Connect with us

Europe

ပင်လယ်ကြမ်းပြင်တွင် ပလတ်စတစ်အမှိုက်တန်ချိန် ၁၁ သန်းအထိ စုပုံနေနိုင်ဟု သုတေသနအသစ်တွင် ခန့်မှန်းထား

ကော့ဒ်ငါးတစ်ကောင်နှင့် ၎င်း၏ဝမ်းဗိုက်မှထုတ်ထားသော ပလတ်စတစ်ဘူးကို နော်ဝေနိုင်ငံအနောက်ပိုင်း ဘာဂန်မြို့၏တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ မူစတာ ကျွန်းတွင် ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ဘာရာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ဩစတြေးလျနှင့် ကနေဒါ သုတေသီများသည် ပင်လယ်ကြမ်းပြင်တွင် ပလတ်စတစ်အမှိုက်များ စုပုံနေခြင်းမှာ တန်ချိန် ၁၁ သန်းအထိ ရှိလာနိုင်ကြောင်း ပုံစံငယ်များကို အခြေခံ၍ တွက်ချက်ခန့်မှန်းခဲ့သည်။
အဆိုပါ သုတေသနကို ဗြိတိန်ထုတ် “Deep Sea Research, Part 1: Oceanographic Research Papers” (ပင်လယ်ရေနက်ပိုင်းသုတေသန၊ အပိုင်း ၁- အဏ္ထဝါဗေဒဆိုင်ရာ သုတေသနစာတမ်းများ) တွင် မကြာသေးမီက ဖော်ပြခဲ့ကြောင်း၊ ပင်လယ်ကြမ်းပြင်သည် ပလတ်စတစ်ညစ်ညမ်းမှုအများစု၏ “စုပုံရာ” ဖြစ်လာပြီး ပင်လယ်ကြမ်းပြင်တွင် စုပုံနေသော ပလတ်စတစ်ညစ်ညမ်းမှုသည် ပင်လယ်မျက်နှာပြင်ပေါ်တွင် မျောနေသော ပလတ်စတစ်ညစ်ညမ်းမှုထက် အဆ ၁၀၀ ပိုများနိုင်ကြောင်း သုတေသနများက ယူဆထားကြောင်း သိရသည်။ (Xinhua)
………………………………………………
(Chinese Version)
新研究:海底或堆积多达1100万吨塑料垃圾
新华社堪培拉4月6日电(记者章建华 张娜)澳大利亚和加拿大研究人员根据模型测算,海底可能堆积多达1100万吨塑料垃圾。
这项研究新近发表于英国刊物《深海研究,第一辑:海洋学研究论文》。研究认为,海底已成为大多数塑料污染的“栖息地”,海底堆积的塑料污染可能是海面漂浮的塑料污染的100倍。
图说:这是2018年4月6日在挪威西部城市卑尔根以南约100公里的穆斯特岛拍摄的鳕鱼和从它腹中取出的塑料瓶。新华社发(比约恩·英瓦尔森摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.