ရုရှား နိုင်ငံ က အမေရိကန် ကင်းထောက် လေယာဉ်များ ရုရှား တပ်စခန်းများအား အနီးကပ် ထောက်လှမ်း နေကြောင်း ထုတ်ပြန်

အမေရိကန် နိုင်ငံ P-8 ကင်းထောက် လေယာဉ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ဗလာဒီဗော့စတော့ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ လေကြောင်း သွားလာမှု စစ်ဆေးရေး ဌာန က အမေရိကန် နိုင်ငံ ၏ ကင်းထောက်လေယာဉ် ၇ စင်း သည် ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်စခန်းများအား စုံစမ်းထောက်လှမ်းမှုများ ဆောင်ရွက်နေကြောင်း ဧပြီလ ၁၃ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်တွင် အမေရိကန် ကင်းထောက်လေယာဉ်များက ဆီးရီးယား နိုင်ငံ မြေထဲပင်လယ် အရှေ့ဘက်ကမ်းရှိ ရုရှား တပ်စခန်းများကို စုံစမ်းထောက်လှမ်းမှု များဆောင်ရွက်နေကြောင်း ၊ ၎င်းလေယာဉ်များအနက် P-8A ၆ စင်းမှာ အီတလီ နိုင်ငံ စစ်အခြေစိုက် စခန်း မှ စတင် ထွက်ခွာ လာခြင်းဖြစ်ပြီး EP-3E တစ်စင်း မှာ ဂရိ နိုင်ငံ စစ်အခြေစိုက် စခန်း မှ ထွက်ခွာ လာခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

လတ်တလောရက်ပိုင်း တွင် ဆီးရီးယား အရေး တင်းမာမှု အခြေအနေ မှာ ပိုမိုမြင့်တက်လာ ခဲ့ပြီး ဆီးရီးယား နိုင်ငံ မြို့တော် အရှေ့ပိုင်း ဒေသတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့်လည်း ဧပြီလ ၉ ရက်နေ့ က အမေရိကန် နိုင်ငံ စစ်တပ် အနေဖြင့် ရွေးချယ်မှုများစွာရှိပြီး ၂၄ နာရီ မှ ၄၈ နာရီ အတွင်း မည်သို့ တုံ့ပြန်ဆောင်ရွက်သွားမည် ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရမ့် အနေဖြင့် ဧပြီလ ၁၁ ရက်နေ့၌ ဆီးရီးယား နိုင်ငံ အား ဗြိတိန် ၊ ပြင်သစ် တို့နှင့် ပူးပေါင်း၍ စစ်ရေးဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။

ဆီးရီးယား နိုင်ငံ သမ္မတ က ဧပြီ လ ၁၂ ရက်နေ့၌ အမေရိကန် နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အပေါ် ခြိမ်းခြောက်မှု များသည် မိမိ နိုင်ငံအား ပိုမိုမတည်ငြိမ်မှုဖြစ်ပွားစေမည်ဖြစ်ပြီး နိုင်ငံတကာ လုံခြုံရေး ကိုလည်း ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ရုရှား နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ တင်းမားမှု အခြေအနေ ပိုမို မြင့်တက်လာသည် ကို မလိုလားသောကြောင့် သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် ထိန်းချုပ်မှုများ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)