Connect with us

Politics, Law & Military

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံအား ငှက်ဖျားရောဂါ ဖယ်ရှားရှင်းလင်းနိုင်သည့်နိုင်ငံ အသိအမှတ်ပြုလက်မှတ်ပေးအပ်

ဓာတ်ပုံ-ဓာတ်ခွဲခန်းအတွင်းရှိ ငှက်ဖျားရောဂါပိုး သယ်ဆောင်ထားသည့် ခြင်များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-Xinhua/AFP)

ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇွန် ၃၀ ရက်၌ တရုတ်နိုင်ငံအား ငှက်ဖျားရောဂါ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နိုင်ငံ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ၁၉၄၀ ပြည့်လွန်နှစ်များတွင် လူပေါင်း သန်း ၃၀ ခန့် ငှက်ဖျားရောဂါကူးစက်ခံရကြောင်း ၊ နှစ်ပေါင်း ၇၀ ကြာ ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် ယခုအခါ ငှက်ဖျားရောဂါ လုံးဝ ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ချီးမွမ်းဂုဏ်ပြုကြောင်း ၊ ယင်းဆောင်ရွက်မှုသည် အလွန် အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် မိမိတို့အနေဖြင့် တရုတ်နိုင်ငံ ပြည်သူများ တစ်နိုင်ငံလုံးအတိုင်းအတာအရ ငှက်ဖျားရောဂါ ရှင်းလင်းနိုင်ခဲ့သည့်အပေါ် ဂုဏ်ပြုလိုကြောင်း ၊ ယင်းအောင်မြင်မှုမှာ လွယ်ကူစွာ ရရှိခဲ့ခြင်းမဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုသည် အနာဂတ်ကမ္ဘာကြီးတွင် ငှက်ဖျားရောဂါ ပပျောက်စေရန် ရည်မှန်းချက်မှာ ဖြစ်နိုင်သည်ကို လက်တွေ့ ပြသလိုက်ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အနောက်ပစိဖိတ်သမုဒ္ဒရာဒေသရှိ ပထမဦးဆုံးသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပေးအပ်သည့် ငှက်ဖျားရောဂါဖယ်ရှားနိုင်သည့်နိုင်ငံ အသိအမှတ်ပြုလက်မှတ် ရရှိသည့်နိုင်ငံဖြစ်လာကြောင်း ၊ ဒေသတွင်း ယင်းအသိအမှတ်ပြုလက်မှတ်ရရှိခဲ့သည့် အခြားနိုင်ငံများမှာ ၁၉၈၁ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ၊ ၁၉၈၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ နှင့် ၁၉၈၇ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ တို့ဖြစ်ကြကြောင်း ၊ ကမ္ဘာပေါ်တွင် လက်ရှိချိန်၌ နိုင်ငံနှင့်ဒေသပေါင်း ၄၀ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပေးအပ်သည့် ငှက်ဖျားရောဂါ ဖယ်ရှားနိုင်သည့် အသိအမှတ်ပြုလက်မှတ်များ အသီးသီး ရရှိထားကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲက အနောက်ပစိဖိတ်သမုဒ္ဒရာဒေသ တာဝန်ခံ Takeshi Kasai မှလည်း တရုတ်နိုင်ငံ မှ ငှက်ဖျားရောဂါအား ရှင်းလင်းနိုင်ခဲ့သည့်အပေါ် ဂုဏ်ပြုကြောင်းပြောကြားခဲ့သည်။ ၎င်းက တရုတ်နိုင်ငံသည် အရေးပါသည့် မှတ်တိုင်တစ်ခုတစ်တွက် မရပ်မနား ကြိုးပမ်းအားထုတ်မှုပြုလုပ်ခဲ့ကြောင်း ၊ အားကောင်းသည့် နိုင်ငံရေးဆိုင်ရာ ကတိပြုချက် နှင့် အားကောင်းသည့် အမျိုးသားကျန်းမာရေးစနစ်တို့ကြောင့် တစ်ချိန်က အများပြည်သူကျန်းမာရေး ပြဿနာ တစ်ခုဖြစ်သည့် ရောဂါအား ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ အောင်မြင်မှုကြောင့် မိမိတို့၏ အနောက်ပစိဖိတ်သမုဒ္ဒရာဒေသ ငှက်ဖျားရောဂါကင်းရှင်းရေး မျှော်မှန်းချက်အတွက် ပိုမိုနီးကပ်လာစေခဲ့ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကာလရှည်ကြာစွာ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ တိုင်းရင်းဆေးဝါးမှ Artemisinin ကို ထုတ်ယူနိုင်သည့် နည်းလမ်းရှာဖွေတွေ့ရှိခဲ့ပြီး အတွေ့အကြုံကောင်း နှင့် နည်းလမ်းကောင်းများစွာကို စုဆောင်းအနှစ်ချုပ်နိုင်ခဲ့ကြောင်း ၊ အမျိုးသား ငှက်ဖျားရောဂါကူးစက်မှု အစီရင်ခံ ကွန်ရက်စနစ် နှင့် ငှက်ဖျားရောဂါ စစ်ဆေးမှုဓာတ်ခွဲခန်း ကွန်ရက်ကိုလည်း တည်ထောင်ခဲ့ကြောင်း ၊ ငှက်ဖျားရောဂါပျံ့ပွားမှုတိုင်းတာစစ်ဆေးရေး နှင့် ငှက်ဖျားရောဂါ မူရင်းရောဂါပိုး ဆေးယဉ်ပါမှု တိုင်းတာစစ်ဆေးရေးစနစ် တို့ကိုလည်း ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြောင်း ၊ လမ်းကြောင်းခြေရာခံ စုံစမ်း၍ မူလအရင်းအမြစ်ကို ရှင်းလင်းသည့် လုပ်ငန်းဆောင်ရွက်မှု မူဝါဒ ကို ချမှတ်ခဲ့ပြီး ငှက်ဖျားရောဂါ အစီရင်ခံမှုများကို စုံစမ်းခြုံငုံသုံးသပ်မှုများကို ဆောင်ရွက်ခဲ့ကာ “1-3-7” စုံစမ်းမှု နှင့် ဖြေရှင်းမှု လုပ်ငန်းပုံစံကို ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းလုပ်ငန်းဆောင်ရွက်မှုပုံစံသည်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာဆိုင်ရာ စာရင်းထဲသို့ ထည့်သွင်းရေးသားနေပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးချသွားနိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါစီမံကိန်းတာဝန်ခံ Pedro L. Alonso က ဆယ်စုနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုစွမ်းရည်က နိုင်ငံအတွင်း ငှက်ဖျက်ရောဂါအား ရင်ဆိုင်ဖြေရှင်းရာတွင် အလွန်ကောင်းမွန်သည့် သက်ရောက်မှုဖြစ်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုသည်လည်း ကမ္ဘာပေါ်တွင် ထင်းရှားသည့် ဆက်စပ်သက်ရောက်မှုများ ဖြစ်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများသည် အစဉ်အမြဲ အသစ်ဖြစ်သော ၊ တီထွင်ဆန်းသစ်သော ၊ ပုံစံအသစ်ဖြစ်သော နည်းလမ်းများအား ရှာဖွေခဲ့ပြီး ငှက်ဖျားရောဂါ ရှင်းလင်းရေး ခြေလှမ်းကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————————–
(Chinese Version)

(科技)世卫组织向中国颁发国家消除疟疾认证

新华社日内瓦6月30日电(记者刘曲)世界卫生组织30日向中国颁发国家消除疟疾认证,称赞中国从上世纪40年代每年报告约3000万疟疾病例、经过70年不懈努力到如今完全消除疟疾,是一项了不起的成就。

世卫组织总干事谭德塞在一份官方声明中表示:“今天我们祝贺中国人民在全国范围内消除了疟疾。他们的成功来之不易,是经过几十年有针对性的持续行动才取得的。中国加入了越来越多国家的行列,向世界表明无疟疾的未来是一个可行的目标。”

中国是30多年来世卫组织西太平洋地区第一个获得无疟疾认证的国家。这一地区此前曾获这一认证的国家有澳大利亚(1981年)、新加坡(1982年)和文莱(1987年)。全球范围内目前已有40个国家和地区获得世卫组织颁发的无疟疾证书。

中国于2020年11月向世卫组织申请国家消除疟疾认证,当时中国已连续近4年无本地原发感染疟疾病例报告,已符合“疟疾本地传播链至少连续中断3年”的世卫认证标准。

世卫组织西太平洋区域主任葛西健也祝贺中国消除疟疾。“中国为实现这一重要的里程碑所做的不懈努力表明,强有力的政治承诺和加强国家卫生系统可以消除一种曾经是主要公共卫生问题的疾病。中国的成就使我们离西太平洋地区无疟疾的愿景又近了一步。”

中国在与疟疾的长期较量中,从中草药中发现并提取了青蒿素,积累和总结了许多好的经验做法。中国建立了全国疟疾等传染病网络报告系统和疟疾实验室检测网络,完善了疟疾媒介监测和疟原虫抗药性监测体系,制定了“线索追踪、清点拔源”的工作策略,探索总结了疟疾报告、调查和处置的“1-3-7”工作模式。这一工作模式被正式写入世卫组织的技术文件向全球推广应用。

世卫组织全球疟疾项目主任佩德罗•阿隆索指出:“几十年来,中国的创新能力在本国应对疟疾方面发挥了很好的作用,并在全球产生了显著的连锁反应。中国政府和人民一直在寻找新的、创新型方法来加快消除疟疾的步伐。”(完)

Photo
图为在实验室中拍摄的携带疟原虫的蚊子。(新华社/法新)