Connect with us

Europe

ရုရှားက ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ပြန်လည်ဆောင်ရွက် ၊ ကိဗ်မြို့ရှိ အဓိကတံတားများကို ယူကရိန်း ပိတ်ဆို့ထား

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ လွတ်လပ်ရေး အောင်ပွဲနေ့ချီတက်ပွဲ အစမ်းလေ့ကျင့်မှုမတိုင်မီ စစ်ကားများအား ၂၀၂၁ ခုနှစ်၊ မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက မြို့တော်ကိဗ်နှင့် ချိပ်ဆက်ထားသော Dnieper မြစ်ကမ်းနှစ်ဖက်ရှိ အဓိက တံတားကို ပိတ်ဆို့ခဲ့ပြီး တံတား၏ ဘယ်ဘက်ကမ်းမှ ညာဘက်ကမ်းသို့ ရွေ့လျားသည့် ပစ်မှတ်များကို ချေမှုန်းမည်ဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မတပ်ဖွဲ့က ယင်းနေ့ တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov ၏ ပြောကြားချက်ကို ကိုးကား၍ TASS မှ သတင်းဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Alexei Arestovich က ရုရှား၏ တောင်းဆိုသတ်မှတ်ချက်များကို လက်မခံနိုင်သဖြင့် လက်ရှိ ယူကရိန်းက ရုရှားနှင့် ဆွေးနွေးမှုများ မပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု Sputnik က သတင်းဖော်ပြထားသည်။

အရေးယူပိတ်ဆို့မှုများက မည်သည့်အရာမှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Medvedev က ဖေဖော်ဝါရီ ၂၆ ရက်တွင် ရုရှား၏အကြီးဆုံးဆိုရှယ်မီဒီယာ VK ၌ရေးသားခဲ့သည်။ ရုရှားနိုင်ငံသားများနှင့် နိုင်ငံခြားရှိ ရုရှားကုမ္ပဏီများအပေါ် ပြုလုပ်သည့် ပိတ်ဆို့အရေးယူမှုများကို ရုရှားနိုင်ငံမှ တန်ပြန်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ဒွန်ဘတ်စ်ဒေသ ၏ လှုပ်ရှားမှုသည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် အတည်ပြုထားသည့် ပစ်မှတ်များအားလုံး အကောင်အထည်ဖော်နိုင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှားစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် ယူကရိန်းနိုင်ငံသား ၁၉၈ ဦးသေဆုံးပြီး ၁,၁၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် လုမှုကွန်ရက်အကောင့်၌ သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားစစ်သည် ၆၀ တင်ဆောင်ထားသော ရဟတ်ယာဉ် ၃ စင်းသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီ တွင် Lviv ပြည်နယ် Brody မြို့ ဆင်ခြေဖုံးသို့ရောက်ရှိခဲ့ရာ ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ယင်းတို့က သစ်တောဘက်သို့ ဆုတ်ခွာခဲ့ကြောင်း ယူကရိန်းအနောက်ပိုင်းပြည်နယ် Lviv မြို့တော်ဝန် Sadovyi က ပြောကြားခဲ့သည်ဟု ယူကရိန်းသတင်းအေဂျင်စီများက သတင်းဖော်ပြထားသည်။

ယူကရိန်းသည် ရုရှား၏ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်းနှင့် လက်ရှိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ယူကရိန်းသမ္မတဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းက မြို့တော်ကိဗ်နှင့် ဆက်သွယ်ထားသောDnieperမြစ်ကမ်းနှစ်ဖက်ရှိ အဓိက တံတားကို ပိတ်ဆို့ခဲ့ပြီး တံတား၏ ဘယ်ဘက်ကမ်းမှ ညာဘက်ကမ်းသို့ ရွေ့လျားသည့် ပစ်မှတ်များကို ချေမှုန်းမည်ဖြစ်ကြောင်းယူကရိန်းပြည်ထဲရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက် နံနက်တွင် လူမှုကွန်ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရုရှားစစ်တပ်က Dnieperမြစ် ဘယ်ဘက်ကမ်းမှနေ၍ လေကြောင်းမှတိုက်ခိုက်ပြီး တံတားကို သိမ်းပိုက်ကာ Dnieperမြစ်ညာဘက်ကမ်းရှိ ယူကရိန်း လွှတ်တော်၊ ယူကရိန်းသမ္မတရုံးနှင့် အစိုးရရုံးများကို ဝင်ရောက်စီးနင်းရန်စီစဉ်နေကြောင်း ယူကရိန်းမီဒီယာက သတင်းဖော်ပြထားသည်။(Xinhua)

……………………………………
(Chinese Version)
(乌克兰局势)最新动态:俄表示恢复在乌军事行动 乌军封锁基辅市主要桥梁

2022-02-26 23:13:55 分类: 政治法律
新华社北京2月26日电综合新华社驻外记者报道:俄罗斯总统新闻秘书佩斯科夫26日说,由于乌克兰方面拒绝同俄方谈判,俄罗斯主要部队当天按照在乌克兰行动计划恢复行动。乌克兰内务部26日说,乌军将封锁首都基辅市连接第聂伯河两岸的主要桥梁,并歼灭从左岸通过桥梁向右岸移动的目标。

——塔斯社26日援引俄罗斯总统新闻秘书佩斯科夫的话报道说,由于乌克兰方面拒绝同俄方谈判,俄罗斯主要部队当天按照在乌克兰行动计划恢复行动。另据俄卫星通讯社报道,乌克兰总统办公室顾问阿雷斯托维奇当天说,目前乌方无法与俄方谈判,因为俄方的条件无法接受。
——俄罗斯联邦安全会议副主席梅德韦杰夫26日在俄最大社交媒体VK上发文说,制裁什么也改变不了。对俄公民和在海外俄公司实施的资产扣押制裁,俄方将对等回应。他表示,保护顿巴斯地区的行动将一直持续至俄总统普京确定的目标全部实现为止。

——乌克兰卫生部26日在社交媒体账户上通报称,俄罗斯军队的行动已造成198名乌克兰人死亡,另有1115人受伤。

——据乌克兰通讯社报道,乌克兰西部利沃夫州首府利沃夫市市长萨多维伊26日说,3架直升机搭载着60名俄罗斯士兵于当地时间26日9时在该州布罗德市郊区实施空降。在乌军打击下,这些空降的俄罗斯士兵向森林方向撤退。

——乌克兰总统泽连斯基26日表示,乌克兰成功击退了俄罗斯军队的多次攻击,目前战斗仍在继续。
——乌克兰内务部26日上午在社交媒体发布声明说,乌军将封锁首都基辅市连接第聂伯河两岸的主要桥梁,并歼灭从左岸通过桥梁向右岸移动的目标。据乌媒体报道,俄罗斯军队计划在第聂伯河左岸实施空降作战,抢占桥梁并突袭位于第聂伯河右岸的乌最高拉达(议会)、总统府和政府办公大楼。(参与记者:华迪、李铭、李东旭、黄河)(完)
Photo-Military vehicles are seen before a rehearsal of the Victory Day parade in Moscow, Russia, on May 4, 2021. (Photo by Alexander Zemlianichenko Jr/Xinhua)