အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်ခံရသောကြောင့် နေတိုး(NATO) စစ်သား ၈ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် ကဘူးလ်၏အသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့သော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ ) Africa & Middle East

ကဘူးလ် ၊ မေလ  ၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ဧပြီလ ၃၀ ရက်က အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ကြောင့် နေတိုး(NATO)စစ်သား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အခြေစိုက် နေတိုး(NATO)တပ်ဖွဲ့က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုမှာ ကန်ဒါဟာပြည်နယ် Dammam ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူ  ၈ ဦး စလုံးမှာ ရိုမေးနီးယားနိုင်ငံသားဖြစ်ပြီး ယခုအခါ ၄င်းတို့အားလေတပ်ဆေးရုံတစ်ခုသို့ ပို့ဆောင်ကုသနေပြီဖြစ် ကြောင်း၊ ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် နေတိုး စစ်သားများအပြင် ကလေးသူငယ်များအပါအ၀င် အာဖဂန် အရပ်သား ပြည်သူများ သေဆုံးဒဏ်ရာရမှုများလည်းရှိကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ 

ဧပြီလ ၃၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုမှာ နေတိုးစစ်ကားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားစဉ် ကလေးသူငယ်များ စုဝေးနေသောကြောင့် အနည်းဆုံး ကလေးသူငယ် ၁၁ ဦး သေဆုံးခဲ့ပြီးအခြားကလေးငယ် ၉ ဦးအပါအ၀င် လူ ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။ 

ဤဖောက်ခွဲမှုမှာ ထိုနေ့တွင် အာဖဂန်၌ဖြစ်ပွားသည့်  တတိယအကြိမ်မြောက် ဆိုးဝါးသော ဖောက်ခွဲမှု တစ်ခုဖြစ် သည်။ အဆိုပါဖောက်ခွဲမှုအပြင် ထိုနေ့မနက်ပိုင်းက အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်တွင် အခြားဖောက်ခွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦးသေဆုံးပြီး လူ ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  အာဖဂန် ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန၏ သတင်းများအရ သိရှိရသည်။ (Xinhua)