Connect with us

Europe

ရုရှား-ယူကရိန်းဆွေးနွေးပွဲပေါ် အကောင်းမြင်ပြီး ဝယ်လိုအားစိုးရိမ်မှုများအကြား ရေနံဈေးနှုန်းများ ကျဆင်း

အမေရိကန်နိုင်ငံ၊ နယူးရောက်မြို့ ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားသောကားတစ်စင်းအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

နယူးရောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်အားစောင့်ဆိုင်းနေစဉ်အတွင်း ကုန်သည်များသည် ဝယ်လိုအားအခြေအနေကို ချိန်ဆနေသဖြင့် မတ် ၂၈ ရက်တွင် ရေနံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။နယူးရောက်စတော့အိတ်ချိန်း တွင် ရေနံစိမ်းတစ်စည်လျှင် ၁၀၅.၉၆ ဒေါ်လာဖြင့် စျေးပိတ်ခဲ့ပြီး The West Texas Intermediate (WTI) ၏ ခန့်မှန်းချက်အရ မေလရေနံတင်ပို့မှုတွင် ရေနံစိမ်းတစ်စည်လျှင် ၁၀၅.၉၆ ဒေါ်လာ (သို့မဟုတ်) ၇ ရာခိုင်နှုန်း ရှုံးနှိုင်ကြောင်း သိရသည်။

မေလ အတွက် Brent ရေနံစိမ်းတင်ပို့မှု တွင် ၈.၁၇ဒေါ်လာ (သို့မဟုတ်) ၆.၈ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းခဲ့ပြီး လန်ဒန် ICE Futures Exchange တွင် ၁၁၂.၄၈ ဒေါ်လာ ဖြင့် ဈေးပိတ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် ရေနံဝယ်လိုအားတွင် COVID-19 ၏အကျိုးသက်ရောက်မှုကို ဆက်လက်အကဲဖြတ်နေသောကြောင့် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

နေရာအနှံ့အပြား၌”ယူကရိန်းနှင့် ရုရှားအကြား ငြိမ်းချမ်းရေး ဆွေးနွေညှိနှိုင်းမှုများသည် ဈေးနှုန်းကျဆင်းမှုဆီသို့ ဦးတည်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း” Commerzbank Research မှ စွမ်းအင်လေ့လာသူ Carsten Fritsch က မတ် ၂၈ ရက်တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

ယူကရိန်းနှင့် ရုရှားတို့သည် မတ်၂၉ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်မည်ဖြစ်ကြောင်း ယူကရိန်းအစိုးရပိုင် Ukrinform သတင်းအေဂျင်စီက မတ် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

သီတင်းတစ်ပတ်ကုန်ဆုံးသည့်မတ် ၂၅ ရက်တွင် အမေရိကန် နှင့် Brent ရေနံစိမ်းဈေးနှုန်းများသည် ရှေ့လစာချုပ်များအပေါ်အခြေခံ၍ ၁၀.၅ ရာခိုင်နှုန်းနှင့် ၁၁.၈ ရာခိုင်နှုန်း အသီးသီး ခုန်တက်သွားကြား သိရသည်။ (Xinhua)
———————–
(English Version)
Oil prices drop amid demand concerns, optimism about Russia-Ukraine talks
NEW YORK, March 28 (Xinhua)– Oil prices sank on Monday as traders weighed demand outlook while awaiting a fresh round of Russia-Ukraine peace talks.
The West Texas Intermediate for May delivery lost 7.94 U.S. dollars, or 7 percent, to settle at 105.96 dollars a barrel on the New York Mercantile Exchange. Brent crude for May delivery decreased 8.17 dollars, or 6.8 percent, to close at 112.48 dollars a barrel on the London ICE Futures Exchange.
The pullback came as investors continued to assess the impact of COVID-19 on fuel demand.
Elsewhere, “hopes that the peace negotiations between Ukraine and Russia could lead to rapprochement” Carsten Fritsch, energy analyst at Commerzbank Research, said Monday in a note.
Ukraine and Russia will start the next round of peace talks on Tuesday in the Turkish city of Istanbul, the Ukrainian government-run Ukrinform news agency reported on Monday.
For the week ending Friday, the U.S. crude benchmark and Brent jumped 10.5 percent and 11.8 percent, respectively, based on the front-month contracts. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.