Connect with us

Asia

၈ စင်းမြောက် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးတံတားက ကမ္ဘောဒီးယားနိုင်ငံရှိ ဒေသခံများအတွက် မျှော်လင့်ချက်များ ယူဆောင်လာ

ကွမ်ချမ် ၊ ကမ္ဘောဒီးယား ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

မဲခေါင်မြစ်အား ဖြတ်သန်းပြီး ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ Kampong Cham နှင့် Tboung Khmum ပြည်နယ်များအား ဆက်သွယ်ထားသည့် ၈ စင်းမြောက် တရုတ်နိုင်ငံက တည်ဆောက်ပေးသည့် ချစ်ကြည်ရေးတံတားသည် ပြည်နယ်နှစ်ခုလုံးရှိ ဒေသခံများအတွက် ဖွံ့ဖြိုးတိုးတက်မှု နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု မျှော်လင့်ချက်အား ယူဆောင်လာခဲ့ကြောင်း သိရသည်။အဆိုပါ တံတားကို Stueng Trang-Kroch Chhmar ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးတံတားဟု တရားဝင် အမည်ပေးထားသည်။ တံတားအရှည် ၁,၁၃၁ မီတာ နှင့် အကျယ် ၁၃ ဒသမ ၅ မီတာရှိသော ယင်းတံတားသည် ပြည်နယ်နှစ်ခုအကြား ခရီးသွားလာမှု နှင့် ကုန်စည်ပို့ဆောင်မှုအား လွယ်ကူစေမည် ဖြစ်ကြောင်း သိရသည်။

Kampong Cham နှင့် Tboung Khmum ပြည်နယ်ကို ချိတ်ဆက်ထားသည့် မဲခေါင်မြစ်အပေါ်တွင် တံတားတစ်စင်း ရှိခြင်းသည် သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ ၈ စင်းမြောက် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးတံတားအား နိုဝင်ဘာ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အသက် ၃၄ နှစ် အရွယ် ကျောင်းဆရာတစ်ဦးဖြစ်သူ Eng Sear က “အခုဆိုရင် ကူးတို့လှေတွေနဲ့ မြစ်ကို မဖြတ်တော့ပါဘူး ။ ဒီတံတားကို တည်ဆောက်ပေးတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ပါတယ် ။ ဒီလို အကောင်းဆုံး ကူညီပေးမှုကို ကျွန်တော်တို့ အမှတ်ရနေမှာပါ ။ “ ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဒီတံတားက Kampong Cham နဲ့ Tboung Khmum ပြည်နယ်တွေကို ဆက်သွယ်ထားရုံတင်မကပါဘူး ။ ကမ္ဘောဒီးယားနိုင်ငံ နဲ့ တရုတ်နိုင်ငံ ပြည်သူတွေရဲ့ နှလုံးသားချင်း ဆက်သွယ်ပေးထားပါတယ်။”ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်က ၈ စင်းမြောက် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးတံတားအား နိုဝင်ဘာ ၂၃ ရက်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်(ဆင်ဟွာ)

“ဒီကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးတံတားက ပြည်နယ်နှစ်ခုအတွက် ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်ပေးမည်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု ကျောင်းဆရာ Eng Sear က ပြောကြားခဲ့သည်။
အသက် ၃၁ နှစ် အရွယ်ရှိ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ Da Danuch က တံတားမဆောက်ရသေးသည့်အချိန်တွင် ၎င်းတို့မိသားစုသည် ကူးတို့လှေအသုံးပြုခြင်းအတွက် တစ်လလျှင် ကမ္ဘောဒီးယားငွေ riels ၂၀၀,၀၀၀ ခန့်(အမေရိကန်ဒေါ်လာ ၅၀) ကုန်ကျကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ ၈ စင်းမြောက် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးတံတားအား နိုဝင်ဘာ ၁၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“ဒီတံတားက Stueng Trang နဲ့ Kroch Chhmar ခရိုင်အကြား ကျွန်မတို့ရဲ့ ခရီးသွားလာရေးကို တကယ့်ကို လွယ်ကူချောမွေ့စေပြီးတော့ ငွေကုန်ကြေးကျ သက်သာပြီး ကျွန်မတို့ရဲ့ ခရီးသွားလာချိန်ကို လျော့ချပေးပါတယ်။”ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “အရင်တုန်းက ကူးတို့လှေနဲ့ ဖြတ်ကူးဖို့ အနည်းဆုံး တစ်နာရီကနေ တစ်နာရီခွဲလောက် ကြာပေမယ့် အခုဆိုရင် တံတားရှိတဲ့အတွက် အဆင်ပြေပါတယ်။ မြစ်ကို ဖြတ်ဖို့ ငါးမိနစ်တောင် မကြာတော့ပါဘူး ။” ဟု အစိုးရဝန်ထမ်း Da Danuch က ပြောကြားခဲ့သည်။

အဆိုပါ တံတားအား တရုတ်အစိုးရထံမှ သက်သာသော ချေးငွေဖြင့် Shanghai ဆောက်လုပ်ရေးလုပ်ငန်းစုက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် တံတားဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ လမ်း နှင့် တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ပံ့ပိုးကူညီသူ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံရှိ နိုင်ငံအဆင့်လမ်းများ ကီလိုမီတာ ၃,၀၀၀ ကျော်အား တရုတ်နိုင်ငံက တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီတံတားက ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် မူဘောင်မှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်တဲ့ အောင်မြင်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ “ပြည်သူတွေအတွက် ကူးတို့လှေနဲ့ မြစ်ကို ဖြတ်ကူးဖို့ ငွေကြေး ကုန်ကျမှု မရှိတော့တဲ့အတွက် အများကြီး အကျိုးရှိပါတယ်။ဒါက အချိန်နဲ့ ငွေကြေး နှစ်ခုလုံးကို သက်သာစေပါတယ်။” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် ဟွန်ဆန်က COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကမ္ဘောဒီးယားနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို အလွန်တန်ဖိုးထားပါကြောင်း ၊ တရုတ်နိုင်ငံ၏ အချိန်နှင့်တစ်ပြေးညီ ကာကွယ်ဆေး ပံ့ပိုးမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် မျှော်မှန်းထားသည့်အချိန်ထက် စောလျှင်စွာ စိတ်ချရသည့် လူအုပ်စုအကြား ကိုယ်ခံအားစနစ် ရရှိရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယနေ့အထိ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံ လူဦးရေ ၁၆ သန်းအနက် လူပေါင်း ၁၄ ဒသမ ၁ သန်း သို့မဟုတ် ၈၈ ဒသမ ၁ ရာခိုင်နှုန်းအား ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းကာကွယ်ဆေး ထိုးနှံထားသူ ၁၄ ဒသမ ၁ သန်းအနက် ၁၃ ဒသမ ၂၄ သန်း သို့မဟုတ် ၈၂ ဒသမ ၇ ရာခိုင်နှုန်းသည် လိုအပ်သည့် ကာကွယ်ဆေး ထိုးနှံမှု နှစ်ကြိမ်နှင့်အတူ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း နှင့် ၂ ဒသမ ၁၅ သန်း သို့မဟုတ် ၁၃ ဒသမ ၅ ရာခိုင်နှုန်းသည် အပိုဆောင်း ကာကွယ်ဆေး ထိုးနှံမှု ခံယူထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Wang Wentian က သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် အစားထိုး၍မရသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး တံတားများသည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန် နှင့် ကုန်သွယ်မှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန် အတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“အခုချိန်ထိ တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံမှာ မြစ်ကူးတံတား ၈ စင်း ဆောက်ထားပါတယ်။အဲဒီတံတားတွေက ကမ္ဘောဒီးယားနိုင်ငံရဲ့ နေရာဒေသအသီးသီးကို ချိတ်ဆက်ပေးထားရုံသာမကပဲ တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ ပြည်သူတွေရဲ့ နှလုံးသားတွေကို နီးနီးကပ်ကပ် ဆက်သွယ်ထားပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဝန်ကြီး Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် ယခုအထိ စုစုပေါင်း နိုင်ငံအဆင့် ၊ ပြည်နယ်အဆင့် နှင့် ကျေးလက်အဆင့် ကတ္တရာ နှင့် ကွန်ကရစ်လမ်း စုစုပေါင်း ကီလိုမီတာ ၁၅,၀၀၀ ၊ တံတားကြီး အစင်း ၂၀ ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု နှင့် နိုင်ငံတကာ ဆိပ်ကမ်း နှစ်ခုတို့အား တည်ဆောက်ထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် မြို့တော် ဖနွမ်းပင်မြို့ ၊ Siem Reap ပြည်နယ် နှင့် Koh Kong ပြည်နယ်များအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခု အပြင် ဖနွမ်းပင်မြို့ နှင့် ဆိပ်ကမ်းပြည်နယ် Preah Sihanouk တို့အား ချိတ်ဆက်ထားသည့် အမြန်လမ်းအား ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#Cambodia #China #riverbridge #ကမ္ဘောဒီးယားနိုင်ငံ #တရုတ်နိုင်ငံ #မြစ်ကူးတံတား #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(Chinese Version)
8th Cambodia-China friendship bridge brings hope to residents in Cambodia

KAMPONG CHAM, Cambodia, Nov. 24 (Xinhua) — Spanning across the Mekong River and connecting Kampong Cham and Tboung Khmum provinces in southeastern Cambodia, the eighth Chinese-built friendship bridge has brought hope of development and ease of doing businesses to residents in both provinces.

Officially named the Stueng Trang-Kroch Chhmar Cambodia-China Friendship Bridge, the 1,131-meter-long and 13.5-meter-wide bridge will ease travel and transport of goods between the two provinces.

Local residents said it is a historic milestone that there is a bridge over the Mekong River linking Kampong Cham and Tboung Khmum provinces.
“Now, we no longer cross the river by ferry or boat. Thank you China for constructing this bridge and we will remember this help for good,” Eng Sear, a 34-year-old teacher, told Xinhua.
“This bridge not only links Kampong Cham and Tboung Khmum provinces, but also connects the hearts of the peoples of Cambodia and China,” he said. “We hope that this Cambodia-China friendship bridge will bring about better development to the two provinces.”

Da Danuch, a 31-year-old civil servant, said when the bridge had not been built, her family spent around 200,000 riels (50 U.S. dollars) per month for ferry crossings.
“The bridge really facilitates our travel between Stueng Trang and Kroch Chhmar districts, saves us money and reduces our travel time,” she told Xinhua. “Previously, it took at least one hour to one-and-a-half hours to cross the river by ferry, but it’s convenient now because we have the bridge and it takes less than five minutes to cross the river.”
The bridge was developed by the Shanghai Construction Group under a concessional loan from the Chinese government.

On the inauguration of the bridge on Tuesday, Cambodian Prime Minister Samdech Techo Hun Sen said China is the key contributor to the country’s road and bridge development, saying that more than 3,000 km of national roads in the kingdom have been constructed by China.

“This bridge is one of the achievements under the cooperation between Cambodia and China in the framework of the Belt and Road Initiative,” he said. “People will greatly benefit from it because they no longer need to spend money to cross the river by ferry. It saves them both time and money.”

Meanwhile, Hun Sen highly valued China’s support for Cambodia in fighting COVID-19, saying that China’s timely and regular vaccine supply has enabled Cambodia to achieve a solid herd immunity earlier than planned.

To date, the southeast Asian nation has administered at least one vaccine dose to 14.1 million people, or 88.1 percent of the kingdom’s 16 million population, he said, adding that of them, 13.24 million, or 82.7 percent, have been fully vaccinated with both required shots, and 2.15 million, or 13.5 percent, have received a booster dose.
Chinese Ambassador to Cambodia Wang Wentian said transport infrastructure plays an irreplaceable role in socio-economic development and that bridges are essential to ease traffics and to boost trade and tourism.

“So far, China has built eight river bridges in Cambodia, and these bridges not only link different parts of Cambodia, but also closely connect the hearts of the peoples of China and Cambodia,” he said.

Cambodian Minister of Public Works and Transport Sun Chanthol said the kingdom has so far constructed a total of 15,000 km of national, provincial and rural roads with tar and concrete, 20 large bridges, three international airports, and two international ports.

He added that the nation is currently developing three more international airports for capital Phnom Penh, Siem Reap province and Koh Kong province as well as an expressway linking Phnom Penh and the seaport province of Preah Sihanouk. ■

Photo 1 – Photo taken on Nov. 23, 2021 shows the eighth Cambodia-China Friendship Bridge in Cambodia. (Photo by Ly Lay/Xinhua)
Photo 2 – Aerial photo taken on Nov. 12, 2021 shows the eighth Cambodia-China Friendship Bridge in Cambodia. Photo by Ly Lay/Xinhua)
Photo 3 – Cambodian Prime Minister Samdech Techo Hun Sen cuts the ribbon to inaugurate the eighth Cambodia-China Friendship Bridge in Stueng Trang district of Cambodia, Nov. 23, 2021. (Photo by Ly Lay/Xinhua)

Photo 4 – Aerial photo taken on Nov. 11, 2021 shows the eighth Cambodia-China Friendship Bridge in Cambodia. (Photo by Ly Lay/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.