Connect with us

Sino-Myanmar

ရပ်ဝန်းနှင့်ပိုးလမ်းမ ၁၀ နှစ်ပြည့်၊ ရပ်နီးရပ်ဝေးနိုင်ငံများ၏ အတူဖွံ့ဖြိုးတိုးတက်မှု

တက်ဟုန်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် တရုတ်နိုင်ငံမှ အကူအညီဖြင့် မြန်မာအမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံခြင်းပြီးမြောက်သဖြင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်း၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်တွင် တရုတ်အကူအညီဖြင့်ဆောက်လုပ်ထားသော ကွမ်းလုံတံတား ချိတ်ဆက်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ် ကွမ်းလုံမြို့တွင် ကျင်းပခဲ့ခြင်း၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် တရုတ်နိုင်ငံ၏ ပထမအသုတ် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ ရွှေလီမြို့ ဝမ်တိန် မန်မန်လမ်းကြောင်းမှ ထွက်လာခဲ့ခြင်း စသည်တို့သည် ၁၀ နှစ်အတွင်း “ရပ်ဝန်းနှင့်ပိုးလမ်းမ” က အဆိုပြုချက်မှ လက်တွေ့လုပ်ဆောင်မှုသို့၊ မျှော်မှန်းချက်မှ လက်တွေ့အကောင်အထည်ဖော်ဆောင်မှုသို့ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ရပ်ဝန်းနှင့်ပိုးလမ်းမ လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံနှင့်ဒေသများ နှစ်ဖက်လုံးအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောအုတ်မြစ်ချနိုင်ခဲ့ရုံသာမက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်အားသစ်များ ဖြည့်တင်းပေးနိုင်ခဲ့ပြီး နိုင်ငံအသီးသီး၏ပြည်သူများ လူနေမှုစနစ်မြင့်မားရေး အတွက်လည်းအကျိုးပြုနိုင်ခဲ့သည်။ ၁၀ နှစ်ကြာကာလတွင် “ရပ်ဝန်းနှင့်ပိုးလမ်းမသည် မြန်မာနိုင်ငံရှိ အလွှာအသီးသီး၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

တရုတ်နိုင်ငံ မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုများတွင် “ရပ်ဝန်းနှင့်ပိုးလမ်းမ”သည် လမ်းကြောင်းတစ်လျှောက် နိုင်ငံနှင့် ဒေသများအတွက် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးရှိစေမည့် လမ်းစဉ်ဖြစ်ပြီး အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းခြင်း၊ ရှေ့ရေးသာယာကျယ်ပြန့် ခြင်း၊ ရပ်ဝေးရပ်နီးနိုင်ငံများအတွက် အကျိုးဖြစ်ထွန်းစေခြင်းရှိကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” သည် လူသားတို့အတွက် ကံကြမ္မာအကျိုးတူ၊ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် တရုတ်၏ပညာနှင့် တရုတ်နည်းလမ်း ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

OPPO Mobile Phone မြန်မာနိုင်ငံ မြစ်ကြီးနားဒေသ တာဝန်ခံ ကိုသက်မင်း သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်ငန်းကို နှစ် (၂၀) ကျော် လုပ်ကိုင်ခဲ့ပြီး တရုတ်-မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ခဲ့ရသည်။

“ကျွန်တော်တို့ စီးပွားရေးသမားတွေဟာ လက်တွေ့အကျဆုံးဖြစ်တယ်။ အချိန်ဟာ ပိုက်ဆံပါပဲ။ ‘ရပ်ဝန်းနှင့်ပိုးလမ်းမ’ ဟာ ကျွန်တော် တို့အတွက် ကုန်စည်ဝယ်ယူ ပို့ဆောင်ရာမှာ ပိုလျင်မြန်လွယ်ကူစေပြီး အချိန်ကုန်သက်သာသွားတယ်။ ကုမ္ပဏီအတွက် အမြတ်ပိုကျန်တာပေါ့” ကိုသက်မင်းက ပြောသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ သည် တရုတ်-မြန်မာ ကုန်သွယ်မှုလုပ်ငန်းကို အကျိုးပြုရုံသာမက သာမန်မြန်မာပြည်သူများ ကိုပါ အကျိုးပြုကြောင်း “ ဆယ်နှစ်အတွင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းတွေ အများကြီး ဆောက်ပေးခဲ့ပြီး ဒေသန္တရ ပညာရေးနဲ့ သင်ကြားရေး ပတ်ဝန်းကျင် တိုးတက်လာအောင်ပံ့ပိုးခဲ့တယ်၊ မြန်မာနိုင်ငံက ဆင်းရဲတဲ့ ကလေးတွေပါ ကျောင်းတက်နိုင်ခဲ့တယ်၊ စာတတ်မှ သူတို့ဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးတွေ ရှိမှာလေ”ဟု ကိုသက်မင်းက ပြောသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း တရုတ်နှင့် မြန်မာ တို့သည် မူဝါဒ ညှိနှိုင်းဆွေးနွေးမှု ၊ အဆောက်အဦ ချိတ်ဆက်မှု၊ ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု၊ ဘဏ္ဍာရေး ချိတ်ဆက်ပေါင်းစည်းမှု၊ ပြည်သူချင်း စိတ်ချင်းယှက်နွယ်မှု ကဏ္ဍများတွင် တိုးတက်အောင် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံနှင့် မြန်မာအကြား ယဉ်ကျေးမှုဖလှယ်အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ဖလှယ်မှုဆိုင်ရာ အခွင့်အလမ်းများကို ပိုမို တိုးမြှင့်ပေးခဲ့ပါသည်။
တရုတ်နိုင်ငံ ဟုန်ဟော်ကျောင်းတွင် ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့သော ဒေါ်ဖြိုးဖြိုးဝင်းက နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက် ၍ ပိုမိုအလေးထားကြောင်း ပြောကြားခဲ့သည်။

လူငယ်ကျောင်းသားများသည် နှစ်နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်လင့်ချက်နှင့် အနာဂတ်ဖြစ် ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ပညာသင်ယူနေသော တရုတ် ကျောင်းသား၊ကျောင်းသူများ နှင့်တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာ ကျောင်းသား၊ကျောင်းသူများ ပိုမိုများပြားလာပြီး ထိုကျောင်းသားကျောင်းသူများသည် နှစ်နိုင်ငံပေါင်းကူးတံတားဖြစ်၍ တရုတ်နှင့် မြန်မာကြား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရေးလမ်းကို ပိုမိုကျယ်ပြန့် တောက်ပစေမည်ဖြစ်ကြောင်း ဒေါ်ဖြိုးဖြိုးဝင်းက ပြောကြားခဲ့သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ အကောင်အထည်ဖော်သည့် ၁၀ နှစ်တာ ကာလအတွင်း တရုတ်နှင့် မြန်မာတို့ ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ အတူတည်ဆောက်ခဲ့ပြီး နှစ်နိုင်ငံ အဆောက်အဦ ချိတ်ဆက်မှုများကို မြှင့်တင်ခဲ့သည့် တစ်ချိန်တည်းတွင်ပင် နှစ်နိုင်ငံပြည်သူများ၏ဆက်သွယ်သွားလာရေးကို ချောမွေ့စေရာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့သည်။ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် လမ်းကြောင်း တစ်လျှောက်ရှိ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေ ပြီး မြန်မာနိုင်ငံတွင် ဒေသန္တရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူနေမှုဘ၀ မြှင့်တင်ပေးပါသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အေးဟန်က မြန်မာနိုင်ငံသည် ခရီးသွားလည်ပတ်ရန် ကောင်းသောနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုလာရောက် လည်ပတ်ရန်နှင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၁၀ နှစ်အတွင်း တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်းများသည် ရပ်ဝန်းနှင့်ပိုးလမ်းမလမ်းကြောင်း တစ်လျှောက် နိုင်ငံများအကြား အပြန်အလှန် ချိတ်ဆက်မှုသည် မကြုံစဖူး ရှိလာခဲ့ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” တစ်လျှောက် နိုင်ငံများအကြား ခရီးသွားလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံတကာ ခရီးသွားလုပ်ငန်း၏စံနမူနာဖြစ်ခဲ့သည်။ ရပ်ဝန်းနှင့်ပိုးလမ်းမသည် တရုတ်နိုင်ငံနှင့် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက လမ်းကြောင်းတစ်လျှောက် ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုနှင့် ပေါင်းစည်းမှုကို မြှင့်တင်ရန်လည်း အထောက်အကူဖြစ်စေခဲ့ပါသည်။

“ပြီးခဲ့တဲ့ ၁၀ နှစ်က ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းတည်ဆောက်မှု စတင်ခဲ့တဲ့ ၁၀ နှစ် ဖြစ်ပြီး လာမည့် ၁၀ နှစ် က တရုတ်-မြန်မာ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တာကြောင့် ရပ်ဝန်းနှင့်ပိုးလမ်းမဟာ ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအတူ အကျိုးခံစားစေမှာပါ”ဟု ဦးအောင်အေးဟန်က အနာဂတ်အပေါ် ယုံကြည်မှု အပြည့်ဖြင့် ပြောကြားခဲ့သည်။

“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေး အဆက်မပြတ် နက်ရှိုင်းလာတာနဲ့အတူ၊ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းတည်ဆောက်မှုက တရုတ်နှင့် မြန်မာ ပြည်သူများရဲ့ သဘောတူညီမှုတွေ တဖြည်းဖြည်း ရရှိလာပါတယ်” ဟု ဒေါ်ဖြူပြာမှုံ က သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်း သည် တစ်ချိန်က ယူနန်တက်ဟုန်းဆရာအတတ်သင်ကျောင်းတွင် စာသင်ကြားပြီး ယခုတွင် မန်စီ၌ မြန်မာစားသောက်ဆိုင်ကို ဖွင့်လှစ်ထားသည်။ နိုင်ငံရပ်ခြားတွင် အိမ်ထောင်ပြု ခဲ့သော်လည်း ၎င်း သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ဂရုပြုလျက်ရှိပါသည်။

“တရုတ်-မြန်မာ မီးရထားလမ်း အမြန်ဆုံးပြီးမြောက်အောင် ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရှိ ဝေးလံခေါင်သီတဲ့ ဒေသတွေက လူအများအပြားဟာ မြို့ကြီးပြကြီးတွေကို ပိုမိုအဆင်ပြေစွာ စီးဆင်းနိုင်စေတဲ့အတွက် မြန်မာနိုင်ငံ မြို့ပြအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို လျင်မြန်စေပြီး လူနေမှု အဆင့် အတန်းကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

တရုတ်-မြန်မာ မီးရထားလမ်း တည်ဆောက်ပြီးစီးပြီးနောက် မြန်မာနိုင်ငံရှိမီးရထားတစ်လျှောက်ရှိ မြို့များသည် တရုတ်နိုင်ငံပြည်တွင်း ရထားလမ်းများနှင့် ချိတ်ဆက်နိုင်ကာ ထိရောက်မြန်ဆန်သော ရထားလမ်းကွန်ရက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ရာ တရုတ်နိုင်ငံ အနောက်-တောင်၊ မြန်မာနိုင်ငံ တောင်-မြောက် လမ်းကြောင်းတစ်လျှောက် နှင့် အခြားအိမ်နီးချင်းနိုင်ငံများအကြား တစ်ဆက်တည်းချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်-မြန်မာ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် အဆိုပြုပြီးတဲ့ ၁၀ နှစ်တာကာလမှာ တရုတ်-မြန်မာ နှစ်နိုင်ငံလက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား မူဝါဒ ညှိနှိုင်းဆွေးနွေးမှု ၊ အဆောက်အဦ ချိတ်ဆက်မှု၊ ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု၊ ဘဏ္ဍာရေး ချိတ်ဆက်ပေါင်းစည်းမှု၊ ပြည်သူချင်း စိတ်ချင်းယှက်နွယ်မှုတွေ အပါအဝင်ဖြစ်ပြီး နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်ရေး တိုးတက်မှုတွေကို တွန်းအားပေးတာက တရုတ်-မြန်မာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ တူညီတဲ့အချက်ဖြစ်တယ်” ဟု Northern Light အယ်ဒီတာချုပ် ဦးဝင်းတင်က ဆိုသည်။

၎င်းသည် တရုတ်နိုင်ငံသို့ မကြာခဏ သွားရောက်လေ့လာခဲ့ရာတွင် ယခုနှစ်ပိုင်းများအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား မကြာခဏ အပြန်အလှန် နှီးနှောဖလှယ်မှုများကို အမှတ်ရစွာ ပြောပြခြင်းဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နီးကပ်သော ဆက်ဆံရေးသည် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော တွန်းအားပေးခြင်းဖြစ်သည်ဟု ဦးဝင်းတင်က ဆိုသည်။
“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက မြောက်ဘက် ယူနန်ပြည်နယ်မှ စတင်ပြီး၊ တက်ဟုန်းမှ တောင်ဘက် မူဆယ်မှတစ်ဆင့် မန္တလေးကို ဖြတ်သန်းကာ ရန်ကုန် မြို့နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ဖြစ်တယ်။ ဒီလမ်းက တရုတ်-မြန်မာ တိုးတက်ရေးလမ်းဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ ၏ နောက် ၁၀ နှစ် အလားအလာအကြောင်းပြောသောအခါတွင် ဦးဝင်းတင်က လာမည့် ၁၀ နှစ် အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပြီးစီးပြီး တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ၏ ပြည်သူများကို ပိုမိုအကျိုးပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးဝင်းတင်က ပြောသည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးမှာ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပြီး နှစ်နိုင်ငံ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါသော အစိတ်အပိုင်းလည်း ဖြစ်ပါတယ်” ဟု မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ဖလှယ်ရေးအသင်း ၊ မူဆယ် အသင်းခွဲဥက္ကဋ္ဌ မူဆယ်ပိုးခါးပတ်လမ်းဖွံ့ဖြိုးရေး ဥက္ကဋ္ဌ Zhou Xingfuက ပြောကြားခဲ့သည်။ ၎င်းသည် တရုတ်-မြန်မာကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်ကိုယ်တွေ့သိရှိခဲ့သူ ဖြစ်သည်။

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ရှည်လျားသောသမိုင်းကြောင်းရှိကြောင်း၊ ယနေ့တိုးတက်လာရခြင်းမှာ နယ်စပ်ကုန်သွယ်ရေးတွင် ၎င်း၏ထူးခြားသောအခန်းကဏ္ဍနှင့် အားသာချက်များရှိပြီး နှစ်နိုင်ငံကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေး၊ သာယာ၀ပြောရေးကို အကျိုးဖြစ်ထွန်းစေကြောင်း Zhou Xingfuက ဆိုသည်။
ရပ်ဝန်းနှင့်ပိုးလမ်းမ အကောင်အထည်ဖော်ခြင်းသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ကုန်စည်များပြား တိုးတက်လာပြီး နှစ်နိုင်ငံအကြား သွင်းကုန် ထုတ်ကုန် အမျိုးအစားများသည် ဆက်လက်တိုးမြင့်လာကာ သွင်းကုန်နှင့် တင်ပို့မှု အတိုင်းအတာသည် တိုးမြင့်လာခဲ့သည်။

“၁၀နှစ်တာ ကာလမှာ မြန်မာပြည်သူတွေက ‘ရပ်ဝန်းနှင့်ပိုးလမ်းမ’ ကို ပိုမိုသိရှိလာရာမှ လက်ခံအားပေးမှု ရှိလာကြတယ်။ စိတ်ကူးများမှ လက်တွေ့လုပ်ဆောင်ချက်များကို ပြောင်းလဲလာကြတာက တရုတ်နဲ့မြန်မာတို့ရဲ့ ပူးပေါင်းကြိုးပမ်းမှု၏ ရလဒ်ဖြစ်ပြီး အရေးကြီးသော တိုးတက်မှုလည်း ဖြစ်တယ်” ဟု Zhou Xingfu က ဆိုသည်။ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းတည်ဆောက်ခြင်း၏ အခြေခံအစမှတ်နှင့် ပန်းတိုင်သည် ရပ်နီးရပ်ဝေး အိမ်နီးချင်း မိတ်ဆွေများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းသစ်များကို ရှာဖွေ၍ ကမ္ဘာနှင့် နိုင်ငံအားလုံးကို အကျိုးပြုသော “သာယာချမ်းမြေ့သောလမ်းစဉ်”ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၀ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများသည် ကြီးမားသော်လည်း တရုတ်နှင့် မြန်မာအတွက်မူ မလုံလောက်သေးပေ။ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ၏ မျှော်မှန်းချက်မှာ လက်တွေ့ဖြစ်မြောက်လာခြင်းမရှိသေးရာ နှစ်နိုင်ငံမှ ပြည်သူများ ရပ်ဝန်းနှင့်ပိုးလမ်းမ၏ အကျိုးကျေးဇူးကို လျင်မြန်စွာ ခံစားခွင့်ရနိုင်အောင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အရှိန်မြှင့်တည်ဆောက်ကြရဦးမည် ဖြစ်သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းတည်ဆောက်ခြင်းသည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီး ကမ္ဘာကို အကျိုးပြုခြင်း ဖြစ်ရာ ရပ်နီးရပ်ဝေး အိမ်နီးချင်းနိုင်ငံများ အတူတကွ တိုးတက်ဖွံ့ဖြိုး၍ သာယာဝပြောစေသည့် “သာယာချမ်းမြေ့သောလမ်းစဉ်” ဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းစေသည့် “ဖွံ့ဖြိုးရေးလမ်း”လည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် လမ်းကြောင်းတလျှောက်ရှိ နိုင်ငံများနှင့် ဒေသများအတွက် ကြီးမားသော ထုတ်လုပ်မှုစွမ်းရည်နှင့် စားသုံးသူ ဈေးကွက်များကို ဖန်တီးပြီး လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းကို ဖော်ဆောင်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်ပေသည်။

တက်ဟုန်းပေါင်းစပ်မီဒီယာ သတင်းထောက် Yang li၊ Wang ZhangXian၊ Li wei၊ Zhou Rong li၊ Yang di၊ Kong zha xuan nan

……………………………..
(Chinese Version)

“一带一路”十周年 远亲近邻共发展
2022年12月27日,中国援缅甸国家艺术剧院维修改造项目移交仪式在仰光举行;2023年4月12日,中国援助缅甸滚弄大桥合龙仪式在缅甸掸邦滚弄镇举行;2023年8月15日,中国首批新能源汽车从瑞丽市畹町芒满通道依次验放出境……十年来,“一带一路”从倡导变为行动,从愿景走向实践,不仅为沿线国家和地区的合作共赢奠定了坚实基础,也为世界经济增长注入了新动能,为增进世界各国民生福祉作出了新贡献。“一带一路”倡议提出十年也引起了缅甸社会各界人士的关注。他们在接受中国媒体记者采访时表示, “一带一路”对沿线国家和地区而言是一条开放合作、互惠共赢之路,未来发展潜力巨大、前景广阔,远亲近邻都从中受益,“一带一路”成为构建人类命运共同体的中国智慧和中国方案。
OPPO手机缅甸密支那片区负责人哥德敏从事中缅贸易已经有二十多年,见证了中缅贸易的发展历程。“我们生意人是最实在的,时间对于我来说就是真金白银,‘一带一路’倡议对我来说最直观的感受就是进货和出货的渠道更加便捷,这为我们争取了更多的时间,我们公司的利润也就更高了。”哥德敏告诉记者:“一带一路”倡议不仅仅让从事中缅贸易的人受益,也让普普通通的缅甸老百姓得到实惠。“十年来,中国帮助缅甸修了很多中缅友谊学校,改善了当地教育教学环境,让缅甸更多的贫困孩子能有学上,能有书读,让他们有了通过自己的努力改变命运的机会。”哥德敏说。
“‘一带一路’倡议实施十年来,中缅两国在政策沟通、设施联通、贸易畅通、资金融通、民心相通等方面已经有了很大的发展变化,涌现了一大批丰富中缅文化交流的机构,进一步增加了两国人民相互了解和交流的机会。”对于在中国红河学院从事教育工作十年的杜漂漂温来说,她更关心两国文化教育领域的合作。杜漂漂温表示,青年学生才是两国未来发展的希望和未来,现在到中国留学的缅甸学生和到缅甸留学的中国学生也越来越多,两国的留学生就是架起两国沟通的桥梁,让中缅两国的发展和友谊之路越走越宽、越走越光明。
“‘一带一路’倡议提出十年来,中缅两国共建交通基础设施,在促进两国设施联通的同时,便利了两国人民交往,也促进了中缅两国旅游业的发展。‘一带一路’倡议还为沿线地区百姓提供了工作机会,促进了缅甸当地经济发展,提高了百姓生活质量。”缅甸是一个旅游资源非常丰富的国家,缅甸酒店与旅游部副司长吴昂诶罕非常期待能有更多中国游客到缅甸旅游,从而促进缅甸的经济发展。吴昂诶罕表示,十年来,中国和沿线国家的文旅产业实现前所未有的互通,“一带一路”沿线国家的旅游与合作,成为未来新型的国际旅游示范带。“一带一路”倡议不仅有利于发展中国与沿线各国的经济合作关系,也有利于促进沿线国家之间文化的互动和共融。“过去的十年,是‘一带一路’倡议开始共建的十年。未来十年,‘一带一路’倡议中各个中缅项目的成功实施,将促进当地经济社会发展和民生改善,让中缅两国的百姓共享项目成果。”展望未来,吴昂诶罕显得信心十足。
“随着中缅经济走廊建设的不断深入,共建‘一带一路’已逐步成为中缅两国人民的共识。”杜漂柏莫告诉记者。杜漂柏莫曾在云南德宏师范高等专科学校任教,如今在芒市团结小区经营自己的缅味餐厅,虽然远嫁他乡,但杜漂柏莫一直心系缅甸发展。“我希望中缅铁路能够尽快建成通车,缅甸境内大量偏远地区的人口将更加便捷地向各大城市流动,从而加快缅甸城镇化进程,提高缅甸人民的生活水平。”杜漂柏莫说,中缅铁路建成后,缅甸各沿线城市通过中国境内路段可与中国其他出境铁路线相连,最终形成高效快速的铁路网络,实现中国西南、缅甸南北全线及其他周边国家的串联,对促进中缅友好合作、共同发展具有重要意义。
“‘一带一路’倡议提出十年来,中缅两国不断深化务实合作,合作领域包括政策沟通、设施联通、贸易畅通、民心相通等,积极推动双向投资和贸易快速增长,是中缅国的发展共识。”缅甸《北方之星》总编吴温丁经常到中国进行学术访问,对近年来中缅两国的频繁互动印象深刻。吴温丁表示,中缅双方保持密切的沟通往来为中缅经贸合作注入了强大的动力。“中缅经济走廊北起云南,从德宏南下,经木姐到曼德勒,然后分别延伸到仰光新城和皎漂经济特区,这是一条中缅两国的共同发展之路。”在谈到“一带一路”的下一个十年的时候,吴温丁表示,未来十年,非常期待中缅经济走廊完全建成,必将更多地惠及中缅两国老百姓。”
“中缅边境贸易在‘一带一路’倡议和中缅经济走廊建设中一直扮演着非常重要的角色,也是两国经济合作的重要内容。”缅甸木姐地区与中国瑞丽市一江之隔,缅中友好交流协会木姐分会会长、木姐“一带一路“发展协会会长周幸福见证了中缅边贸的兴起和繁荣。周幸福表示,中缅两国边境贸易历史悠久,发展到今天,边境贸易继续发挥着其独特的作用和优势,为两国关系的发展和地区的稳定与繁荣作出新的贡献。在“一带一路”倡议下,中缅边贸近年来呈现出多元化和增长快的特点,两国进出口产品种类不断增加,进出口规模不断扩大。“十年来,缅甸人民对‘一带一路’倡议从不了解到高度赞扬,从理念转化为行动,这是中缅双方共同努力的结果,也是‘一带一路’倡议取得的重要进展。”周幸福表示,共建“一带一路”倡议的根本出发点和落脚点,就是探索远亲近邻共同发展的新办法,开拓造福各国、惠及世界的“幸福路”。十年来的发展变化是巨大的,但对于中缅两国来说,这还远远不够,中缅经济走廊的愿景还未变成现实,中缅双方仍需要继续努力,争取加快中缅经济走廊建设步伐,让中缅两国老百姓早一天享受“一带一路”倡议带来的美好成果。
共建“一带一路”源于中国,惠及世界。这是一条远亲近邻共同繁荣进步的“幸福路”,也是一条合作共赢的“发展带”,必然会为包括缅甸在内的沿线国家和地区,培育出巨大的生产能力和消费市场,为最终实现人类命运共同体打下坚实的基础。(完)