Connect with us

Europe

ယူကရိန်းနိုင်ငံ၏ ဂျုံ၊ ပြောင်းတင်ပို့မှုများပြန်လည်စတင်မည့်အပေါ် “တိုးတက်မှုများစွာ” ရှိကြောင်းတူရကီဝန်ကြီးပြော

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan (လယ်) က ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များနှင့် မတ် ၂၉ ရက်က မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ အစ္စတန်ဘူလ်မြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ ဂျုံ၊ ပြောင်းတင်ပို့မှုများပြန်လည်စတင်ရေးအစီအစဉ်မှာ “တိုးတက်မှုများစွာ” ရှိကြောင်းတူရကီနိုင်ငံကာကွယ်ရေးဝန်ကြီးHulusiAkara က ကြေညာလိုက်ကြောင်းAnadoluအေဂျင်စီ က ဇွန် ၇ ရက်၌ သတင်းဖော်ပြခဲ့သည်။တူရကီနိုင်ငံသည် ယူကရိန်း၊ ရရုရှားနှင့် ကုလသမဂ္ဂကြားOdesaဆိပ်ကမ်းနှင့် ယူကရိန်းကမ်းရိုးတန်းတစ်လျှောက်ရှိနေရာများမှ ရေမြှုပ်မိုင်းများရှင်းလင်းရေးကိစ္စဆောင်ရွက်ရေးတွင် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းAkara ၏ ပြောကြားချက်အရသိရသည်။

“ဒါကိုဖြစ်နိုင်သမျှမြန်မြန် အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟုတူရကီဝန်ကြီး၏ ပြောကြားချက်အားကိုးကား၍ Anadoluအေဂျင်စီကသတင်းဖော်ပြခဲ့သည်။

“အားလုံးကတော့ အပြန်အလှန် စိတ်ချမှုကိုလိုချင်ကြတာပါပဲ။ အဲဒီယုံကြည်မှုကိုရရှိဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောခဲ့သည်။

ကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသောစိန်ခေါ်မှုများမှာရုရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများဖယ်ရှားလိုက်ပါက ဓာတ်မြေဩဇာနှင့် လယ်ယာထွက်ကုန်များလိုအပ်သောပမာဏအတိုင်းတင်ပို့နိုင်မည်ဖြစ်ကြောင်းကရင်မလင်နန်းတော်ကအစောပိုင်း၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် ရုရှားက ဆိပ်ကမ်းများကို ပိတ်ထားသဖြင့် ယူကရိန်း ထုတ်ကုန်များ တင်ပို့ရန် ပင်လယ်ရေကြောင်းစင်္ကြံတစ်ခု ဖန်တီးရေးဆွေးနွေးရန် တူရကီနိုင်ငံ အန်ကာရာမြို့သို့ ဇွန် ၈ ရက်တွင် သွားရောက်ရန်စီစဉ်ထားကြောင်း သိရသည်။

တူရကီနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၏ ဂျုံ၊ ပြောင်းများ တင်ပို့ရေး သဘောတူညီချက်ရရှိလာပါက “လေ့လာရေးယန္တရား” အခန်းကဏ္ဍမှပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံ ရေတပ်ကလည်း ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိရန် တူရကီရေလက်ကြားကို ဖြတ်သန်းမည့် ဆီတင်သင်္ဘောများ ယူကရိန်းမှ ထွက်ခွာခြင်းအား လိုက်ပါစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။ (Xinhua)

#Russia, #Ukraine, #Turkey, #Export, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား #ယူကရိန်း #တူရကီ #ပို့ကုန် #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

————————-
(English Version)
“A lot of progress” made on resuming Ukraine’s grain exports: Turkish minister
Source: Xinhua| 2022-06-07 20:09:13|Editor: huaxia
ANKARA, June 7 (Xinhua) — Turkish Defense Minister HulusiAkara announced that “a lot of progress” has been made on a plan for resuming grain exports from Ukrainian ports, semi-official Anadolu Agency reported Tuesday.
Turkey coordinates the work among Ukraine, Russia and the United Nations on issues regarding clearing off sea mines floating off the port of Odesa and elsewhere along Ukraine’s coast, according to Akara.
“We are making efforts to conclude this as soon as possible,” the Turkish minister was quoted by Anadolu as saying.
“Everyone wants to be sure of something mutually. We are working to ensure that trust,” he added.
Given the current challenges in the global food market, Russia would be able to export the necessary volumes of fertilizers and agricultural products if Western sanctions were lifted, the Kremlin said earlier.
Russian Foreign Minister Sergey Lavrov is scheduled to visit Turkey’s capital Ankara on Wednesday for talks on creating a sea corridor for exporting Ukraine’s goods as its ongoing conflict with Russia has led to the blocking of its ports.
Ankara has said it is ready to take on a role within an “observation mechanism” if a deal on Ukraine’s grain exports is reached.
Local media reported that Turkey’s navy can escort tankers leaving Ukraine which will then pass through the Turkish straits to reach world markets. ■
Photo : Turkish President Recep Tayyip Erdogan (C) meets with Russian and Ukrainian delegations before a fresh round of face-to-face peace talks in Istanbul, Turkey, M