Connect with us

Africa & Middle East

ကာတာနိုင်ငံက ဂါဇာဒေသအတွင်းသို့ဝင်ရောက်၍ ရပ်တည်ရန် အခက်ခဲဆုံး ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ဝင်ရောက်ပို့ဆောင်ခွင့်ရရှိ

ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကာတာ နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ အတူတကွပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအရ (အစ္စရေး)နိုင်ငံ မှ ဆေးဝါးများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများကို ပါလက်စတိုင်းဒေသ၏ ရပ်တည်ရန် အခက်ခဲဆုံး ဒေသများကို ပို့ဆောင်သွားရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari က ကာတာနိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

အလဲအလှယ် အနေဖြင့် ဂါဇာဒေသတွင် ထိမ်းသိမ်းခြင်းခံရသောအစ္စရေး နိုင်ငံသားများအနေဖြင့်လည်း လိုအပ်သော ဆေးဝါးများကိုရရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ြပထားသည်။ လူသားချင်းစာနာထောက်ထားမှုအပိုင်းတွင် ကာတာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွ လက်တွဲကာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှုများမှာ ကာတာနိုင်ငံ မှ ဂါဇာဒေသတိုက်ခိုက်မှုရပ်စဲရေးအတွက် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Ansari က အလေးထားပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံး၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ အစ္စရေးနိုင်ငံ အနေဖြင့် ကာတာနိုင်ငံနှင့်သဘောတူညီမှုရရှိခဲ့ပြီး ဂါဇာဒေသတွင် ဖမ်းဆီးထိမ်းသိမ်းခံရသော အစ္စရေးနိုင်ငံသားများထံသို့ ဆေးဝါးများကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၊ ယင်းမှာ အစ္စရေးနိုင်ငံမှ ဂါဇာဒေသအတွက် ဆောင်ရွက်ပေးသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
卡塔尔:人道物资将被允许进入加沙最脆弱地区
2024-01-17 14:30:43 分类: 政治法律
新华社多哈1月17日电(记者汪强)卡塔尔外交部发言人安萨里16日晚通过卡塔尔通讯社发表声明说,在卡塔尔和法国共同调解下,(以色列)将允许包括药品在内的人道物资进入巴勒斯坦加沙地带最脆弱地区。
声明说,作为交换,被扣押在加沙地带的以色列人也将获得所需药物。安萨里强调,在人道主义方面,卡塔尔将与地区和国际合作伙伴继续携手调解,这是卡塔尔为结束加沙冲突所作努力的一部分。
以色列总理办公室12日发表声明说,以方与卡塔尔达成协议,将向加沙地带被扣押的以色列人运送药品,这是以色列对加沙地带人道主义援助的一部分。(完)

Photo: 11月28日,卡塔尔外交部发言人马吉德•安萨里在卡塔尔多