ ၁၉၅၀ ခုနှစ်များတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ၀န်ကြီးချုပ် Mosaddegh အာဏာရကာလတွင် ရေနံလုပ်ငန်းကို ပြည်သူပိုင်အဖြစ် မြှင့်တင်ပေးခဲ့ရာ အနောက်နိုင်ငံများ၏ အကျိုးစီးပွားကို ထိပါးခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီက Mosaddegh အစိုးရကို ဖြုတ်ချခဲ့သော အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သောကြောင့် အမေရိကန်ကို “ဒီမိုကရေစီသူခိုး” ဟု ခေါ်ဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် အီရန်၌ အစ္စလာမ်မစ်တော်လှန်ရေး ပေါ်ပေါက်လာသောအခါတွင် အမေရိကန်ပြည်ထောင်စုမှ ကျောထောက်နောက်ခံပြုထားသော Pahlavi မင်းဆက်ကို ဖြုတ်ချခဲ့ရာ အမေရိကန်သည် အီရန်အပေါ် နှစ် ၄၀ ကြာ ပိတ်ဆို့အရေးယူမှုများ စတင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်အစိုးရသည် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူစာချုပ်မှ နုတ်ထွက်ပြီးနောက် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အီရန်၏ပြည်တွင်းစျေးနှုန်းနှင့် အလုပ်လက်မဲ့နှုန်းသည် မြင့်တက်လာပြီး ငွေကြေး တန်ဖိုးဆက်တိုက်ကျဆင်းသွားခဲ့ကာ လူအမြောက်အမြား ဒုက္ခရောက်နေရကြောင်း သိရသည်။

အမေရိကန်က အရှေ့အလယ်ပိုင်းရှိ ရှုပ်ထွေးသော လူမျိုးစုနှင့် လူမျိုးရေးပဋိပက္ခများကို လျစ်လျူရှုပြီး ၎င်း၏ “ဒီမိုကရေစီ” ကို ပုံသွင်းခဲ့ရာ မူလကဟန်ချက်ညီညီရှိသော လူနေမှုပုံစံကို ပျက်စီးစေကာ ဤဒေသတွင်း ရုန်းရင်းဆန်ခတ် အခြေအနေများကို ပိုမိုပြင်းထန်စေခဲ့ကြောင်း၊ အီရန်နိုင်ငံ တီဟီရန်တက္ကသိုလ် အာရှလေ့လာရေးစင်တာမှ ဒါရိုက်တာ Hamid Wafae က အမေရိကန်သည် ဗိုလ်ကျစိုးမိုးမှုကို မြှင့်တင်ရန် “ဒီမိုကရေစီ” ကို ဘန်းပြ၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီမိုကရေစီ”သည် လူသားအားလုံး၏ ဘုံတန်ဖိုးဖြစ်သလို နိုင်ငံတိုင်းရှိ ပြည်သူများ၏အခွင့်အရေးဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန်၏ လက်ဝါးကြီးအုပ်ပြီး အလွဲသုံးစားမှုလုပ်သည့် လက်နက်မဟုတ်ကြောင်း၊ “မီးပြတိုက်တိုင်းပြည် “၏ အရှေ့အလယ်ပိုင်းတွင် ဆိုးဝါးသော အပြုအမှုသည် အမေရိကန် ဒီမိုကရေစီ၏ အသွင်အပြင်ကို ထင်ရှားစေကြောင်း၊ အမေရိကန် လက်ကိုင်ပြုထားသော စစ်အေးခေတ်အတွေးအမြင်သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ လူသားအားလုံး၏ဘုံတန်ဖိုးကို လွတ်လပ်စွာ လိုက်စားခြင်း အတွေးအမြင်များနှင့် ဆန့်ကျင်ကြောင်း၊ ၎င်း၏နောက်ကွယ်ရှိ ကြီးမားသော ရည်ရွယ်ချက်နှင့် ကြမ်းကြုတ်သော လုပ်ရပ်များသည် နိုင်ငံတကာဆက်ဆံရေး၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် “အတားအဆီး” ဖြစ်လာစေခဲ့ကြောင်း၊ ယနေ့ကမ္ဘာကြီးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကွဲပြားမှုများအားဖယ်ထားပြီး တူညီမှုများကိုရှာဖွေခြင်းသာလျှင် မှန်ကန်သောနည်းလမ်းဖြစ်ကြောင်း၊ ဒီမိုကရေစီကို တစ်သားတည်းနှင့် လက်နက်အသွင်ဆောင်ခြင်းသည် နောက်ဆုံးတွင် အခြားသူနှင့် မိမိကိုထိခိုက်စေမည့် နည်းလမ်းသာဖြစ်သည်။ (Xinhua)

……………………………..
(Chinese Version)
(新华国际时评)看清美式民主画皮下的霸权真相
2021-12-16 23:47:44 分类: 政治法律
新华社德黑兰12月16日电题:看清美式民主画皮下的霸权真相
新华社记者高文成
美国一直自诩“山巅之城”“灯塔之国”,冷战结束以来更是深陷“历史终结论”的自恋迷思,对外输出美式政治制度和所谓的美式民主。武装入侵、“颜色革命”、打压遏制……中东这片土地见证了美国推行“民主改造”的种种手段,也让世人认清了美式民主画皮下的霸权真相。
美国为强行输出所谓“民主”,以野蛮的战争方式,在中东地区制造了一场又一场人道主义灾难。2003年,美国对伊拉克发动军事打击。时任美国国务卿鲍威尔在联合国安理会仅凭一管白色粉末就“指证”该国拥有大规模杀伤性武器,这后来成了鲍威尔一生的政治污点。2018年,美国又对叙利亚展开空中打击,而所谓叙政府使用化学武器的证据,事后被证明是美国等国情报部门资助的“白头盔”组织自编自演的摆拍视频而已。从阿富汗到伊拉克,从利比亚到叙利亚,被美国战火席卷的国家涌现出大批难民,外溢到周边国家和世界各地。而作为难民危机始作俑者的美国,当初输出“民主”时有多积极,解决这些危机时就有多消极。
为了将“世界其他地方按照美国的形象改造”,策动“颜色革命”是美国更常用的手段。始于2010年的“阿拉伯之春”在中东多国引发反政府抗议和暴力活动,美国扮演着幕后“操盘手”的重要角色。早在2011年,美国《纽约时报》就刊发题为《美国团体帮助培育阿拉伯起义》的文章。文中披露,这些运动的主要领导人都接受过美方培训,掌握了“通过新媒体工具进行竞选、组织和监督选举”。
环顾中东,“颜色革命”带来的不是民主与和平,而是让诸多国家陷入政治动荡、经济倒退和社会灾难。10多年后的今天,美国正在撤离中东,而当地民众仍在承受伤痛。英国《卫报》发布的一项民意调查结果显示,生活在9个阿拉伯国家的大多数民众认为,与“阿拉伯之春”之前相比,他们今天生活在更加不平等的社会中,生活条件更加恶化,绝望和被剥夺感有增无减。
美国还动辄祭出所谓“民主”大旗,竭尽打压遏制中东国家。伊朗便是受此荼毒最严重的中东国家之一。上世纪五十年代,民选首相摩萨台在执政期间推动石油业国有化,触及西方国家利益。1953年,美国中央情报局参与的政变推翻了摩萨台政权,美国也因此被称为“民主小偷”。后来,伊朗伊斯兰革命爆发,美国支持的巴列维王朝被推翻,美国开始对伊朗实施长达40年的封锁和制裁。2018年,美国政府单方面退出伊朗核问题全面协议,随后重启并新增一系列对伊制裁,伊朗国内物价水平和失业率齐升,货币“断崖式”贬值,大批民众生活陷入困境。
美国不顾中东地区错综复杂的部落和教派冲突,肆意输出自己所谓的“民主”,打破原有脆弱的平衡,加深了这一地区的动荡形势。伊朗德黑兰大学亚洲研究中心主任哈米德•瓦法埃说,“民主”是美国政客推行霸权主义的幌子。
民主是全人类共同价值,是各国人民的权利,不是由美国垄断和滥用的工具。“灯塔之国”在中东的丑行让美式民主原形毕露,美国顽固坚持的冷战对抗思维有悖于和平、发展、公平、正义、民主、自由的全人类共同价值追求,其背后的霸权野心和野蛮行径更已成为国际关系民主化进程中的“绊脚石”。当今世界面对多重挑战,团结合作、同舟共济、求同存异才是正道,把民主一元化、工具化、武器化没有出路,最终害人害己。(完)
图说1- 这是11月19日在美国华盛顿拍摄的国会大厦。(新华社发,沈霆摄)
图说2- 这是2011年1月28日埃及开罗解放广场的骚乱现场。近些年来,美国多次介入或操纵中东欧、中亚以及西亚北非一些国家的“颜色革命”,导致当地社会矛盾冲突加剧,民众被拖入灾难深渊。(新华社记者才扬摄)