Connect with us

Africa & Middle East

မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ရန် သက်ဆိုင်ရာအဖွဲ့များကို တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် သက်ဆိုင်ရာအဖွဲ့များကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ မတူကွဲပြားမှုများကို ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ တင်းမာမှုအရှိန် မြင့်တက်ခြင်းကို ရှောင်ရှားနိုင်ရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ထိရောက်သော စီမံဆောင်ရွက်မှုများ ချမှတ်လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းကြောင်း ဝမ်ဝန်ပင်းက ပြောခဲ့သည်။

အဆိုပါ ဒေသတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံနယ်စပ်ရှိ မြို့တစ်မြို့ကို လက်လွှတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ရာ ဝမ်ဝန်ပင်းက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

………………………………
(English Version)
Foreign Ministry Spokesperson Wang Wenbin’s Regular Press Conference on November 2, 2023
A spokesperson of Myanmar’s military said this afternoon that Myanmar’s military has lost control over a strategic town along the Chinese border following clashes in the region. Does the Foreign Ministry have any comment on this?
Wang Wenbin: China is closely following the conflict in northern Myanmar. We urge parties to immediately stop the fighting, settle differences peacefully through dialogue and consultation, avoid escalation of the situation and take effective measures to ensure security and stability at the China-Myanmar border.