Connect with us

Asia

အိန္ဒိယနိုင်ငံ၌ မိုးကြိုးပစ်ခံရမှုကြောင့် လူ ၇၀ ဦးနီးပါး သေဆုံး

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် မြို့တော် Bhopal မြို့၌ ဇွန် ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှု၍ ရေကြီးရေလျှံ မှု ဖြစ်ပေါ်နေသော လမ်းပေါ်တွင် သွားလာနေသော ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Uttar Pradesh ၊ Rajasthan နှင့် Madhya Pradesh ပြည်နယ်သုံးခု၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးကြိုးပစ်ခံရသဖြင့် လူ ၇၀ နီးပါး သေဆုံးခဲ့ပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်သုံးခုမှ အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

Uttar Pradesh ပြည်နယ်၌ မိုးကြိုးပစ်မှု အများအပြားဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ဇူလိုင် ၁၂ ရက်တွင် ၄၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ၊ Madhya Pradesh ပြည်နယ်၌ လူ ၇ ဦးသေဆုံးခဲ့ပြီး ဇူလိုင် ၁၁ ရက်တွင် Rajasthan ပြည်နယ်၌ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီဒီယာတွင် ဖော်ပြမှုများအရ သိရသည်။

Uttar Pradesh ပြည်နယ်ရှိ ခရိုင် ၁၇ ခုတွင် လူပေါင်း ၄၂ ဦး ဖြစ် အများဆုံး သေဆုံးခဲ့ကြောင်း ပြည်နယ်မြို့တော် Lucknow မြို့ရှိ Uttar Pradesh ဘေးအန္တရာယ်ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နာရန်ဒြာမိုဒီက သေဆုံးမှုများအပေါ် ဝမ်းနည်းကြောင်း တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပြီး “Rajasthan ပြည်နယ်က နေရာတစ်ချို့မှာ မိုးကြိုးပစ်ခံရမှုကြောင့် လူများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါက အလွန်ဝမ်းနည်းဖွယ်ကောင်းပါတယ်။

သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ကျွန်တော်အနေနဲ့ လွန်စွာ ဝမ်းနည်းကြေကွဲရပါတယ်။”ဟု ၎င်းက ရေးသားပြောဆိုခဲ့သည်။
Rajasthan ပြည်နယ်ဝန်ကြီးချုပ် Ashok Gehlot က မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Nearly 70 die in lightning strikes in India
NEW DELHI, July 12 (Xinhua) — Lightning strikes amid heavy rains claimed nearly 70 people’s lives, and injured many others, in three Indian states, namely Uttar Pradesh, Rajasthan and Madhya Pradesh, in the past 24 hours, said government officials from these states over phone on Monday.
The death toll due to heavy lightning in Uttar Pradesh mounted to 42 on Monday, while seven people died in Madhya Pradesh, and at least 20 persons died in Rajasthan on Sunday, said media reports.
As many as 42 persons died across Uttar Pradesh’s 17 districts, confirmed an official at Uttar Pradesh Disaster Control Room in state capital Lucknow over phone.
Expressing grief over deaths, Prime Minister Narendra Modi tweeted, “Many people have lost their lives due to lightning in some areas of Rajasthan. This is very saddening. I express my deepest condolences to the families of the deceased.”
Rajasthan Chief Minister Ashok Gehlot announced a monetary compensation for the family members of those who died in lightning strikes. Enditem
Photo – Vehicles run on a road flooded due to heavy rainfall in Bhopal, capital of India’s Madhya Pradesh state, June 22, 2021. (Str/Xinhua)
————————————
(Zawgyi Version)
အိႏၵိယႏိုင္ငံ၌ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူ ၇၀ ဦးနီးပါး ေသဆုံး

နယူးေဒလီ ၊ ဇူလိုင္ ၁၂ ရက္(ဆင္ဟြာ)

အိႏၵိယႏိုင္ငံ Uttar Pradesh ၊ Rajasthan ႏွင့္ Madhya Pradesh ျပည္နယ္သုံးခု၌ လြန္ခဲ့ေသာ ၂၄ နာရီအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းစဥ္ မိုးႀကိဳးပစ္ခံရသျဖင့္ လူ ၇၀ နီးပါး ေသဆုံးခဲ့ၿပီး အျခားလူ အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္နယ္သုံးခုမွ အစိုးရတာဝန္ရွိသူမ်ားက ဇူလိုင္ ၁၂ ရက္တြင္ ဖုန္းမွတစ္ဆင့္ ေျပာၾကားခဲ့သည္။

Uttar Pradesh ျပည္နယ္၌ မိုးႀကိဳးပစ္မႈ အမ်ားအျပားျဖစ္ေပၚခဲ့ၿပီး ေသဆုံးသူအေရအတြက္မွာ ဇူလိုင္ ၁၂ ရက္တြင္ ၄၂ ဦးထိ ျမင့္တက္လာခဲ့ေၾကာင္း ၊ Madhya Pradesh ျပည္နယ္၌ လူ ၇ ဦးေသဆုံးခဲ့ၿပီး ဇူလိုင္ ၁၁ ရက္တြင္ Rajasthan ျပည္နယ္၌ လူ ၂၀ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း မီဒီယာတြင္ ေဖာ္ျပမႈမ်ားအရ သိရသည္။

Uttar Pradesh ျပည္နယ္ရွိ ခ႐ိုင္ ၁၇ ခုတြင္ လူေပါင္း ၄၂ ဦး ျဖစ္ အမ်ားဆုံး ေသဆုံးခဲ့ေၾကာင္း ျပည္နယ္ၿမိဳ႕ေတာ္ Lucknow ၿမိဳ႕ရွိ Uttar Pradesh ေဘးအႏၲရာယ္ထိန္းခ်ဳပ္ေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ဖုန္းျဖင့္ အတည္ျပဳေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံ ဝန္ႀကီးခ်ဳပ္နာရန္ျဒာမိုဒီက ေသဆုံးမႈမ်ားအေပၚ ဝမ္းနည္းေၾကာင္း တြစ္တာစာမ်က္ႏွာတြင္ ေရးသားေဖာ္ျပခဲ့ၿပီး “Rajasthan ျပည္နယ္က ေနရာတစ္ခ်ိဳ႕မွာ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူမ်ားစြာ အသက္ဆုံးရႈံးခဲ့ရပါတယ္။ဒါက အလြန္ဝမ္းနည္းဖြယ္ေကာင္းပါတယ္။

ေသဆုံးသြားတဲ့ မိသားစုဝင္ေတြအတြက္ ကြၽန္ေတာ္အေနနဲ႔ လြန္စြာ ဝမ္းနည္းေၾကကြဲရပါတယ္။”ဟု ၎က ေရးသားေျပာဆိုခဲ့သည္။
Rajasthan ျပည္နယ္ဝန္ႀကီးခ်ဳပ္ Ashok Gehlot က မိုးႀကိဳးပစ္ခံရမႈေၾကာင့္ ေသဆုံးသြားသူမ်ား၏ မိသားစုဝင္မ်ားအတြက္ ေထာက္ပံ့ေငြ ေပးအပ္သြားမည္ဟု ေၾကညာခဲ့ေၾကာင္း သိရသည္။ (Xinhua)

ပုံစာ – အိႏၵိယႏိုင္ငံ Madhya Pradesh ျပည္နယ္ ၿမိဳ႕ေတာ္ Bhopal ၿမိဳ႕၌ ဇြန္ ၂၂ ရက္က မိုးသည္းထန္စြာ ႐ြာသြန္းမႈ၍ ေရႀကီးေရလွ်ံ မႈ ျဖစ္ေပၚေနေသာ လမ္းေပၚတြင္ သြားလာေနေသာ ယာဥ္မ်ားအား ေတြ႕ရစဥ္(ဆင္ဟြာ)

#India #lightningstrikes #NarendraModi #အိႏၵိယႏိုင္ငံ #မိုးႀကိဳးပစ္ခတ္မႈ #နာရန္ျဒာမိုဒီ #ဆင္ဟြာ #xinhua #myanmar #xinhuamyanmar