Connect with us

Eastern Europe

ရုရှား-ယူကရိန်းကြား တတိယအကြိမ် ဆွေးနွေးပွဲကို မတ် ၅ ရက် သို့မဟုတ် ၆ ရက်တွင် ကျင်းပမည်ဖြစ်၊ ယူကရိန်းတွင် “မပျံသန်းရဇုန်” သတ်မှတ်မည်မဟုတ်ကြောင်း နေတိုးက ထပ်လောင်းပြောကြား

ဘီလာရုဇ်နိုင်ငံ Belovezhskaya သစ်တောတွင် ရုရှား-ယူကရိန်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲအား မတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များအကြား တတိယအကြိမ် ဆွေးနွေးပွဲကို မတ် ၅ ရက် သို့မဟုတ် ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့(NATO) အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်မည်မဟုတ်သောကြောင့် ယူကရိန်းမှ တောင်းဆိုသော “မပျံသန်းရဇုန်” (No-fly Zone) သတ်မှတ်ပေးမှုကို သဘောမတူကြောင်း နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg အား နေတိုးရုံးချုပ်၌ မတ် ၄ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

——ယူကရိန်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့အကြား တတိယအကြိမ် ဆွေးနွေးပွဲကို မတ် ၅ ရက် သို့မဟုတ် ၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးမှ တိုက်ရိုက်ဆက်သွယ်မှုများကိုမူ အမြဲထားရှိကြောင်း ယူကရိန်း Ukrinform သတင်းအေဂျင်စီက Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

ဒွန်ဘတ်ဒေသတွင် ပျက်စီးနေသောအိမ်ရှေ့၌ ရပ်ထားသည့် မီးသတ်သမားတစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—— နေတိုးအဖွဲ့သည် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်မည်မဟုတ်သောကြောင့် ယူကရိန်းမှ တောင်းဆိုသော “မပျံသန်းရဇုန်” သတ်မှတ်ပေးမှုကို သဘောတူမည်မဟုတ်ကြောင်း နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိ နေတိုး၏ ဦးစားပေးလုပ်ငန်းမှာ နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရန်ဖြစ်ကြောင်းနှင့် ပဋိပက္ခကို သံတမန်နည်းဖြင့်ဖြေရှင်းရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

—— ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့သည် ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ မတ် ၄ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆက်သွယ် ဆွေးနွေးရာတွင် ပူတင်က ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုတွင် ရုရှားစစ်တပ်အနေဖြင့် အရပ်သားများ၏ လုံခြုံမှုကို အတတ်နိုင်ဆုံးကာကွယ်နေသည့် ၎င်းတို့၏ အခြေခံသဘောထားကို ရှင်းလင်းပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံသည် ယူကရိန်းနှင့် အခြားငြိမ်းချမ်း‌ရေးကို မျှော်လင့်နေသည့် နိုင်ငံအသီးသီးနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်းနှင့် ရုရှား-ယူကရိန်း တတိယအကြိမ် ဆွေးနွေးမှုတွင် ယူကရိန်း ကိုယ်စားလှယ်များက ကျိုးကြောင်းဆီလျော်ပြီး အပြုသဘောဆောင်သည့် ရပ်တည်ချက် ရှိမည်ဟု မျှော်လင့်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ဆွေးနွေးမှု ကြာမြင့်ချိန် ၁ နာရီ ခန့်ရှိခဲ့ပြီး Scholz က ယူကရိန်းအခြေအနေကို အထူးစိုးရိမ်ဂရုပြုကြောင်းနှင့် ပစ်ခတ်မှုများ ချက်ချင်းရပ်တန့်ကာ ပဋိပက္ခဇုန်အတွင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုကို ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း ဂျာမန်နိုင်ငံအစိုးရ ၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

—— ဂူတာရက်စ်သည် ထိုနေ့တွင် ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီး Shoigu နှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး နှစ်ဖက်စလုံးမှ အရပ်သားများ လုံခြုံစွာ ထွက်ခွာမှုဆိုင်ရာ ဆက်သွယ်ရေးယန္တရားနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ယန္တရားများ အဆင်ပြေချောမွေ့စေရေးအတွက် ဆွေးနွေးခဲ့သည်။ ရုရှားစစ်တပ်က အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်း မပြုခဲ့ကြောင်း၊ ၎င်းတို့၏လုပ်ဆောင်ချက်သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုနှင့် ကိုက်ညီလျက်ရှိသည်ဟု Shoigu က အလေးထား ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့ပြင် ရုရှားနိုင်ငံသည် ၎င်းတို့စစ်တပ် ထိန်းချုပ်ထားသော ဒေသများတွင် အရပ်သားများကို ထွက်ခွာရန် လမ်းကြောင်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………

(Chinese Version)

(乌克兰局势)最新动态:俄乌第三轮谈判将于5日或6日举行 北约重申不会在乌克兰设禁飞区

2022-03-05 07:11:54 分类: 政治法律
新华社北京3月5日电综合新华社驻外记者报道:乌克兰总统办公室顾问波多利亚克4日说,乌克兰和俄罗斯代表团之间的第三轮谈判将于5日或6日举行。北约秘书长斯托尔滕贝格4日表示,北约不会直接参与俄罗斯与乌克兰之间的冲突,因此也不会应乌克兰要求在其上空设立禁飞区。

——乌克兰总统办公室顾问波多利亚克4日说,乌克兰和俄罗斯代表团之间的第三轮谈判将于5日或6日举行。乌克兰国家通讯社当天援引波多利亚克的话报道说,双方一直保持着直接的接触。

——北约秘书长斯托尔滕贝格4日在北约外长会议后表示,北约不会直接参与俄乌冲突,因此也不会应乌克兰要求在其上空设立禁飞区。斯托尔滕贝格说,北约当前的首要任务是保卫北约成员国的安全。他呼吁通过外交途径解决冲突。

——俄罗斯总统普京与德国总理朔尔茨4日就乌克兰局势通电话。克里姆林宫网站当天发布消息说,普京在通话中阐述了俄开展特别军事行动的原则性态度,表示俄军正尽一切可能保护平民生命。普京说,俄愿与乌方以及所有期待乌克兰和平的各方进行对话,希望在计划举行的第三轮俄乌谈判中,乌克兰代表能够采取合理和建设性的立场。据德国联邦政府网站消息,在约1小时的通话中,朔尔茨就乌克兰局势表达深切担忧,呼吁立即停火并允许人道主义援助进入冲突区域。

——联合国秘书长古特雷斯的发言人迪雅里克4日说,古特雷斯当天与俄国防部长绍伊古就乌克兰局势通话,双方讨论了确保平民安全撤离的联络机制以及确保人道援助畅通的协调机制。据俄国防部网站消息,绍伊古强调,俄军未对平民造成威胁,也不会向民用设施开火,完全符合国际人道法要求。此外,俄方在俄武装部队控制的地区建立了平民撤离通道。(参与记者:李铭、李东旭、耿鹏宇、尚绪谦、李超、顾梓峄、李骥志、付一鸣)(完)
图说1-这是3月3日在白俄罗斯境内的别洛韦日森林拍摄的俄罗斯与乌克兰的第二轮谈判现场。(新华社/白通社)