Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံမြို့တော်၌ မင်္ဂလာပွဲများ ၊ ဘာသာရေးပွဲတော်များ ကျင်းပခွင့်ပြု

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဘုရားတစ်ဆူတွင် ပြည်သူများက Pchum Ben ပွဲတော်အတွင်း ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိနေသည်ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၆ ရက် တွင်တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း မြို့တော်ဖနွမ်းပင်၌ မင်္ဂလာအခမ်းအနားများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို ကျင်းပခွင့်ပြုခဲ့ကြောင်း၊ဧည့်ပရိသတ်ဦးရေ အများဆုံး ၂၀၀ ဦး ကန့်သတ်ထားကြောင်း ဖနွမ်းပင်အုပ်ချုပ်ရေးမှူးKhuong Sreng က နိုဝင်ဘာ ၈ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် ချက်ချင်းအသက်ဝင်ခဲ့ပြီး မင်္ဂလာပွဲ သို့မဟုတ် ဘာသာရေး ပွဲတော်ကျင်းပသူများသည် ဒေသဆိုင်ရာအာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံပြီး စံလုပ်ငန်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ (SOP) နှင့် COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာရန် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အကယ်၍ ပွဲစီစဉ်သူများသည် SOP နှင့် အခြားသော ကျန်းမာရေးဘေးကင်းရေး အစီအမံများကို ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် လိုက်နာရန် ငြင်းဆိုပါက COVID-19 ကူးစက်မှုအန္တရာယ်ဖြစ်စေနိုင်ပွားစေနိုင်သဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် အဆိုပါပွဲများကို ရပ်တန့်ရန် ချက်ခြင်းလုပ်ဆောင်ရန် အခွင့်အာဏာရှိကြောင်း’’၎င်းက ပြောကြားခဲ့သည်။
လူဦးရေအများစုကို COVID-19 ကာကွယ်ဆေးထိုးပြီးနောက် ရောဂါကူးစက်မှုအသစ်များ ဆက်လက်ကျဆင်းနေကြောင်း သိရသည်။

ယနေ့အထိ ကမ္ဘောဒီးယားဘုရင့်နိုင်ငံသည် လူပေါင်း ၁၃.၉၈ သန်းအတွက် အနည်းဆုံး COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပေးထားပြီးဖြစ်ကြောင်း သို့မဟုတ် လူဦးရေ ၁၆ သန်း၏ ၈၇.၃ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၎င်းတို့အနက် လူဦးရေ ၁၃.၁၅ သန်း သို့မဟုတ် ၈၂.၂ ရာခိုင်နှုန်း သည် လိုအပ်သည့် ကာကွယ်ဆေးနှစ်ကြိမ်လုံး အပြည့်အဝထိုးနှံပြီး ဖြစ်ကြောင်း နှင့် လူဦးရေ ၁.၉၈ သန်း သို့မဟုတ် ၁၂.၄ ရာခိုင်နှုန်းသည် တတိယအကြိမ် ထိုးနှံမှု သို့မဟုတ် ထပ်မံအားဖြည့်ထိုးနှံမှု (booster dose) တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

————————–
(English Version)
Cambodia allows weddings, religious functions in capital
PHNOM PENH, Nov. 9 (Xinhua) — Cambodia has allowed wedding ceremonies and religious functions in capital Phnom Penh amid COVID-19, with the number of guests being limited to a maximum of 200, Phnom Penh governor Khuong Sreng said late on Monday.
The decision took effect immediately, he said, adding that wedding or festival organizers must ask for permission from local authorities and sign a contract to abide by a standard operating procedures (SOP) and anti-COVID-19 norms.
“If any organizers refuse to cooperate or comply with the SOP and other health safety measures improperly, which could pose a risk to COVID-19 transmission, local authorities are authorized to take immediate action to suspend those events,” he said.
The number of fresh cases continues to decline and most of the population have been vaccinated against COVID-19.
To date, the kingdom has administered at least one dose of COVID-19 vaccines to 13.98 million people, or 87.3 percent of its 16-million population, the MoH said.
Of them, 13.15 million, or 82.2 percent, have been fully vaccinated with both required shots, and 1.98 million, or 12.4 percent, have received a third dose or booster dose, it added. Enditem