Connect with us

China

တရုတ်-အမေရိကန် စီးပွားရေးလုပ်ငန်းအဖွဲ့ ပထမဆုံးအစည်းအဝေးပြုလုပ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ရှိ ကျိုးဆန်းဆိပ်ကမ်းတွင် တန်းစီနေသော ကွန်တိန်နာများကို ၂၀၂၁ ခုနှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် စီးပွားရေးလုပ်ငန်းအဖွဲ့၏ ပထမဆုံးအစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
MOF နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူများက ပူးတွဲသဘာပတိ ပြုလုပ်ခဲ့ကြသော အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးအခြေအနေများနှင့် မူဝါဒများ၊ နှစ်ဖက်စီးပွားရေး ဆက်ဆံမှုများ၊ ကမ္ဘာ့စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နက်ရှိုင်း၊ ပွင့်လင်း၍ အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသည် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့ ခေါင်းဆောင် ဟယ်လိဖုန်းနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန်တို့ ဇူလိုင်လက သဘောတူညီချက် ရရှိခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံက ၎င်းတို့၏ ဂရုပြုကြသည့်ကိစ္စရပ်များကို ဖော်ပြခဲ့ပြီး ဆက်ဆံရေးထိန်းသိမ်းရန် နှစ်ဘက်လုံးကလည်း သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China-U.S. economic working group holds first meeting
BEIJING, Oct. 24 (Xinhua) — The China-U.S. economic working group held its first meeting via video link on Tuesday, China’s Ministry of Finance (MOF) said in a statement.
At the meeting co-chaired by vice-ministerial officials from the MOF and the U.S. treasury department, the two sides had in-depth, candid and constructive discussions on the macroeconomic situations and policies of the two countries and the world, bilateral economic relations, and cooperation in addressing global challenges.
The meeting came after the consensus reached in July by He Lifeng, Chinese Vice Premier and Chinese lead person for China-U.S. economic and trade affairs, and U.S. Treasury Secretary Janet Yellen.
The Chinese side expressed its concern at the meeting, and the two sides agreed to maintain communication, according to the statement.
Photo: Aerial photo taken on March 3, 2021 shows containers piled up at the Ningbo Zhoushan Port in Ningbo, east China’s Zhejiang Province. (Xinhua/Weng Xinyang)