09
Mon, Dec
489 New Articles

ကင်ညာ နိုင်ငံ တွင် ခရီးသည် တင်ယာဉ် တစ်စင်း ချောက်ထဲ ကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၇ ဦး သေဆုံး

ကင်ညာ နိုင်ငံ တွင် ဧပြီလ ၁၀ ရက်နေ့ ၌ ခရီးသည် တင်ယာဉ် ချောက်ထဲ ကျမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

နိုင်ရိုဘီ ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ အနောက်တောင်ပိုင်း Narok ဒေသ၌ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း အချိန်တွင် ခရီးသည် တင်ယာဉ် တစ်စင်း ချောက်ထဲ ကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၇ ဦး သေဆုံး ခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိ တစ်ဦး ၏ ပြောကြား ချက်အရ သိရှိရသည်။

Narok ဒေသ အစိုးရ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် လူပေါင်း ၆၀ ကျော် လိုက်ပါခဲ့သည့် ခရီးသည် တင်ယာဉ် တစ်စင်း သည် မြို့တော် နိုင်ရိုဘီ သို့ မောင်းနှင်လာစဉ် အတွင်း ချောက်ထဲ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း ၊ ခရီးသည် တင်ယာဉ် အနေဖြင့် မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ကုန်တင်ကား အား ရှောင်ရှားရာ မှ ချောက်ထဲ သို့ ပြုတ်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ၊ ခရီးသည် တင်ယာဉ် ချောက်ထဲကျမှု ကြောင့် လူပေါင်း ၁၇ ဦး သေဆုံး ခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကာ သက်ဆိုင်ရာ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ညာ နိုင်ငံ တွင် ကာလမ်းများ ကျဉ်းမြောင်းခြင်း ၊ ထိန်းသိမ်းမှု အားနည်းခြင်း ၊ ကားအခြေအနေ မကောင်းမွန်ခြင်း နှင့် အရှိန်ကျော်လွန် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ် မတော်တဆမှု ဖြစ်ပွား နေသည်။ ကင်ညာ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ နှစ်စဉ် လူပေါင်း ၃၀၀၀ ခန့် သည် ယာဉ်မတော်တဆမှု ကြောင့် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)