23
Tue, Jul
542 New Articles

နိုင်ဂျာနိုင်ငံ ဒုက္ခသည်စခန်းတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရ၊ အရပ်သား ၄ ဦး သေဆုံး

နိုင်ဂျာနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Africa & Middle East

နီယာမေ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း  Diffa ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဘိုကိုဟာရမ် အစွန်းရောက်များ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံရရာ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

Diffa ပြည်နယ် ရှိ ဒုက္ခသည်စခန်းတစ်ခုသည် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းတွင် ဘိုကိုဟာရမ် တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ အမျိုးသမီးနှစ်ဦးသည် ဒုက္ခသည်စခန်းအနီး၌ ခန္ဓာကိုယ်တွင် တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်သူ အမျိုးသမီးနှစ်ဦးမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့သလို ဒုက္ခသည် ၃ ဦး ၊ ဒေသခံ ၁ ဦးလည်း သေဆုံးခဲ့ကြောင်း နိုင်ဂျာနိုင်ငံ လုံခြုံရေးဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ 

အဆိုပါဒုက္ခသည်စခန်းတွင်  အစွန်းရောက်အဖွဲ့များထိန်းချုပ်သည့်နယ်မြေမှ မကြာသေးမီက ထွက်ပြေးလွတ်မြောက်လာသူ အချို့ကို နေရာချထားသည်ဟု လုံခြုံရေးဌာနကဆိုသည်။ 

Diffa ပြည်နယ်သည် နိုင်ဂျာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံ စပ်ကြားတွင် တည်ရှိကြောင်း၊  ယခုနှစ်ပိုင်းများတွင် ဘိုကိုဟာရမ်များက ၄င်းဒေသကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိရာ သေဆုံးဒဏ်ရာရမှု အမြောက်အမြား ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)