Connect with us

Europe

ယူကရိန်းက အနောက်နိုင်ငံများ၏ သင်္ဘော ဖျက်ဒုံးကျည်များ စတင်လက်ခံရရှိ၊ ယူကရိန်းသို့ လက်နက်အများအပြား ဝင်ရောက်လာခြင်းက”အန္တရာယ်”ရှိကြောင်းပူတင်သတိပေး

ယူကရိန်းနိုင်ငံအနောက်ပိုင်းLvivပြည်နယ်တွင်“Rapid Trident2020“နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်နေသည်ကို၂၀၂၀ပြည့်နှစ်စက်တင်ဘာ၁၇ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

ယူကရိန်းသည် ဒိန်းမတ်မှ သင်္ဘော ဖျက်ဒုံးကျည်နှင့် အမေရိကန်မှ Self-Propelled Howitzer များ စတင်လက်ခံနေပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksiy Reznikov က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ဒိန်းမတ်မှ Harpoon ဒုံးကျည်သည် ယူကရိန်း၏ ရေကြောင်းကာကွယ်ရေးကို အားကောင်းစေမည်ဖြစ်ပြီး အဆိုပါ ဒုံးကျည်များကို လေ့ကျင့်သင်ယူထားသည့် ယူကရိန်းစစ်သားများက အသုံးပြုသွားမည်ဖြစ်ကြောင်း Oleksiy Reznikov က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်အား မေ ၁၆ ရက်က မော်စကိုတွင် ကျင်းပသော စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ ထိပ်သီးအစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

“Harpoon” ဒုံးကျည်ကို အမေရိကန် ဘိုးရင်းကုမ္ပဏီမှ ထုတ်လုပ်ထားပြီး ကီလိုမီတာ ၃၀၀ နီးပါးအကွာအဝေးအထိ ပစ်လွတ်နိုင်ကြောင်း သိရသည်။ အိမ်ဖြူတော်သည် တိုက်ရိုက် သို့မဟုတ် ဒုံးကျည်များတပ်ဆင်ထားသော ဥရောပမဟာမိတ်များမှတစ်ဆင့် ယူကရိန်းသို့ သင်္ဘောဖျက်ဒုံးကျည်များ လွှဲပြောင်းပေးရန် စဉ်းစားနေသည်ဟု အမေရိကန်အစိုးရနှင့် လွှတ်တော်သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက ယခုလလယ်တွင် ဖော်ပြခဲ့သည်။

ယူကရိန်းမှ Harpoon ဒုံးကျည်လက်ခံရရှိခြင်းက ဗြိတိန်မှပါဝင် ပေးပို့ခြင်းကဲ့သို့သော “နိုင်ငံစုံပူးပေါင်ဆောင်ရွက်မှု” ၏ ရလဒ်ဖြစ်ကြောင်း Oleksiy Reznikov က မေ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းက တာဝေးပစ် စွမ်းအားတိုးမြှင့်ရန်အတွက် အမေရိကန်မှ ပြုပြင်မွမ်းမံထားထားသော တာဝေးပစ် M109 Self-Propelled Howitzer အပါအဝင် အကြီးစား အမြောက်အမျိုးအစားများစွာကို စတင်လက်ခံရရှိနေကြောင်းနှင့် အမေရိကန်ထုတ် M270 တာဝေးပစ်ဒုံးပျံလောင်ချာစနစ်ကိုလည်း ရရှိရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် ယူကရိန်းနိုင်ငံ အပြင်ဘက်၌ ယူကရိန်းစစ်သားများအား Howitzer အသုံးပြုရန် လေ့ကျင့်ပေးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဌာန အရာရှိတစ်ဦးက ယခင်လတွင်ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက မေ ၂၈ ရက်တွင် ဖော်ပြထားသည်။ အမေရိကန်သည် ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့ရန် အသင့်ဖြစ်နေကြောင်း CNN သတင်းဌာနက မေ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ၎င်း၏အနောက်မဟာမိတ်နိုင်ငံများက ယူကရိန်းသို့ လက်နက်အများအပြား ပေးပို့ခဲ့ပြီး လက်ရှိတွင် ပိုမိုအဆင့်မြင့်၊ ပစ်လွတ်မှု အကွာအဝေး ပိုမိုမြင့်လာကြောင်းနှင့် ယူကရိန်းကို အသုံးချကာ ရုရှားအပေါ် “ကြားခံစစ်ပွဲ” ဆင်နွှဲနေကြောင်း ရုရှားက အကြိမ်ကြိမ် ပြစ်တင်စွပ်စွဲခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်က မေ ၂၈ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ အနောက်နိုင်ငံလက်နက်အများအပြား ယူကရိန်းသို့ဝင်ရောက်လာခြင်း၏ အန္တရာယ်ရှိသော သဘောသဘာဝကို ပြောကြားခဲ့သည်။

ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ပူတင်က အနောက်နိုင်ငံများမှ ယူကရိန်းသို့ လက်နက်များ အဆက်မပြတ်ပေးပို့ခြင်းက အခြေအနေနှင့် လူသားချင်း စာနာ‌ထောက်ထားမှုဆိုင်ရာ အန္တရာယ်ကို ပိုမိုဆိုးဝါးစေမည်ဟု သတိပေးခဲ့သည်။

ယူကရိန်းသို့ အနောက်နိုင်ငံများမှ လက်နက်များ ဝင်ရောက်လာခြင်းက ပဋိပက္ခ အရှိန်မြင့်တက်လာမည့် အန္တရာယ်ကို သိသိသာသာ တိုးမြှင့်စေမည့်အပြင် အမေရိကန်မှ ယူကရိန်းသို့ တာဝေးပစ် အမြောက်စနစ်များ ပေးပို့ပါက ရုရှားအနေဖြင့် လက်ခံနိုင်မည်မဟုတ်ကြောင်း အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် Anatoly Antonov က မေ ၂၈ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

乌克兰开始接收西方反舰导弹 普京警告大量武器涌入乌克兰“危险”

新华社北京5月29日电 乌克兰国防部长阿列克谢·列兹尼科夫28日说,乌方已经开始接收来自丹麦的反舰导弹和来自美国的自行榴弹炮。
列兹尼科夫在社交媒体写道,来自丹麦的“鱼叉”导弹将加强乌克兰海防,导弹将由经过训练的乌方士兵使用。
“鱼叉”导弹由美国波音公司制造,射程近300公里。美国媒体本月中旬援引美政府和国会消息人士的话报道,白宫正考虑向乌克兰提供反舰导弹,转运方式为从美国直接运送或者由装备该型导弹的欧洲盟友“转让”。
列兹尼科夫28日披露,乌方接收“鱼叉”导弹是“多国合作”的结果,比如英国参与了运送。
同时,他披露乌方开始接收多个型号重型火炮,包括射程更远的美制改良型M109型自行榴弹炮以增强乌方远程打击火力。乌方还希望获得美制M270型远程多管火箭炮系统。
路透社28日报道,一名美国国防部官员上月披露,美军已经在乌克兰境外培训乌方军人使用榴弹炮。美国有线电视新闻网27日援引消息人士的话报道,美国已经准备向乌克兰运送远程火箭炮。
俄罗斯方面多次指责美国及其西方盟友向乌克兰输送大批武器,且越来越先进、射程越来越远,利用乌克兰对俄罗斯发起“代理人战争”。
俄罗斯总统弗拉基米尔·普京28日与法国总统埃马纽埃尔·马克龙和德国总理奥拉夫·朔尔茨通电话,提到西方武器大量涌入乌克兰的危险性质。
依据克里姆林宫通报,普京在通话中警告,西方武器源源不断输送至乌克兰有加剧局势恶化和人道主义危机的风险。
俄罗斯驻美国大使阿纳托利·安东诺夫28日也批评西方武器大量涌入乌克兰“显著引发冲突扩大的风险”。美方如果向乌方运送远程火炮系统,对俄方而言将是“不可接受”的。(郑昊宁)

图说1- 2020年9月17日,乌克兰士兵参加在乌克兰西部利沃夫州举行的代号为“快速三叉戟-2020”的多国联合军事演习。新华社发
图说2- 5月16日,俄罗斯总统普京出席在莫斯科举行的集体安全条约组织峰会。新华社/卫星社