Connect with us

Africa & Middle East

ဂျော်ဒန်နိုင်ငံက ဂါဇာဆေးရုံထံ ဆေးပစ္စည်းများ လေယာဉ်ဖြင့်ချပေး

ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တွင် ကျန်းမာရေးပံ့ပိုးမှုအကူအညီများ တင်ထားသော ထရပ်ကားများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမ်မန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ တော်ဝင်လေတပ် လေယာဉ်က ဂါဇာကမ်းမြောင်ဒေသရှိ ဂျော်ဒန်ဆေးရုံထံ အရေးပေါ် ကျန်းမာရေးပံ့ပိုးမှုအကူအညီများကို နိုဝင်ဘာ ၆ ရက်တွင် လေယာဉ်ဖြင့် ချပေးခဲ့ကြောင်း ဂျော်ဒန်နိုင်ငံပိုင် Petra News Agency က သတင်းဖော်ပြခဲ့သည်။

ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်ဒေသထံ ကုန်းလမ်းဖြင့် အကူအညီလွှဲပြောင်းပေးရန် ကြန့်ကြာနေခြင်းကြောင့် အဆိုပါဆေးရုံတွင် ဆေးဝါးပစ္စည်းများ ပြတ်လပ်လုနီးပါးဖြစ်နေကြောင်း၊ ဂါဇာရှိ ပြည်သူများကို ပံ့ပိုးကူညီရန် ဂျော်ဒန်၏ ကြိုးပမ်းအားထုတ်မှုများ ဆက်လက်ဆောင်ရွက်မှုအဖြစ် ယခုလိုဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဂျော်ဒန်စစ်တပ်မှ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဖော်ပြထားသည်။

“ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့လေတပ်ဝန်ထမ်းတွေက ဂါဇာမှာရှိတဲ့ ဂျော်ဒန်ဆေးရုံထံ အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီပစ္စည်းတွေကို ညသန်းခေါင်ယံမှာ လေယာဉ်ပေါ်ကနေ ချပေးခဲ့ပါတယ်” ဟု ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ-၂ က X အကောင့်တွင် ရေးသားလျက် ပါလက်စတိုင်းပြည်သူများအပေါ် ၎င်း၏အားပေးထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့သည်။
ထိုဂျော်ဒန်ဆေးရုံသည် စိန်ခေါ်မှုများနှင့် အခက်အခဲများကြားမှ ဂါဇာရှိ ဒဏ်ရာရသူများကို ကုသပေးလျက်ရှိကာ ပါလက်စတိုင်းနယ်မြေအတွင်းရှိ စစ်မက်ဒဏ်ခံစားနေရသူများ သက်သာလျော့ပါးရေးအတွက် လူသားချင်းစာနာထောက်ထားမှု အခန်းကဏ္ဍကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
Jordan airdrops medical supplies to Gaza hospital
AMMAN, Nov. 6 (Xinhua) — A Jordanian Royal Air Force aircraft Monday airdropped urgent medical supplies to the Jordanian field hospital in the Gaza Strip, reported Jordan’s state-run Petra News Agency.
The hospital was on the verge of running out of supplies due to the delay in land aid delivering to the besieged strip, and the action came as a continuation of Jordan’s efforts to support people in Gaza, said the report, citing an unnamed military source from the Jordanian Armed Forces.
“Our fearless air force personnel airdropped at midnight urgent medical aid to the Jordanian field hospital in Gaza,” said King Abdullah II of Jordan on his X account Monday, reaffirming his support for the Palestinian people.
The Jordanian field hospital has been treating the wounded from Gaza despite all the challenges and difficulties and performing its humanitarian role to alleviate the suffering of people in the Palestinian enclave, the report said.
Photo: Trucks loaded with medical supplies are seen in Amman, Jordan, on Oct. 31, 2023. (Photo by Mohammad Abu Ghosh/Xinhua)