Connect with us

International Organizations

တွန်ဂါနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂျပန် မိုးလေဝသအေဂျင်စီက ဆူနာမီ သတိပေးချက်ထုတ်ပြန်

ဂျပန်နိုင်ငံ Kamakura မြို့ရှိ ကမ်းခြေတစ်ခု၌ အပန်းဖြေအနားယူနေသူများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

တွန်ဂါနိုင်ငံ၌ အစောပိုင်း မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိပေးချက်တစ်ခုကို ဇန်နဝါရီ ၁၅ ရက် ညဉ့်နက်ပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မိုးလေဝသအေဂျင်စီက ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းပေါ်တွင် ဆူနာမီလှိုင်း သတိပေးခဲ့ပြီး ပင်လယ်ကမ်းခြေဒေသများမှ ဒေသခံများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဖြစ်သည့် တွန်ဂါနိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်တွင် ကြီးမားသော ရေအောက်မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆူနာမီ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ Amami ကျွန်းနေရာတစ်ချို့တွင် အမြင့် ၁ ဒသမ ၂ မီတာခန့် အမြင့်ရှိသော ဆူနာမီလှိုင်းအား တွေ့မြင်ရပြီး အရှေ့ဘက် ပစိဖိတ်ကမ်းရိုးတန်းဒေသအများအပြားတွင် ၀ ဒသမ ၄ မှ ၀ ဒသမ ၆ မီတာ အမြင့်ရှိသော ဆူနာမီလှိုင်း ရိုက်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA)ထံမှ သိရသည်။

အမြင့် ၃ မီတာရှိသော ဆူနာမီလှိုင်းသည် Amami ကျွန်းအပါအဝင် ဂျပန်နိုင်ငံ၏ အနောက်တောင်ပိုင်း ကျွန်းတစ်ချို့အား ရိုက်ခတ်နိုင်ကြောင်း နှင့် အခြား ပစိဖိတ်ကမ်းရိုးတန်းဒေသများတွင် အမြင့် ၁ မီတာခန့်ရှိသော ဆူနာမီလှိုင်း ရိုက်ခတ်ခံရနိုင်ဖွယ် ရှိကြောင်း JMA က ခန့်မှန်းထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိပေးချက် နှင့် အကြံပြုချက်များ ထုတ်ပြန်ပြီးနောက် အစိုးရက သတင်းအချက်အလက်များ စုစည်းရန် ဝန်ကြီးချုပ်ရုံး၌ ဆက်သွယ်ရေးရုံးတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Japan’s weather agency warns of tsunami following volcanic eruption in Tonga
TOKYO, Jan. 15 (Xinhua) — The Japan Meteorological Agency (JMA) on Saturday midnight issued a tsunami warning following an earlier volcanic eruption in Tonga.
The weather agency warned of the tsunami on the country’s Pacific coast and urged residents to evacuate from seaside areas.
The tsunami was triggered following the massive underwater volcanic eruption in the South Pacific island country of Tonga on Saturday.
So far, part of the Amami Island saw a tsunami about 1.2-meter high, while many eastern Pacific coastal areas were hit by a tsunami of 0.4-to-0.6-meter high, according to the JMA.
The agency has predicted that a 3-meter tsunami may hit some of Japan’s southwestern islands including Amami Island, while other Pacific coastal areas will likely be hit by a tsunami around 1-meter high.
After the agency issued the tsunami warning and advisories, the government set up a liaison office at the prime minister’s office to gather information. Enditem
Photo – People have fun on a beach in Kamakura, Japan, Aug. 27, 2020. Kamakura is a city in Kanagawa Prefecture, Japan. Surrounded by mountains on three sides and facing the sea on one side, Kamakura boasts a harmonious blend of nature beauty and historical culture. Now Kamakura is a popular tourist destination in Japan as a coastal city with a high number of seasonal festivals, as well as ancient temples and shrines. (Xinhua/Du Xiaoyi)