Connect with us

Asia

အိန္ဒိယနိုင်ငံ အက်ထရာခန်ပြည်နယ်တွင် ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်၊ Prayagraj ခရိုင်တွင် မုတ်သုံရာသီမုတ်သုံမိုးရွာသွန်းပြီးနောက် ဂင်္ဂါမြစ်ရေမြင့်တက်လာသောကြောင့် ရေလျှံနေသည့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသူများအား ၂၀၂၁ ခုနှစ်၊ သြဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ်တွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးမှုများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) သည် ပြည်နယ် ဝန်ကြီးချုပ် Pushkar Singh Dhami နှင့် အောက်တိုဘာ ၁၉ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၎င်းပြည်နယ်တွင် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။ ပြည်နယ်၏ နေရာအများစုသည် ရေစီးကြောင့် အဓိကလမ်းမကြီးများ၊ လမ်းများနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်၏ အဓိကခရီးသွားနေရာတစ်ခုဖြစ်သော Nainital ရှိ လမ်းများတစ်လျှောက် ရေများစီးဆင်းနေသလို Chamoli ခရိုင်တွင်လည်း မြေပြိုမှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း တီဗီသတင်းများ၌ ဖော်ပြထားသည်။

“ဝန်ကြီးချုပ်မိုဒီက တယ်လီဖုန်းပြောကြားစဉ်မှာ သဘာဝဘေးဖြစ်ရပ်ဆိုးများကြောင့် ပြည်နယ်တွင် ကြီးမားသောဆုံးရှုံးမှုများ အခြေအနေကို စာရင်းကောက်ယူခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ သဘာဝဖြစ်ရပ်ဆိုးပြဿနာများကို ဖြေရှင်းရာမှာ ပြည်နယ်အစိုးရအနေနဲ့ မည်သည့်အရာကိုမျှချန်လှပ်ထားမှာ မဟုတ်ပါဘူး” ဟု Dhami က တွစ်တာ၌ ရေးသားခဲ့သည်။

အက်ထရာခန်ပြည်နယ်ကပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၏ တောင်ပိုင်း ရှိ ကီရာလာပြည်နယ်သည်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကြောက်မက်ဖွယ်ရေကြီးမှုများအား တွေ့ကြုံခဲ့ရကြောင်း သိရသည်။ ကီရာလာပြည်နယ်တွင် လူ ၂၅ ဦးကျော်သေဆုံးခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ကီရာလာပြည်နယ်ရှိ Idukki ခရိုင်၊ Kottayam ခရိုင်နှင့် Ernakulam ခရိုင်တို့တွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆိုးဝါးသည့် ရေကြီးရေလျှံမှုကြောင့် လူ့အသက်များဆုံးရှုံးခဲ့သောကြောင့် သတိပေးချက်တိုးမြှင့်ထုတ်ပြန်ခဲ့သည်။ (Xinhua)

————————————
(English Version)
Floods hit India’s Uttarakhand state, 5 dead
NEW DELHI, Oct. 19 (Xinhua) — Indian Prime Minister Narendra Modi on Tuesday spoke to northern state Uttarakhand’s Chief Minister Pushkar Singh Dhami over phone on the situation in the hilly state following incessant rains and floods over the past few days.
According to media reports, at least five people died in the state during the past 24 hours. Many parts of the state remain cut off, with main highways and roads washed away by gushing waters.
TV reports showed gushing waters passing through the streets of Nainital, a major tourist destination in the state, with a couple of landslides happened in Chamoli district.
“Prime Minister Modi took stock of the situation over phone about the heavy losses the state has suffered by the natural tragedy. Under the directions given by the PM, the state government will leave no stone unturned in dealing with the natural tragedy,” tweeted Dhami.
Besides Uttarakhand, India’s southern state of Kerala too is witnessing deadly floods over the past few days. More than 25 people have died in Kerala, said media reports.
Due to heavy floods and loss of lives during the past few days, a high alert has been sounded in Kerala’s Idukki, Kottayam and Ernakulam districts. Enditem