Connect with us

Asia

နီပေါနိုင်ငံ အနောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁၂၈ ဦးအထိ မြင့်တက်လာ

နီပေါနိုင်ငံ Jajarkot ခရိုင်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Office of Prime Minister/Handout via Xinhua)

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၂၈ ဦးအထိ ရှိလာပြီဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း အစိုးရတာဝန်ရှိသူများက နိုဝင်ဘာ ၄ ရက်၌ ပြောခဲ့သည်။

နီပေါနိုင်ငံ Jajarkot ခရိုင်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Office of Prime Minister/Handout via Xinhua)

နီပေါနိုင်ငံ Jajarkot ခရိုင်ရှိ ဆေးရုံတွင် ဒဏ်ရာရအမျိုးသမီးလူနာထံ သွားရောက်ကြည့်ရှုနေသော ဝန်ကြီးချုပ် Pushpa Kamal Dahal (ယာ) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Office of Prime Minister/Handout via Xinhua)

နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot နှင့် Rukum West ခရိုင်များတွင် နိုဝင်ဘာ ၃ ရက် ည ၂၃:၄၇ နာရီတွင် အင်အားအဆင့် ၆.၄ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူ ၁၂၈ ဦး သေဆုံးခဲ့ပြီး အခြားသူ ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နီပေါ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kuber Kadayat က ဆင်ဟွာကို ပြောခဲ့သည်။
ငလျင်ကြောင့် တံတားများကျိုးကျကာ လမ်းများလည်း ပိတ်နေခြင်းကြောင့် နေရာအချို့သို့ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် ခက်ခဲနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ငလျင်၏ မြေအောက်အနက်မှာ ၁၀ မှ ၁၅ ကီလိုမီတာကြား ရှိပြီး နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ပြင်းအားအဆင့် ၄ အထက်ရှိသော နောက်ဆက်တွဲ ငလျင်လေးခု လှုပ်ခတ်ခဲ့ကြောင်း နီပေါနိုင်ငံ အမျိုးသားငလျင်စောင့်ကြည့်ရေးနှင့် သုတေသနစင်တာမှ Lok Bijay Adhikari ပြောကြားချက်အရ သိရသည်။

“နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်နိုင်သေးတယ်” ဟု ၎င်းက ဆိုသည်။
နီပေါအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးနောက် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းကို အလေးထားဆောင်ရွက်လျက်ရှိသည်။

“ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးနှင့် ကုသရေးက ပထမဦးစားပေးပဲ” ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Narayan Prasad Bhattarai က ဆင်ဟွာကို ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Death toll from earthquake rises to 128 in western Nepal
KATHMANDU, Nov. 4 (Xinhua) — The death toll from a strong, shallow earthquake in western Nepal has risen to 128 as the rescue operation is going on, government officials said on Saturday.
The 6.4-magnitude quake hit Jajarkot and Rukum West districts in western Nepal at 23:47 local time on Friday night (1802 GMT), killing 128 people in the districts and wounding 140 others, Nepal Police spokesman Kuber Kadayat told Xinhua.
It is difficult for the rescue teams to reach some places as bridges were damaged, and roads were blocked by landslides triggered by the quake, he said.
The depth of the earthquake is between 10 to 15 km, and an additional four aftershocks above magnitude 4.0 have been recorded by Saturday morning, according to Lok Bijay Adhikari from Nepal’s National Earthquake Monitoring and Research Center.
“The aftershocks continue,” he added.
The Nepali government is focusing on the rescue and treatment of the injured after the earthquake.
“The rescue and treatment of the injured is the first priority,” Home Ministry spokesman Narayan Prasad Bhattarai told Xinhua.
Photo1-2: This photo taken on Nov. 4, 2023 shows damaged buildings after an earthquake in Jajarkot district, Nepal. (Office of Prime Minister/Handout via Xinhua)
Photo 3: Nepali Prime Minister Pushpa Kamal Dahal (R) visits an injured woman at a hospital in Jajarkot district, Nepal, Nov. 4, 2023. (Office of Prime Minister/Handout via Xinhua)