Connect with us

China

တရုတ်-စင်ကာပူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားဆိုင်ရာ အစည်းအဝေးများ ကျင်းပရန်ရှိ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟန်ကျန့် (Han Zheng) က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် One Planet Summit ထိပ်သီးအအဝေး၌ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နှင့် စင်ကာပူ နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးများအား ဒီဇင်ဘာ ၂၉ ရက်တွင် ဗွီဒီယိုလင့်မှတဆင့် ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ တရုတ်ဒုတိယဝန်ကြီးချုပ် ဟန်းကျန့် (Han Zheng)သည် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Heng Swee Keat နှင့် အတူ အစည်းအဝေးများကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆက်တိုက် ကျင်းပမည့် အစည်းအဝေးများမှာ ၁၇ ကြိမ်မြောက် တရုတ်-စင်ကာပူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အစည်းအဝေး၊ ၂၂ ကြိမ်မြောက် တရုတ်-စင်ကာပူ ဆူကျိုး စက်မှုဥယျာဉ် ပူးတွဲ ဦးဆောင်ကောင်စီ (JSC) အစည်းအဝေး၊ ၁၃ ကြိမ်မြောက် တရုတ်-စင်ကာပူ Tianjin Eco-City JSC အစည်းအဝေးနှင့် ၅ ကြိမ်မြောက် တရုတ်၊ စင်ကာပူ (ချုံချင့်) မဟာဗျူဟာ ချိတ်ဆက်မှုဆိုင်ရာ JSC အစည်းအဝေးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
China, Singapore to hold mechanism meetings on bilateral cooperation
BEIJING, Dec. 28 (Xinhua) — China and Singapore will hold a series of meetings on bilateral cooperation via video link on Wednesday, Chinese Foreign Ministry spokesperson Zhao Lijian announced on Tuesday.
Chinese Vice Premier Han Zheng, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, will co-chair the meetings with Deputy Prime Minister Heng Swee Keat of Singapore.
The meetings to be held are the 17th China-Singapore Joint Council for Bilateral Cooperation Meeting, the 22nd China-Singapore Suzhou Industrial Park Joint Steering Council (JSC) Meeting, the 13th China-Singapore Tianjin Eco-City JSC Meeting and the 5th China-Singapore (Chongqing) Demonstration Initiative on Strategic Connectivity JSC Meeting. Enditem