Connect with us

China

တရုတ်နိုင်ငံတွင် AI ရှေ့ပြေးဇုန် ၁၇ ခု တည်ဆောက်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၂၀၁၈ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တုကွန်ဖရင့် (WAIC) အတွင်း စက်ရုပ်ဖြင့် ခွဲစိတ်ကုသခြင်းစနစ် သရုပ်ပြမှုကို လေ့လာနေသူများအား ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အမျိုးသား ဉာဏ်ရည်တု (AI) တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှု ရှေ့ပြေးဇုန် ၁၇ ခုအား တည်ဆောက်လျက်ရှိကြောင်း တရုတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Li Meng က ချင်းဟွာတက္ကသိုလ်တွင် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်အထိ ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံအုပ်ချုပ်မှုဖိုရမ်တွင် မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် အမျိုးသား AI တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှု ရှေ့ပြေးဇုန် မျိုးဆက်သစ်တစ်ခု တည်ဆောက်ရန် ၂၀၁၉ ခုနှစ်က စတင်ခဲ့ကြောင်း၊ နည်းပညာသရုပ်ပြမှုများ၊ မူဝါဒစမ်းသပ်မှုများနှင့် လူမှုရေးဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ရန် ဒေသန္တရအစိုးရများအပေါ် အားထားလျက်ရှိကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် AI ရှေ့ပြေးဇုန် ၂၀ ခန့် တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရှေ့ပြေးဇုန်များတွင် လက်တွေ့ကျပြီး ထိရောက်သော မူဝါဒကိရိယာအမြောက်အများ တီထွင်ဆန်းသစ်ရန်၊ AI နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းမှုပုံစံများ တိုးချဲ့ရန်၊ အတွေ့အကြုံရရှိရန်နှင့် ကုန်းမြင့်ဒေသများတွင် AI ဦးဆောင်မှုထူထောင်ရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
17 AI pilot zones built in China: official
Source: Xinhua| 2021-12-06 20:58:05|Editor: huaxia
BEIJING, Dec. 6 (Xinhua) — China has built 17 national artificial intelligence (AI) innovative development pilot zones, a Chinese official has said.
Li Meng, vice minister of science and technology, made the remarks at International AI Cooperation and Governance Forum 2021 hosted by Tsinghua University on Dec. 4 and 5.
In 2019, China started to build a new generation of national AI innovative development pilot zones, relying on local governments to carry out technology demonstrations, policy pilots, and social experiments.
According to a document released by the Ministry of Science and Technology, China plans to build around 20 AI pilot zones by 2023.
In the pilot zones, the country plans to innovate a number of practical and effective policy tools, explore models integrating AI and economic development, gain experience, and build highlands for leading AI, according to the document. Enditem
Photo : Visitors watch a demonstration of robot surgery system during the World Artificial Intelligence Conference (WAIC) 2018 in Shanghai, east China, Sept. 17, 2018. (Xinhua/Fang Zhe)