Connect with us

Africa & Middle East

အချိန် ၁၉ နှစ်နီးပါး ဆက်ဆံရေးရပ်ဆိုင်းထားပြီးနောက် နအူရူးနိုင်ငံတွင် တရုတ်နိုင်ငံအလံ လွှင့်ထူ

နအူရူးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ပြန်လည်ထားရှိရေးတာဝန်ရှိအဖွဲ့က ယင်းနိုင်ငံတွင် တရုတ်နိုင်ငံအလံ လွှင့်ထူခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ရာယန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

နအူရူးနိုင်ငံတွင် ဇန်နဝါရီ ၂၉ ရက်၌ တရုတ်သံတမန်အဖွဲ့မှ တရုတ်နိုင်ငံအလံ လွှင့်ထူခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော နအူရူးနိုင်ငံတွင် အချိန် ၁၉ နှစ်နီးပါးကြာပြီးမှ ကြယ်ငါးပွင့်အနီရောင်အလံကို ပထမဆုံးအကြိမ် လွှင့်ထူခြင်းလည်းဖြစ်သည်။

နအူရူးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ပြန်လည်ထားရှိခြင်းဆိုင်ရာ တာဝန်ရှိအဖွဲ့က ၎င်းတို့၏ ယာယီရုံးခန်းများနှင့် နေအိမ်များ တည်ရှိရာ စုပေါင်းနေရာဝင်းအတွင်း အဆိုပါ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် နအူရူးနိုင်ငံတို့သည် ပင်ကိုအားဖြင့် သဟဇာတရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားသောအလားအလာရှိေကြာင်း သံတမန်အဖွဲ့ ခေါင်းဆောင် Wang Xuguang က သတင်းထောက်များအား ပြောကြားခဲ့သည်။

“နှစ်နိုင်ငံကြား နယ်ပယ်စုံမှာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအပေါ် မိမိအနေနဲ့ အပြည့်အဝယုံကြည်ပါတယ်” ဟု Wang က ဆိုသည်။

“နှစ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွေကို ချိန်ညှိရေး အားကောင်းဖို့၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘုံအခြေအနေ ရှာဖွေရေး ကြိုးပမ်းဆောင်ရွက်ဖို့၊ ပိုမိုကောင်းမွန်တဲ့ စီမံကိန်းတွေကို ရှေ့ဆက်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒါမှသာ နှစ်နိုင်ငံပြည်သူတွေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကနေ အကျိုးကျေးဇူးတွေ ဆောလျင်စွာ ရရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နအူရူးနိုင်ငံ အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုကြောင်းနှင့် ထိုင်ဝမ်အာဏာပိုင်များနှင့် “သံတမန်ဆက်ဆံရေး” ကို ဖြတ်တောက်ကြောင်း၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်လိုကြောင်း ဇန်နဝါရီ ၁၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် နအူရူးနိုင်ငံတို့သည် သံအမတ်အဆင့် အပြန်အလှန်ထားရှိေသာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ကြောင်း ဇန်နဝါရီ ၂၄ ရက်က ပေကျင်းမြို့၌ ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

……………………………
(English Version)
Chinese national flag raised in Nauru after nearly 19 years of hiatus
YAREN, Jan. 29 (Xinhua) — A Chinese national flag-raising ceremony was held on Monday in Nauru by a Chinese diplomatic team, marking the first time in nearly 19 years that the five-star red flag has been raised in the Pacific island country.
The ceremony was held by the team responsible for reestablishing the Chinese embassy in Nauru in a compound that also houses their temporary offices.
China and Nauru are naturally complementary and have great potential in bilateral cooperation, Wang Xuguang, head of the diplomatic team, told reporters.
“I am fully confident of the future cooperation between the two countries in various fields,” Wang said.
“Going forward, the two sides should strengthen the alignment of their development strategies, strive to find common ground for cooperation, and carry out more and better projects so that the two peoples can benefit from bilateral relations at an earlier date,” he said.
The Nauruan government issued a statement on Jan. 15, announcing that it recognizes the one-China principle, severed the so-called “diplomatic relations” with the Taiwan authorities, and is willing to resume diplomatic relations with China.
China and Nauru signed a joint communique in Beijing on Jan. 24 on the resumption of diplomatic relations at the ambassadorial level.
Photo: A Chinese diplomatic team responsible for reestablishing the Chinese embassy in Nauru holds a Chinese national flag-raising ceremony in the Republic of Nauru, Jan. 29, 2024. (Photo by Chen Guolong/Xinhua)